‘‘လမ်းဘေးထိုးကျနေတဲ့ လူ မှုကူညီရေးအသင်း ယာဉ်ပေါ်က တရားမ၀င် တမလန်းသစ်ခွဲသား ၁၃ ချောင်းကိုဖမ်းမိတာပါ။ယာဉ် မောင်းသူကတော့ ထွက်ပြေးတိမ်း ရှောင်နေပါတယ်’’ ဟု ဦးစိုးထိုက် ကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ ‘‘သစ်တောက တရားလို လုပ်ပြီးအမှုဖွင့်မှာပါ။ အခုလော လောဆယ် သစ်တောက ဖမ်းမိ တဲ့သစ်တွေကို မုံရွာနန္ဒ၀န်ရပ် ကွက်ထဲက သစ်တောရုံးကိုပို့ပြီး စစ်ဆေးနေပါတယ်’’ ဟု ချောင်း ဦးမြို့နယ် မြို့မရဲစခန်းမှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။
No comments:
Post a Comment