
ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်မှာဘယ်လ်ဂျီယံ ဒါရိုက်တာရိုက်ကူးတဲ့ Le Jeune Ahmed" (Young Ahmed) ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ ထိုင်ဝမ် ရုပ်ရှင် မင်းသမီးတွေနဲ့အတူ မြန်မာပြည်ဖွား ထိုင်ဝမ် ဒါရိုက်တာ Midi Zတို့ ရောက်ရှိလာ ပါတယ်။ ကိန်းရုပ်ရှင်ပြပွဲကို မေလ ၁၄ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါ တယ်။ ဒါရိုက်တာ Midi Zဟာ မြန်မာနိုင်ငံ လားရှိုးမြို့မှာ မွေးဖွားခဲ့ပြီး ထိုင်ဝမ်မှာ ရုပ်ရှင် ပညာကို လေ့လာသင်ယူခဲ့ပါတယ်။ သူဟာ “Return to Burma” မြန်မာပြည်သို့ အပြန်၊ “The Road To Mandalay” မန္တလေးသို့ခရီးစဉ် စတဲ့ မြန်မာနဲ့ဆက်နွယ်တဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
No comments:
Post a Comment