
အဆိုပါလူနာတင်ယာဉ်မှာ ညောင်တုန်းမြိုနယ်တာကွေ့ ကျုံတမာကျေးရွာမှ သုခုမမေတ္တာလူမှုဂရုဏာအသင်း၏ လူနာတင်ယာဉ်ဖြစ်ပြီး ပုသိမ်မြို့တွင်ပြုလုပ်သည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေဆုံပွဲအခမ်းအနားအပြီးပြန်လာစဉ် ယခုလိုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်၏အရှေ့ပိုင်းမှာကြေမွသွားပြီး ယာဉ်မောင်းဖြစ်သူ ညှပ်နေသည့်အတွက် မတော်တဆဖြစ်ပွားသောယာဉ်ကို လယ်ထွန်စက်၊ ကားကြီးယာဉ်တို့အကူအညီရယူကာ ကြိုးနှင့်ဆွဲထုတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ယာဉ်မောင်း ဖြစ်သူ ဦးဝင်ထိုက်မှာ စိုးရိမ်ဒဏ်ရာများရရှိခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရပြီး ဦးကဒေး၊ ဦးသန်းဦး နှင့် ဦးကျော်ဦးလွင်တို့ သုံးဦးမှာ မစိုးရိမ်ဒဏ်ရာများရရှိခဲ့ သည့်အတွက် ညောင်တုန်းဆေးရုံကြီးတွင် ဆေးကုသ မှုခံယူခဲ့ရကြောင်း သိရှိရသည်။
No comments:
Post a Comment