‘‘နောက်ဆုံးငါးနှစ်အတွင်း ကျွန်တော်တို့က ကိုယ်ဘာစွမ်း ဆောင်နိုင်လဲဆိုတာသိပြီး ဖျက် ဆီးလို့မရနိုင်လောက်တဲ့ မိသားစု တစ်စုလို ဖြစ်ခဲ့ပါတယ်။ ဒီပွဲကိုအ နိုင်ရမယ်လို့လည်း ကျွန်တော်တို့ သိခဲ့ပါတယ်’’ ဟု ဆန်းတို့စ်က ပြောသည်။
ယခုအခါ ပေါ်တူဂီသည် ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဥရုဂွေး ကို ရှုံးပြီးနောက်ပိုင်း ၁၀ ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ ကာ လွန်ခဲ့သော ငါးနှစ်ကဆန်း တို့စ်ကိုင်တွယ်ပြီးနောက်ပိုင်း ၃၈ ပွဲတွင် နှစ်ပွဲသာရှုံးပွဲကြုံတွေ့ခဲ့ သည်။
‘‘ပေါ်တူဂီက တစ်ဂိုးသာနေ ချိန်မှာ ခံစစ်ကစားပုံကောင်းခဲ့ တယ်။ အလွတ်တည်ကန်ဘော တွေ ကန်ရာမှာ ကျွန်တော်တို့ ဒီ ထက်ပိုပြီး ပါးနပ်ဖို့ လိုပါသေး တယ်။ ကျွန်တော်တို့ ကစားတာ မကောင်းခဲ့ပါဘူး’’ ဟု နယ်သာ လန်နည်းပြ ရော်နယ်ကိုးလ်မန်းက ပြောသည်။
ပင်နယ်တီအဆုံးအဖြတ်ခံ ယူခဲ့ရသော တတိယနေရာလုပွဲ တွင် အင်္ဂလန်က ဆွစ်ဇာလန်ကို ၆-၅ ဂိုးဖြင့် အနိုင်ရရှိသည်။
အချိန်ပိုတွင်လည်း သာမန် ပွဲကစားချိန် ဂိုးမရှိသရေရလဒ်အ တိုင်း မပြောင်းလဲသဖြင့် ပင်နယ် တီကန်သွင်းခဲ့ပြီး အင်္ဂလန်ဂိုးသ မားပစ်ဖို့ဒ်က ကိုယ်တိုင်တစ်လုံး သွင်းကာ တစ်လုံးကာကွယ်ပြီးအ ဆုံးအဖြတ်ပေးခဲ့သည်။
‘‘ပင်နယ်တီကန်ရတာ နည်း နည်းတော့ စိတ်လှုပ်ရှားတာပေါ့။ ဒါပေမဲ့ ပင်နယ်တီဖမ်းရတာကို တော့ စိတ်မလှုပ်ရှားပါဘူး။ ပင် နယ်တီကန်သွင်းဖို့ ကျွန်တော်တို့ အမြဲတမ်းလေ့ကျင့်ခဲ့တာပါ’’ ဟု ပစ်ဖို့ဒ်က ပြောကြားသည်။
No comments:
Post a Comment