Thursday, June 13, 2019

ရန်ကုန်အစိုးရတောင်းသည့်ဘတ်ဂျက် အမတ်များ ကန့်ကွက်

၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ခုနစ်ထပ်မြင့်သည့် တိုင်း ရဲဌာနချုပ် ဆောက်လုပ်ရန် တိုင်းအစိုးရအဖွဲ့က ကျပ်သန်း ၅,၀၀၀တောင်းခံထားခြင်းကို ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်၌ အမတ်များက ကန့် ကွက်ခဲ့သည်။  ရန်ကုန်တိုင်းလွှတ်တော် ဝင်းအတွင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး ဆောက်လုပ်မည့် ကိစ္စအပါ အဝင် ကိုကိုးကျွန်းမြို့နယ်အ တွက် ကျပ်သန်း ၅,၀၀၀ အသုံးပြု ကာ ရေယာဉ်ဝယ်ယူရန်၊ အင်းစိန်မြို့နယ်တွင် ကျပ်သန်း ၆,၀၀၀ အသုံးပြုပြီး စုပေါင်းတရားရုံးကြီး ဆောက်လုပ်ရန်၊ ကျေးလက်မီး လင်းရေး ကျပ်သန်း ၄,၅၀၀ စသည်ဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာ နှစ်အတွက် သုံးစွဲရန် ဌာနဆိုင်ရာ၊အဖွဲ့အစည်းများက တောင်းခံ ထားခြင်းကို အမတ်များက ကန့် ကွက်ခဲ့သည်။



ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ဇွန်လ ၁၁ ရက်တွင် ၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထား ချက်)ကို ရန်ကုန်တိုင်းလွှတ်တော် သို့ တင်သွင်းထားခြင်းဖြစ်သည်။

ဝန်ကြီးတင်သွင်းသည့် ဘတ်ဂျက်ကို ဇွန်လ ၁၂ ရက်က ဒဂုံမြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျ အပါအဝင် လွှတ်တော်အမတ်များက ဆွေး နွေးကန့်ကွက်ခြင်းဖြစ်သည်။

တိုင်းရဲတပ်ဖွဲ့ရုံးချုပ်ကိစ္စနှင့်စပ်လျဉ်း၍ ‘‘ဆောက်မယ့် အ ဆောက်အအုံ ကြည့်ပြန်တော့ လည်း ဒဂုံမြို့နယ် ရွှေတိဂုံဘုရား နားမှာ တည်ရှိပါတယ်။ ဆောက် မယ့် အဆောက်အအုံက အမြင့် က ခုနစ်ထပ်ပါ။ ပြည်သူတွေကို တော့ ရွှေတိဂုံနဲ့ နီးလို့ဆိုပြီး အ ထပ်တွေ ဘာတွေ သတ်မှတ်ထား တယ်။ အခုရဲဌာနချုပ်က ခုနစ် ထပ်ဆောက်မယ်ဆိုတော့ မသင့် တော်ပါဘူး။ ကန့်ကွက်ပါတယ်။ လွှတ်တော်နယ်မြေထဲမှာ ဒီအ ဆောက်အအုံကြီး မဆောက်သင့် ကြောင်း လုံးဝကန့်ကွက်ပါတယ်’’ ဟု ဦးကျော်ဇေယျက ပြောသည်။

ယမန်နှစ်က တိုင်းအစိုးရ၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် တိုင်းရဲတပ်ဖွဲ့ရုံး အဆောက်အအုံ သစ် ဆောက်လုပ်ရန် ကျပ်သန်း ၂,၀၀၀ တင်ပြတောင်းခံခဲ့သေး ကြောင်းနှင့် ယင်းအဆောက်အအုံ ဆောက်လုပ်ရန် စုစုပေါင်း ကျပ် ၉,၇၄၁ သန်းကျော် ကုန်ကျမည် ဟု သိရကြောင်း ကျောက် တံတားမြို့နယ် တိုင်းလွှတ်တော် အမတ် ဒေါ်ကြည်ပြာက ထောက် ပြသည်။

‘‘ဒီသန်းပေါင်း ၁၀,၀၀၀ နီးပါးကို တခြားဖွံ့ဖြိုးရေးလုပ်ငန်း တွေမှာ သုံးမယ်ဆိုရင် လူနှစ်သိန်း အတွက် လိုအပ်ချက်တွေ ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံး မဖြစ်မနေ ဆောက်ရမယ်ဆို ရင်တောင် ဒီလွှတ်တော်ထဲမှာ ဆောက်တာကို ကန့်ကွက်ပါ တယ်။ တိုင်းဘတ်ဂျက်နဲ့ သုံးတာ ကို ကန့်ကွက်ပါတယ်။ ပြည် ထောင်စုဘတ်ဂျက်နဲ့ တောင်းပြီး တခြားနေရာမှာ ဆောက်ပါလို့ အကြံပြုချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

ကိုကိုးကျွန်းမြို့နယ်အတွက် အသုံးပြုရန် ရေယာဉ်များဝယ်ယူ စရိတ် ကျပ်သန်း ၅,၀၀၀ တင်ပြ တောင်းခံထားခြင်းကိုလည်း လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ ပြီး ပြန်လည်စိစစ်သင့်ကြောင်း ထောက်ပြသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် နှစ် စဉ်ရငွေထက် သုံးငွေပိုများနေ သည်ကို တွေ့ရကြောင်း၊ လာ မည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးကော်မတီက ကျပ်သန်း ၈၇,၀၀၀ ကျော် သုံးစွဲရန် တင်ပြထားကြောင်း လွှတ် တော်အမတ်များက ပြောသည်။

ထို့အပြင် စည်ပင်သာယာ ရေးဌာနက ရုံးသုံးယာဉ် အစီး ၈၀ ဝယ်ယူရန် တင်ပြထားသည့်ကိစ္စ ကို လွှတ်တော်ကိုယ်စားလှယ်များ က ကန့်ကွက်ထားပြီး ပြည်သူ့ငွေ စာရင်းကော်မတီကလည်း ပြန် လည်စိစစ်သင့်ကြောင်း သဘော ထားပေးသည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ငွေလုံး ငွေရင်းတွင် ကျေးလက်မီးလင်း ရေး ကျပ်သန်း ၄,၅၀၀ သုံးစွဲမည့် ကိစ္စကိုလည်း ပြန်လည်စိစစ်သင့် ကြောင်း လွှတ်တော်အမတ်များ က ဆိုသည်။

 ‘‘ကျေးလက်မီးလင်းတာ ကျွန်တော်လည်း လင်းစေချင်တာ ပေါ့။ ရန်ကုန်မြို့တွင်းမှာကော မီး တွေမှန်နေပြီလား။ မြို့တွင်းမှာ မီးမမှန်ဘဲနဲ့ ကျေးလက်ကို မီးပေး မယ့် စီမံကိန်းကတော့ ကျွန်တော် ကန့်ကွက်ပါတယ်’’ဟု ဦးကျော် ဇေယျက ပြောသည်။

No comments:

Post a Comment