ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာတော့ အစိုးရရုံးချုပ် အနီးပတ်ဝန်းကျင်မှာ ရှိ လူအုပ်စုကြီးကလည်း သိသိသာသာ လူစုကွဲသွားခဲ့ပြီဖြစ်ပါတယ်။ ယမန်နေ့ကတော့ ယင်း ဧရိယာမှာ ရဲတွေနဲ့ ဆန္ဒပြသမားတွေအကြား အပြန်အလှန် ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်မှုတွေဖြစ်ထားခဲ့ပါတယ်။
ပါလီမန်နဲ့ မြို့တွင်း လမ်းတွေမှာ ပိတ်ဆို့ထားဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသမားတွေကို ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ သုံးပြီး လူစုခွဲတာတွေ ရှိခဲ့ပါတယ်။
တရုတ်ဆီ ရာဇဝတ်သား လွှဲပြောင်းတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဟောင်ကောင်က တစ်ကျော့ပြန် သပိတ်တိုက်ပွဲ
တရုတ်ပြည်မကြီးဆီ ရာဇဝတ်သားလွှဲပြောင်းမှုကို ခွင့်ပြုမယ့် အစိုးရရဲ့ အစီအစဉ်တွေအပေါ် ဟောင်ကောင်ဆန္ဒပြသမားတွေက စိတ်ဆိုးဒေါသထွက်နေလျက် ရှိတာဖြစ်ပါတယ်။
တရုတ်သို့ တရားခံလွှဲပြောင်းပေးမည့် ဟောင်ကောင်အစိုးရ၏ အစီအစဉ်ကို လူထောင်နှင့်ချီ ချီတက်ဆန္ဒပြ
ခုလို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိနေသော်ငြားလည်း အစိုးရဘက်ကလည်း ယခုအချိန်ထိ ယင်းအစီအစဉ်ကို ဖျက်သိမ်းဖို့ မရှိဘူးလို့ ပြောထားဆဲ ဖြစ်ပါတယ်။
No comments:
Post a Comment