၂၀၁၇ မေလ နှင့် ဇွန်လ တွင် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါ၊ ဆွီဒင်တို့သို့သွားရောက် ခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်သည် အာဆီယံနှင့်ဒေသ တွင်းနိုင်ငံများသို့ သွားရောက်ခဲ့ သော်လည်း အနောက်သို့ ခြေဦး မလှည့်တော့ပေ။
၂၀၁၉ တွင် ပြည်ပခရီးစဉ် များထက် ပြည်တွင်း၌သာ လှည့် လည်သွားလာမှုများပြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်ကစတင်ကာ တစ် ပတ်ကျော်ကြာ ဥရောပသမဂ္ဂ(အီး ယူ)အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ချက်နှင့် ဟန်ဂေရီနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။
ဥရောပသဂ္ဂနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် အရေးကြီး သောအချက်သည် ကုန်သွယ်မှု အထူးအခွင့်အရေး(EBA) ဆက် ပေးခြင်း၊ မပေးခြင်းဖြစ်၏။မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများရှိသည်ဟူသော စွပ် စွဲချက်များနှင့်အတူ အီးယူသည် မြန်မာနိုင်ငံကိုပေးအပ်ထားသော ကုန်သွယ်မှုအထူးအခွင့်အရေး (EBA)ကို ဆက်ပေးရေး၊ မပေး ရေး စောင့်ကြည့်နေဆဲအခြေ အနေဖြစ်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတွေကို လူတွေက နားထောင်ရတယ်။ အဲဒီ (ကုန် သွယ်မှုအထူးအခွင့်အရေး)အ တွက် အထောက်အကူတော့ဖြစ် မှာပါ’’ ဟု နိုင်ငံရေးနှင့် စီးပွားရေး ဆောင်းပါးရှင် ဦးဇေယျသူက သုံးသပ်သည်။
အီးယူနှင့် မြန်မာအကြား ဆက်ဆံရေးနှင့်ပတ်သက်၍ ချက် ခရီးစဉ်တွင် ထူးခြားမှုမတွေ့ရ သော်လည်း ဟန်ဂေရီဝန်ကြီးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ၀န်ကြီးချုပ်အော် ဘန်က မြန်မာနှင့်အီးယူအကြား ကုန်သွယ်မှုပူးပေါင်းဆောင်ရွက် ရေးကိုကူညီမည်ဟု ကတိပြုခဲ့ သည်။
ထို့အပြင် ဟန်ဂေရီဝန်ကြီး ချုပ်အော်ဘန်က အနောက်နိုင်ငံ များက ဒီမိုကရေစီတင်ပို့မှုကို ပူး ပေါင်းမည်မဟုတ်ဘဲ ပြည်တွင်း ရေးနှင့် စီးပွားရေးကဲ့သို့ဆက်စပ် မှုမရှိသည့် အကြောင်းအရာများ ကိုရောထွေးရန် ကြိုးစားသည့် အခြားသော အနောက်နိုင်ငံများ၊ ဘရပ်ဆဲလ်(အီးယူ)၏ ချဉ်းကပ်မှု ပုံစံကိုလက်ခံမည် မဟုတ် ကြောင်းလည်း သတင်းစကားပါး ခဲ့သည်။
သို့သော် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဟန်ဂေရီဝန် ကြီးချုပ်တွေ့ဆုံမှုတွင် ဒေသနှစ်ခု စလုံး၌ မွတ်စလင်လူဦးရေဆက် တိုက်တိုးပွားလာမှုနှင့်အတူ ငြိမ်း ချမ်းစွာယှဉ်တွဲနေထိုင်ခြင်း အ ရေးပါလာမှုကို ထည့်သွင်းဆွေး နွေးခြင်းအပေါ် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ဂေရီခရီးစဉ်အတွင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က အော်ဘန် အစိုးရကိုခွင့်ပြုခဲ့တဲ့ မွတ်စလင် ဆန့်ကျင်ရေး အလှည့်အပြောင်း က မြန်မာအစိုးရဟာ ခွဲခြားဆက် ဆံမှုတိုက်ဖျက်ရေး၊ လူ့အခွင့် အရေးများကို ကာကွယ်ရေးကြိုး ပမ်းနေတယ်လို့ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက အီးယူ ကို အလေးထားတင်ပြခဲ့တဲ့ကိစ္စ အားလုံးကို ယုံကြည်မှုလျော့စေ တယ်’’ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိစေရေးအထောက် အကူပြုဌာန(MCRB) ဒါရိုက်တာ ဗစ်ကီဘိုးမန်းက မှတ်ချက်ပြုသည်။
