ယင်းဇာတ်ကားတွင် တံတားပေါ်မှ ရေထဲသို့ ခုန်ချရမည့် ဇာတ်ဝင်ခန်းအတွက် လူစားထိုးရန် ဒါရိုက်တာက ပြောကြားသော် လည်း လူစားမထိုးဘဲ ၎င်းကိုယ် တိုင် သရုပ်ဆောင်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
‘‘ခုန်ချခါနီး တစ်ခုတော့ စိုးရိမ်စိတ် ဖြစ်တယ်။ ရှေ့ရက်ကအဲဒီနေရာကပဲ နိုင်ငံခြားသားခရီး သွားတွေ ခုန်ချတာ ခေါင်းရှစ်ချက် ချုပ်လိုက်ရတယ်။ အောက်မှာ ကျောက်ဆောင်တွေရှိတော့။ နည်းနည်းတော့ လန့်တယ်။ ဒါပေမဲ့လည်း ပီပြင်ဖို့ အရေးကြီးတယ်။ လူစားထိုးလို့ ကိုယ့်ရုပ်အ နီးကနေ အဝေးကြီး ရိုက်လိုက်ရင်လည်း အဆင်မပြေဘူးဆိုတော့ ရီဟာဇယ်တောင် မလုပ်ဖြစ်ဘဲ ရိုက်ဖြစ်တာ’’ ဟု အိချောပို က ပြောသည်။
ထို့အပြင် ယင်းဇာတ်ဝင်ခန်း ကို ဒရုန်းဖြင့် ရိုက်ကူးခြင်းဖြစ် သောကြောင့် အန္တရာယ်များသော် လည်း ၎င်း၏လုံခြုံရေးအတွက် အနီးတွင်လူစောင့်ပေး၍ မရ ကြောင်းနှင့် ၎င်းကိုယ်တိုင်လည်း ရေကူးတတ်သောကြောင့် အဆင် ပြေပြေ ရိုက်ကူးနိုင်ခဲ့ကြောင်း ဆို သည်။
ယင်းဇာတ်ကားတွင် ညလုံးပေါက် ရိုက်ကူးရသည့် ဇာတ်ဝင် ခန်းများရှိပြီး ပင်ပင်ပန်းပန်း ရိုက်ကူးခဲ့ရသည်ဟု အိချောပိုက ဆို သည်။
ဒဏ္ဍာရီ ပင်လယ် ရုပ်ရှင်ကို ဒါရိုက်တာ ကျော်သူက ရိုက်ကူး ခြင်းဖြစ်ပြီး အလင်းရောင်၊ ထွန်းကိုကို၊ အိချောပိုနှင့် မေသန်းနုတို့ အဓိက ပါဝင်သရုပ်ဆောင် ထားသည်။ လက်ရှိ ရုံတင်ပြသနေသည့် လေဒီဘွိုင်း ရုပ်ရှင်တွင်ရေကူးဝတ်စုံနှင့် ရိုက်ကူးဖြစ်သည့် အကြောင်းကိုလည်း အိချောပိုက ‘‘ရေကူးဝတ်စုံက ဝတ်ရိုက်လေ့ တော့ မရှိဘူး။ ဒီကားမှာက နိုင်ငံခြားမှာနေတဲ့ မော်ဒယ်တစ်ယောက်ဆိုတော့ ဒီလောက်တော့ ဝတ်မှာပဲ။ ကိုပေါက်ကလည်း မေတ္တာရပ်ခံထားတယ်။ မဝံ့မရဲဖြစ်တာ တော့ မရှိပါဘူး’’ ဟု ပြောသည်။
No comments:
Post a Comment