
ကိုရီးယားနိုင်ငံ ဆိုးလ် မြို့၌ ပြုလုပ်သည့် 2019 Asia Model Festival တွင် ဝတ်မှုံရွှေ ရည်ကို Asia Special Award ဆု ချီးမြှင့်ခဲ့သည်။ ‘‘မြန်မာနိုင်ငံမှာ ရှိတဲ့ ကစ်ရဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်း စီကို လေးလေးစားစားနဲ့ အရမ်း ကို ကျေးဇူးတင်ပါတယ်လို့ ပြော ချင်ပါတယ်။ ဒီထက်လည်း အ များကြီး ပိုကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်’’ဟု ဝတ်မှုံရွှေ ရည်က ဆုပေးပွဲအခမ်းအနားတွင် ပြောကြားသည်။ အဆိုပါဆုပေးပွဲအခမ်းအ နားကို ဇွန်လ ၉ ရက်က ဆိုးလ်မြို့ အိုလံပစ်ပန်းခြံရှိ အိုလံပစ်ခန်းမ၌ ပြုလုပ်ခဲ့သည်။ ဝတ်မှုံရွှေရည်သည် ကိုရီး ယား၊ မြန်မာချစ်ကြည်ရေးအ ဖြစ် ပူးပေါင်းရိုက်ကူးသည့် ‘တိမ် တွေပေါ်က ပန်း’ ရုပ်ရှင်ရိုက်ကူး ရေးနှင့် ယင်းဆုပေးပွဲတက်ရောက် ရန် ကိုရီးယားနိုင်ငံသို့ ဇွန်လ ၆ ရက်တွင် ရောက်ရှိခဲ့သည်။
‘တိမ်တွေပေါ်က ပန်း’ ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ စင်ရော် မောင်မောင်က ရိုက်ကူးနေပြီး ကိုရီးယားသရုပ်ဆောင် Ryu Sang Wook၊ ဝတ်မှုံရွှေရည်၊ ကျော်ထက်အောင်နှင့် မေသန်းနု တို့ အဓိကပါဝင်သရုပ်ဆောင် မည်ဖြစ်သည်။
ယင်းဇာတ်ကားကို ကိုရီး ယားနိုင်ငံတွင် စတင်ရိုက်ကူးနေ ကာ ဝတ်မှုံရွှေရည်က ချင်းပြည် နယ်မှ နှင်းစက်ဆိုသည့် မိန်းကလေးနေရာက သရုပ်ဆောင်နေ ကြောင်း Big 5 ရုပ်ရှင်ထုတ်လုပ် ရေး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။ 2019 Asia Model Festival ပွဲတွင် အလှမယ် ဟန်တီကိုလည်း Asia Model Star Award ဆုချီး မြှင့်ခဲ့သည်။
No comments:
Post a Comment