ယခုနှစ်တွင် မြန်မာနိုင်ငံသာ မက တစ်ကမ္ဘာလုံးမှ ရွက်ပုန်းသီး ဂီတဝါသနာရှင် မြန်မာလူငယ် များ၏ အိပ်မက်များကို ပုံဖော်နိုင် ရန် Myanmar Idol Season-4 ကို ယခင်နှစ်များနှင့်မတူ တစ်မူ ထူးခြားသော အစီအစဉ်သစ်များ ဖြင့် ကျင်းပမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် ဒိုင်အ သစ်အဖြစ် ပါဝင်ဆောင်ရွက်မည့် အောင်ကိုလတ်က ‘‘Myanmar Idol ရဲ့ လေးကြိမ်မြောက်မှာ အ ကောင်းဆုံးဆိုနိုင်မယ့်သူကို ကျွန် တော်တို့မျှော်လင့်တယ်။ ဒီဘက် မှာလည်း တကယ့်ကို ဆုံးဖြတ်ပေး မယ့် ညီမတွေရှိနေတယ်။ ကျွန် တော်ကလည်း သူတို့နဲ့ပူးပေါင်း ပြီး အတတ်နိုင်ဆုံး၊ အကောင်းဆုံး မြန်မာပြည်ရဲ့ Idol ဖြစ်တဲ့သူက ကျွန်တော်တို့ရဲ့ Idol ပဲ။ ကျွန်တော်တို့ Idol ဟာ ကမ္ဘာကလည်း ကြည့်နေတဲ့အတွက် ကမ္ဘာ့ Idol လည်း ဖြစ်နိုင်တယ်။ အတတ်နိုင်ဆုံး၊ အကောင်းဆုံး စိစစ်ပြီး Top Ten ကို ရွေးထုတ်ပေးဖို့ တာဝန်ယူပါ တယ်’’ ဟု ပြောသည်။
Myanmar Idol Season−4 အသံစစ်ဆေးမှုများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူနှင့် ဘားအံမြို့တို့၌ ဇွန်လ ၁၅ ရက်ကစတင်မည်ဖြစ်ပြီး လျှောက်လွှာ များကို မိမိတို့ယှဉ်ပြိုင်ရာ မြို့များတွင် အခမဲ့ထုတ်ယူနိုင်သည်။
ဇွန်လ ၁၃ ရက်က စတင်၍ ကလော၊ ပင်းတယ၊ မိတ္ထီလာ၊ ရွှေဘို၊ မုံရွာ၊ ပျဉ်းမနား၊ ပြည်၊ မော်လမြိုင်၊ ပုသိမ် စသည့်မြို့များသို့ Mobile Casting ဖြင့် သွား ရောက်၍ အသံစစ်ဆေးမည်ဖြစ် သည်။ ယခုအစီအစဉ်တွင် ဒိုင်အ ဖြစ် ဆောင်ရွက်မည့် ဖြူဖြူကျော် သိန်းက ‘‘ဖြူဖြူတတ်မြောက်ထား တဲ့ အသိဉာဏ်လေးတွေနဲ့ ကိုယ့်ရဲ့ဂီတသက်တမ်း လုပ်ငန်းအ တွေ့အကြုံလေးတွေကို ပေါင်းပြီး တော့ အကောင်းဆုံး ဒိုင်တစ် ယောက်အဖြစ် ဖြူဖြူတို့ဒိုင်တွေ လုပ်ပိုင်ခွင့်ရှိတဲ့ အနေအထား အထိ သေသေချာချာလေး ကြပ်ကြပ်မတ်မတ်ပူးပေါင်းပြီး ရွေးချယ်ပေးမယ်လို့ ဆုံးဖြတ်ထား ပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ ရွက်ပုန်းသီးဂီတဝါသနာ ပါတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း Myanmar Idol Season−4 မှာ လာရောက်ယှဉ်ပြိုင်ကြပါလို့ ပြောချင်ပါတယ်’’ ဟု ပြောသည်။
Myanmar Idol Season-4 တွင် နှစ်စဉ် ဒိုင်အဖြစ် ဆောင်ရွက်နေသည့် မြန်မာပြည်သိန်းတန် မပါတော့သဖြင့် လူမှုကွန်ရက် တွင် ဝေဖန်မှုများရှိခဲ့သည်။ Myanmar Idol Season 4 တွင် Winner ရရှိသူသည် ကျပ် သိန်းငါးရာနှင့် အယ်လ်ဘမ်တစ် ချပ်ထုတ်ခွင့်ရရှိမည်ဖြစ်သည်။ Myanmar Idol သီချင်းဆို ပြိုင်ပွဲမှ Season -1 တွင် Winner အဖြစ် စောလားထော်ဝါး၊ Sea-son-2 တွင် သားငယ်နှင့် Season -3 တွင် ဖြိုးမြတ်အောင်တို့က ရရှိထားသည်။
No comments:
Post a Comment