သို့ရာတွင် ဟန်ဂေရီသည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မဖြစ် မီကတည်းက အားပေးထောက် ခံခဲ့ပြီး လက်ရှိတွင်လည်း မြန်မာ အစိုးရနှင့်အတူ ရပ်တည်နေသည် ကိုတွေ့ရကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ ဟန်ဂေရီနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ချုပ်ဒေါ်တင့်တင့်လွင်က ပြော သည်။
‘‘လက်ရှိအစိုးရလက်ထက် မှာလည်း တောက်လျှောက်မြန် မာပြည်ရဲ့အခက်အခဲတွေအပေါ် မှာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေအပေါ်မှာလည်း ဟန် ဂေရီနိုင်ငံဟာ ဘယ်တုန်းကမှ တစ်ချက်ကလေးတောင်သွေဖည် မသွားဘဲနဲ့ မြန်မာပြည်အပေါ်မှာ သူတို့ဟာအကောင်းဆုံးနားလည် ပေးနိုင်ပါတယ်’’ ဟု ၎င်းက ဆက် ပြောသည်။
ခရီးစဉ်နှင့်ပတ်သက်၍ အ ကောင်းမြင်သူများထဲတွင် ပြည် သူ့လွှတ်တော် နိုင်ငံတကာဆက် ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦးလည်း အပါအ၀င်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ချက်၊ ဟန်ဂေရီခရီးစဉ်သည် အီးယူ၏ အရေးယူပိတ်ဆို့မှုကို ကျော်လွှားရန် အခွင့်အလမ်းဖြစ် လာနိုင်ပြီး အီးယူနှင့်မြန်မာဆက် ဆံရေး ရှေ့လျှောက်တွင် ပို ကောင်းလာမည်ဟု ဒီချုပ်အမတ် ဦးဘိုဘိုဦးက ရှုမြင်သည်။
‘‘နှစ်နိုင်ငံခရီးစဉ်က အေးခဲ နေတဲ့ ရေခဲတုံးကိုရိုက်ခွဲလိုက် သလိုပါပဲ’’ဟု ၎င်းကဆိုပါသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံစ လုံးတွင် စီးပွားရေးဖိုရမ်များပြု လုပ်ခဲ့ပြီး ယင်းသို့ဆောင်ရွက်ခဲ့ ခြင်းက စီးပွားရေးအဆက်အ သွယ် အထူးသဖြင့် အီးယူက မြန် မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုအချို့ချမှတ်လိုသော်လည်း စီး ပွားရေးအရ လုပ်ဆောင်ပါက မည်သို့ အခြေအနေသက်ရောက် မည်ဟု စဉ်းစားနိုင်စေမည်ဖြစ် ကြောင်း ချက်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်ကေသီစိုးက မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် လိုက်ပါသွား သည့် စီးပွားရေးလုပ်ငန်းရှင်အချို့ က ယင်းခရီးစဉ်သည် နိုင်ငံအ တွက်အကျိုးဖြစ်ထွန်းပြီး ဥရောပ မှ ရင်းနှီးမြှုပ်နှံမှုပိုမိုဝင်ရောက် လာမည်ဟု မျှော်လင့်ထားသည်။ နှစ်နိုင်ငံစလုံး၌ ကျင်းပခဲ့သော စီး ပွားရေးဖိုရမ်များတွင် ဒေါ်အောင် ဆန်းစုကြည်က အဖွင့်အမှာ စကားပြောပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန် ကြီး ဦးသောင်းထွန်းက မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအ ခွင့်အလမ်းများကို ရှင်းလင်း သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နှစ် နိုင်ငံသို့သွားရောက်၍ မြန်မာနိုင် ငံသို့ ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ခြင်း သည် အခြားသောအီးယူနိုင်ငံများ ကိုလည်း သတင်းစကားပါးရာ ရောက်ကြောင်း သုံးသပ်သူများ လည်းရှိသည်။
‘‘အခုခရီးစဉ်မှာလည်း အီး ယူနိုင်ငံနှစ်နိုင်ငံလို့ ပြောပေမယ့် လည်း အီးယူနိုင်ငံတွေက မြန်မာ နိုင်ငံနဲ့ ဒီနိုင်ငံတွေရဲ့ဆက်ဆံရေး ကို စောင့်ကြည့်နေတဲ့အခြေအနေ မျိုးတွေလည်းရှိပါတယ်’’ ဟု Tint Tint Myanmar ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌဒေါ်တင့်တင့်လွင်က ပြော သည်။
စီးပွားရေးဖိုရမ်များတွင် မြန် မာစီးပွားရေးလုပ်ငန်းရှင်များသာ မက သက်ဆိုင်ရာနိုင်ငံများက စီးပွားရေးလုပ်ငန်းရှင်များ၊အသင်း အဖွဲ့များလည်း တက်ရောက်ခဲ့၍ အစိုးရချင်း(G to G)၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်(G to B) သာမက စီးပွားရေးလုပ်ငန်းရှင် ချင်း (B to B) တွေ့ဆုံ၍ သဘော တူညီချက်အချို့ ရယူနိုင်ခြင်းများ လုပ်ဆောင်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တစ်ကျော့ပြန် ရခိုင်ပြည် နယ်ပဋိပက္ခများဖြစ်ပွားအပြီးတွင် အနောက်နိုင်ငံများမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းများ ၀င် ရောက်ရန် စိတ်ဝင်စားမှုနည်းပါး ခဲ့ပြီး အသေးစားလုပ်ငန်းများသာ ၀င်ရောက်လာမှုရှိခဲ့သည်။ ယင်း သို့နည်းပါးမှုသည် ရခိုင်အရေး ကိစ္စတစ်ခုတည်းကြောင့် မဟုတ် ဘဲ လျှပ်စစ်မီး၊ ဆုံးဖြတ်ချက်ကြန့် ကြာခြင်းစသည့် စီးပွားရေးဝင် ရောက်လုပ်ကိုင်ရန် အခက်အခဲ အချို့ကြောင့်လည်း ဖြစ်နိုင် ကြောင်း လေ့လာစောင့်ကြည့်သူ ဦးဇေယျသူက သုံးသပ်သည်။
သို့သော် မြန်မာနိုင်ငံသည် အီးယူ၏ ကုန်သွယ်မှုအထူးအခွင့် အရေး(EBA)ဆက်ပေးနေရန်နှင့် အနောက်နိုင်ငံများမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းကြီးများ ၀င် ရောက်ရင်းနှီးမြှုပ်နှံမှု လိုအပ်နေ သည်။ အနောက်နိုင်ငံများ၏ စီး ပွားရေးရင်းနှီးမြှုပ်နှံမှု အဘယ်ကြောင့်လိုအပ်သနည်း။
အနောက်နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုအများစုသည် မျှတခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ မြန်မာနိုင် ငံအတွက် ရင်းနှီးမြှုပ်နှံမှုမျှဝေပေး ခြင်း၊ ရေရှည်အကျိုးဖြစ်ထွန်းခြင်း စသည့်ကောင်းမွန်သည့် အချက် များကြောင့်ဖြစ်သည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့က မှတ် ချက်ပြုသည်။
နိုင်ငံ့ခေါင်းဆောင်တစ်ဦးအ ခြားနိုင်ငံများသို့သွားရောက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း သည်လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်က ထိုသို့ခရီး သွားလိုက်၍ အနောက်နိုင်ငံများ တွင် သတင်းများဖြစ်ပေါ်စေ ကြောင်း ဦးဇေယျသူကသုံးသပ် သည်။
‘‘ခရီးကတော့ များများထွက် သင့်တယ်။ အထူးသဖြင့် ကိုယ့်အ မြင်မကြည်တဲ့ဒေသတွေကို ပို တောင်ထွက်သင့်သေးတယ်’’ဟု ၎င်းက ဆိုသည်။
