Pages
Tuesday, June 11, 2019
ဦးဝီရသူအမှု မျက်ကွယ်မှာ စစ်ဖို့ တရားရုံး အမိန့်ချ
ဦးဝီရသူကို လတ်တလောဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် မျက်ကွယ်တွင် အမှုဆက်လက်စစ်ဆေးရန် တရားသူကြီးက အမိန့်ချလိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး ၏ ပြောရေးဆိုခွင့်ရှိသူ ဒုခရိုင်တရားသူကြီး (၃) ဦးမင်းသန့်က ပြောကြားသည်။ ထို့ကြောင့် လာမည့် ဇွန်လ ၁၈ရက်တွင် တရားလိုဖြစ်သူကို စတင်စစ်ဆေးသွားမည်ဟု ဦးမင်းသန့်က ယနေ့ (ဇွန်လ၁၁ရက်)တွင် သတင်းထောက်များအားပြောသည်။ အထွေထွေအမှုဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည့် ဦးဝီရသူ၏ ဖမ်းဝရမ်းကို ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့စုမှုး ဒုရဲမှုးတင်ထွန်းက ယနေ့ တရားရုံးသို့ ပြန်အပ်ရာ တရားခံပါလာခြင်း မရှိပေ။ ထို့ကြောင့် ဒုရဲမှုး တင်ထွန်းနှင့် သက်သေနှစ်ဦးကို စစ်ဆေးပြီးနောက် အမှုကို မျက်ကွယ်တွင် စစ်ဆေးသွားရန် တရားသူကြီးက အမိန့်ချလိုက်ခြင်း ဖြစ်သည်။ ဦးဝီရသူကို တရားခံပြေးအဖြစ် ကြေညာရန် အဆင့်မရောက်သေးကြောင်း ဦးမင်းသန့်က ရှင်းပြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment