
ရန်ကုန် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီ ၀တ်ပြုနေရာကို မေလ ၁၄ ရက်နဲ့ ၁၆ ရက် ညတွေက မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ဦးဆောင်တဲ့ လူစုလူဝေးက လာရောက် တားမြစ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မြို့နယ်တရားရုံးမှာ အမှုဖွင့်ခဲ့ရာမှာ မိုက်ကယ်ကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။
မိုက်ကယ်ကျော်မြင့်နဲ့သီဟမျိုးနိုင်တို့ကို ဝရမ်းထုတ်ပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရာ မနေ့က ၀မ်းတွင်းမြို့နယ်ရှိ ယောက္ခမ ဖြစ်သူရဲ့နေအိမ်မှာ မိုက်ကယ်ကျော်မြင့်ကို ဖမ်းမိခဲ့ပြီး ယောက္ခမဖြစ်သူကိုလည်း သက်ဆိုင်ရာကို အကြောင်းမကြားပဲ ဝရမ်းပြေး လက်ခံထားမှုနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
No comments:
Post a Comment