ဥရောပနှစ်နိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ချက် သမ္မတနိုင်ငံသို့ တရားဝင်ချစ် ကြည်ရေးခရီးစဉ် သွားရောက် ခြင်းဖြစ်ပြီး ဟန်ဂေရီသို့ အလုပ် သဘောခရီးစဉ်သွားရောက်သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ် ပြန်ချက်၌ဖော်ပြသည်။
ချက်သမ္မတနိုင်ငံသို့ သွား ရောက်ရာတွင် ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ရန် လုပ်ငန်း စဉ်လည်းပါဝင်သည်။ လွတ်လပ် ရေးရရှိပြီး ဆယ်စုနှစ်တစ်ခုမပြည့် မီတွင် မြန်မာနှင့်ချက်တို့ သံတမန် အဆက်အသွယ် ရှိသော်လည်း ၁၉၉၀ ကျော်ကာလ အစောပိုင်း တွင် သံတမန်အဆက်အသွယ် ပြတ်တောက်ခဲ့ရသည်။
သို့သော် ယခင်အစိုးရလက် ထက် ၂၀၁၄ တွင် ချက်က မြန်မာ နိုင်ငံတွင် သံရုံးပြန်လည်ဖွင့်လှစ်ခဲ့ ပြီး လက်ရှိအစိုးရလက်ထက်တွင် ချက်၌ မြန်မာသံရုံးပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ချက်နှင့်သံတမန် အဆက်အသွယ်ထူထောင်လိုက် ခြင်းက မြန်မာ-ချက် နှစ်နိုင်ငံချင်း သာမက မြန်မာနှင့်အီးယူဆက် ဆံရေးကို များစွာအထောက်အကူ ပြုနိုင်ကြောင်း သံအမတ်ကြီး ဒေါ် ကေသီစိုးက ရှုမြင်သည်။
‘‘မြန်မာနဲ့ချက် နိုင်ငံရေးအရ မိတ်ဖက်ဖြစ်မှုဟာ ပိုပြီးခိုင်မာ စေတယ်။ ကိုယ့်သံရုံးပြန်ဖွင့်လိုက် တယ်။ နောက်ပြီး ချက်က အီးယူ အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ အီးယူနိုင် ငံတွေထဲမှာ ကိုယ်နဲ့မိတ်ဆွေဖြစ် တဲ့နိုင်ငံကို အခြေပြုပြီးတော့ အီး ယူနဲ့ Relation ကို ဆက်ပြီးမြှင့် တင်ဖို့လည်းဖြစ်တာပေါ့’’ ဟု ၎င်း က သုံးသပ်သည်။
ထို့အပြင် ချက်ခရီးစဉ်အ တွင်း ဒေါ်အောင်ဆန်းစုကြည် အတွက် ထူးခြားဖြစ်စဉ်တစ်ခုရှိခဲ့ ၏။ ချက်နိုင်ငံ၏ အထင်ကရချားစ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစု ကြည်ကို တက္ကသိုလ်၏ သမိုင်း ၀င်ဆုတံဆိပ်(Historical Medal of Charles University)ကို ပေး အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
၎င်းကို ပေးအပ်ချီးမြှင့်သော ဆုတံဆိပ်များအပေါ် ဒေါ်အောင် ဆန်းစုကြည်က သင်္ခါရသဘော တရားဖြင့် ရှုမြင်ထားသော်လည်း ရခိုင်အရေးဖြစ်ပြီးနောက် ၎င်းကို ပေးအပ်ချီးမြှင့်ထားသော ဆုတံ ဆိပ်များကို အနောက်နိုင်ငံများက ပြန်လည် ရုပ်သိမ်းနေချိန်တွင် ချားစ်တက္ကသိုလ်က ဂုဏ်ပြုချီး မြှင့်ခြင်းဖြစ်သည်။ ထို့အတွက် ဥရောပအလယ်ပိုင်းတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ချားစ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာပိုင်းတွင် အလေးအနက်ပြုချီးမြှင့်ခြင်း ဖြစ်သည်ကိုမြင်သာစေကြောင်း လေ့လာစောင့်ကြည့်သူများက ရှုမြင်သည်။ အထက်ပါဥရောပနှစ်နိုင်ငံ ခရီးစဉ်ကအစပြု၍ လက်ရှိအစိုးရ သက်တမ်းမကုန်ဆုံးမီ ဒေါ်အောင် ဆန်းစုကြည်က အနောက်နိုင်ငံ များသို့ သွားရောက်မည်လားဆို သည်ကို စောင့်ကြည့်ရဦးဖြစ် သည်။
No comments:
Post a Comment