‘‘အစေ့ထုတ်ပြောင်း စိုက် ခင်းတွေမှာ ငမြှောင်တောင်ပိုးကျ လို့ သီးနှံပျက်စီးမှုမရှိအောင် ကာ ကွယ်တဲ့အနေနဲ့ ဒီနေ့ပဲ ပိုးသတ် ဆေး စဖျန်းနေပါပြီ။ ဇွန်လ ၁၆ ရက်အထိ ပိုးသတ်ဆေးဖျန်းမယ်။ သီးနှံမပျက်စီးနိုင်ဘူးလို့တော့ ယူ ဆရတယ်’’ဟု ဦးအောင်မျိုးဦးက ပြောသည်။
အဆိုပါ အစေ့ထုတ်ပြောင်း စိုက်ခင်းများကို ကွင်းဆင်းလေ့ လာမှု မှတ်တမ်းအရ သီးနှံကာ ကွယ်ရေး ပညာရှင်များက ငမြှောင်တောင်ပိုး FALL ARMY WORM (FAW) အဖြစ် သတ်မှတ်ထား ကြောင်း ၎င်းကပြောသည်။
ငမြှောင်တောင်ပိုး ကျရောက်သည့် အစေ့ထုတ်ပြောင်း ပင်သက်တမ်းသည် ၆၅ ရက်သားဖြစ်ပြီး ပိုးစတင်ပေါက်ပွား ချိန် ကာကွယ်နှိမ်နင်းရန် ဇွန်လ ၁၀ ရက်က စတင်ကာ စုပေါင်း ပိုးသတ်ဆေးဖျန်း လုပ်ငန်းများ ဆောင်ရွက်ပါက သီးနှံပျက်စီးမှု မရှိနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။ ယခင်နှစ်က စစ်ကိုင်းတိုင်း ဒေသကြီးရှိ အစေ့ထုတ်ပြောင်း စိုက်ခင်းအချို့၌ ငမြှောင်တောင် ပိုး (FAW/1) ကျရောက်သဖြင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနက မြို့နယ်အလိုက် စိုက်ပျိုး ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
No comments:
Post a Comment