Pages
Tuesday, June 11, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ငလျင်လှုပ်
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဇွန်လ ၁၀ ရက် မွန်းလွဲ ၃ နာရီခန့်က ရစ်ခ်ျတာ စကေး ၄ ဒသမ ၂ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် မြေလွှာလှုပ် ခတ်မှု သိသိသာသာ ကြုံတွေ့ခဲ့ သော်လည်း ထိခိုက်ပျက်စီးမှုမရှိ ကြောင်း ဒေသခံများက ပြော ကြားသည်။ ‘‘ရုတ်တရက် လန့်သွား တယ်။ နှစ်ချက်ဆောင့်လှုပ်သွား တာ’’ဟု ဒေသခံ ဦးလွန်းမြိုင်က ပြောသည်။ ငလျင်သည် မိုးညှင်းမြို့၏ အရှေ့မြောက်ဘက် ခြောက်မိုင် ခန့်အကွာတွင် မြေအနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ် ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ငလျင်အင်အားနည်းသော် လည်း မြေအနက် ၁၀ ကီလိုမီတာ တွင် ဗဟိုပြုခြင်းဖြစ်၍ လှုပ်ခတ်မှု သိသာခြင်းဖြစ်သည်။ ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုမရှိခဲ့ ကြောင်း ကချင်ပြည်နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ မိုးညှင်းမြို့နယ်သည် စစ် ကိုင်းပြတ်ရွေ့အပြင် လှုပ်ရှားမှုရှိ သော ငလျင်ပြတ်ရွေ့အချို့နှင့် ဆက်စပ်နေပြီး အင်အားရစ်ခ်ျတာ စကေး ၃ မှ ၅ ကြား ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment