Thursday, June 13, 2019

ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တောင်ကိုရီးယားနှင့် ယူကရိန်း ဗိုလ်လုမည်

ပိုလန်နိုင်ငံတွင် ကျင်းပနေသော ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တောင်ကိုရီးယားက အီကွေဒေါကို ၁-၀ ဂိုးဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ရောက်အသင်းနှစ်သင်းတွေ့ဆုံမှုတွင် တောင်ကိုရီးယားက ယူကရိန်း နှင့် ဗိုလ်လုမည်ဖြစ်သည်။ အီ ကွေဒေါနှင့် အီတလီက တတိယနေရာ ယှဉ်ပြိုင်မည်ဖြစ်သည်။



တောင်ကိုရီးယားအတွက် အနိုင်ဂိုးကိုချွိုင်ဂျန်းက ၃၉ မိနစ်တွင် ပင်နယ်တီဧရိယာထဲမှ သွင်းယူခဲ့ သည်။ ယင်းပွဲတွင် တောင်ကိုရီးယားက ထပ်မံသွင်းယူသောဂိုး တစ်ဂိုး လူကျွံဘောဖြင့် ပယ်ဖျက်ခံခဲ့ရသလို အီကွေဒေါက နာကျင်အချိန်ပိုတွင် သွင်းယူသောဂိုးလည်း လူကျွံဘောဖြင့်ပယ်ဖျက်ခံရသည်။

ယူကရိန်းက စောစောပိုင်းတွင် သွင်းယူသော ဆာဟီးဆူ လက်ဆာ၏ဂိုးဖြင့် အီတလီကို အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲကို စနေနေ့တွင်ကစား မည်ဖြစ်သည်။

ထိုအတောအတွင်း အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိက်ဆယ်မန်အယ်လ်ခါလီဖာက တောင်ကိုရီး ယားယူ-၂၀ အသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက် ရောက်ခြင်းကို ချီးကျူးပြောကြားပြီး ယင်းမှာ အာရှ ဘောလုံးအဆင့်အတန်း မြင့်မားလာမှုကို ရောင်ပြန်ဟပ်နေသည်ဟု ပြောကြားသည်။

တောင်ကိုရီးယားသည် အုပ် စုအဆင့်တွင် ခြောက်ကြိမ်ချန်ပီယံ အာဂျင်တီးနားကို အနိုင်ရရှိပြီး ဂျပန်၊ ဆီနီဂေါ၊ အီကွေဒေါတို့ကိုလည်း ကျော်ဖြတ်ခဲ့သည်။

တောင်ကိုရီးယားနည်းပြ ချွန်ဂျန်ယောင်က တောင်ကိုရီးယား လူငယ်ဘောလုံးသည် လမ်းကြောင်း မှန်ပေါ်တွင် ရှိနေသည်ဟု ပြောကြားသည်။ မိမိအနေဖြင့် လူငယ်အသင်းများကို နည်းပြလုပ်နေသည် မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ယခုအခါ စနစ်တစ်ခုပုံပေါ်လာသည်ဟု ခံစားရကြောင်း ချွန်ကဆက်လက်ပြောကြားသည်။

No comments:

Post a Comment