Pages
Tuesday, June 11, 2019
ရေဦးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
ရေဦးမြို့နယ်တွင် မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ် ပွားရာ နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့ ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီး မှူး ဦးအေးမြင့်က ပြောသည်။ ရေဦးမြို့နှင့် ငါးမိုင်ခန့်အ ကွာ ဗိုလ်ရုံကျေးရွာအရှေ့ပိုင်းရှိ အသက် (၄၅) နှစ်အရွယ် အမျိုး သမီးတစ်ဦး၏အိမ်တွင် ဇွန်လ ၁၀ ရက် နံနက် ၁ နာရီခွဲခန့်က မီး လောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ရေဦးမြို့နယ်မီးသတ်စခန်းမှ မီး ငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ် ယာဉ်တစ်စီး၊ ကျေးရွာရေစုပ်စက် ခြောက်လုံးဖြင့် ဝိုင်းဝန်းငြှိမ်းသတ် ရာ မိနစ် ၂၀ ခန့်အကြာတွင် ငြှိမ်း သတ်နိုင်ခဲ့သည်။ ‘‘နေအိမ်ပိုင်ရှင် အမျိုးသမီး ကို အမှုဖွင့်စစ်ဆေးနေပါတယ်’’ ဟု ဦးအေးမြင့်က ပြောသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၂ သိန်းခန့်ရှိကြောင်း မီးသတ်ဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ အိမ်ရှင်အမျိုးသမီးကို ရေ ဦးမြို့မရဲစခန်းက မီးပေါ့ဆမှုဖြင့် အမှုဖွင့်စစ်ဆေးနေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment