
နာမည်ကျော်မင်း သားကြီး အာနိုးရှဝါဇီနီဂါနှင့် မာ ရီယာရှရီဗာ၏ သမီးကက်သရင်း ရှဝါဇီနီဂါသည် ဟောလိဝုဒ်ကြယ် ပွင့်ခရစ္စပရတ်နှင့် လက်ထပ်လိုက် ပြီဖြစ်သည်။ ၂၀၁၈ နွေရာသီက စတင် ချစ်ကြိုက်ခဲ့သော ယင်းစုံတွဲ သည် မိသားစုနှင့် မိတ်ဆွေသူငယ် ချင်းများရှေ့မှောက်၌ စနေနေ့က လက်ထပ်ခဲ့သည်။ ယင်းလက်ထပ်ပွဲသို့ မင်း သားကြီးအာနိုးနှင့် မာရီယာရှရီ ဗာတို့အပြင် ခရစ္စပရတ်၏(၆) နှစ်အရွယ်သားဖြစ်သူ ဂျက်တို့ ရောက်ခဲ့သည်။ ယင်းလက်ထပ်ပွဲကို ကြီး ကြီးကျယ်ကျယ်မဟုတ်ဘဲ မြက် ခင်းပြင်ပေါ်၌ အရက်စုံဖျော်ရည် တို့ဖြင့် ဧည့်ခံခြင်း၊ တီးဝိုင်းဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် အကျဉ်းချုံး သာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ခရစ္စ (၃၉) နှစ်သည် ယခင် က ဟောလိဝုဒ်ကြယ်ပွင့်အန်နာ ဖာရစ်နှင့် လက်ထပ်ခဲ့သော်လည်း ၂၀၁၇ ဇူလိုင်လက ကွာရှင်းခဲ့ သည်။ ခရစ္စနှင့် ကက်သရင်းတို့ သည် ဇန်န၀ါရီကစေ့စပ်ခဲ့ကြပြီး လများအကြာတွင် လက်ထပ်ခဲ့ ခြင်းဖြစ်သည်။
No comments:
Post a Comment