အဆိုပါ ဆုတောင်းပွဲ ဦးဆောင်သူ ဆရာတော် ဦးသော ဘိတ အပါအဝင် သံဃာနှစ်ပါး နှင့် လူပုဂ္ဂိုလ်သုံးဦး စုစုပေါင်း ငါး ဦးကို မရမ်းကုန်းမြို့နယ်ရဲစခန်း တွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှု ဖွင့်ထားသည်။
ထို့အပြင် ဇွန်လ ၁၀ ရက်က လည်း ဦးဝီရသူအရေးနှင့် ပတ် သက်ပြီး သံဃာတော် ၁၀၀ ခန့် နှင့် လူပုဂ္ဂိုလ် ၄၀၀ ကျော် စုစု ပေါင်း ၅၀၀ ကျော်သည် ဗဟန်း မြို့နယ် ရေခဲဆိုင်မှတ်တိုင်မှ မြို့ တော်ခန်းမရှေ့ထိ ချီတက်ဆု တောင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆုတောင်းပွဲ ဦးဆောင်သူ ဆရာတော် ဦးတေဇ ဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတနှင့် ဦးဝီရတေဇောအပြင် လူပုဂ္ဂိုလ် များဖြစ်သော သက်မျိုးဦးနှင့် တင်ထွဋ်ဇော် အပါအဝင် ငါးဦး စုစုပေါင်း ကိုးဦးကို ပုဒ်မ ၁၉ ဖြင့် ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ယမန်နေ့ကလည်း ဦးဝီရသူ အတွက် ဆုတောင်းပွဲကို သံဃာအချို့နှင့် လူပုဂ္ဂိုလ် စုစုပေါင်း၁၀၀ ကျော်က ရွှေတိဂုံစေတီတော်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆုတောင်းပွဲသည် ချီတက်လမ်း လျှောက်သူများ မပါဝင်သော ကြောင့် အရေးယူမှုမရှိကြောင်း ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ဦးဝီရသူကို ခေါင်းစဉ်တပ် တာထက် ဗုဒ္ဓဘာသာတစ်ရပ်လုံး ကို အဓိကထားတယ်။ ဗုဒ္ဓဘာ သာတစ်ရပ်လုံးကို ဖိနှိပ်ခံရတယ် လို့ ခံစားရလို့ လုပ်တာ။ ဟောဒီ ဒီမိုကရေစီခေတ်မှာ အစိုးရကို ရဲရဲဝံ့ဝံ့ထောက်ပြရဲတာ ဘယ်နိုင်ငံရေးသမားမှ မရှိဘူး’’ဟု ရန်ကုန် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ဦးတေဇဝန္တက မိန့်သည်။
ဦးဝီရသူအရေးနှင့် ပတ် သက်ပြီး အမျိုးသားရေးလှုပ်ရှား သူဟုဆိုသော သံဃာတော်အချို့ နှင့် လူပုဂ္ဂိုလ်အချို့က မေလ၃၀ ရက်ကစ၍ နှစ်ပတ်အတွင်း ရန်ကုန်မြို့၌ ဆုတောင်းပွဲ ခြောက်ကြိမ်ပြုလုပ်ထားသည်။
ဦးဝီရသူကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးသဖြင့် မျက်ကွယ်တွင် အမှုဆက်လက် စစ်ဆေးရန် အနောက်ပိုင်းခရိုင် တရားရုံးက ဇွန်လ ၁၁ ရက်တွင် အမိန့်ချထားသည်။ ထို့ကြောင့် ဇွန်လ ၁၈ ရက် တွင် တရားလိုကို စတင်စစ်ဆေး မည်ဖြစ်သည်။ နိုင်ငံတော်အ ကြည်ညိုပျက်စမှု ပုဒ်မ ၁၂၄-(က) ဖြင့် တိုင်တန်းခံထားရသည့် ဦးဝီရသူကို ရာဇဝတ်အထွေထွေ အမှုဖြင့် ဇွန်လ ၄ ရက်တွင် ပြောင်းလဲအမှုဖွင့်ထားသည်။
No comments:
Post a Comment