အဆိုပါလမ်းပိုင်းအသစ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေး နေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။
‘‘ဖွင့်ပွဲမုခ်ဦးရဲ့ အလယ်တိုင် မှာ လူထုခေါင်းဆောင်ပုံကို မွေး နေ့အထိမ်းအမှတ်အဖြစ် ထည့်ပြီး လမ်းအမည်ကိုလည်း မန္တလေးမြို့ ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ‘အောင်ဆန်းစုကြည်’လမ်းလို့ အ မည်ပေးဖို့စိတ်ကူးထားပါတယ်’’ ဟု မြို့တော်ဝန်ကဆိုသည်။
‘‘ဒီဧရိယာက တက္ကသိုလ်ဝန်းကျင်ဆိုတော့ ယာဉ်အသွားအလာရှုပ်တယ်။ ဒီလမ်းသစ်ဖောက်လိုက်တော့ ယာဉ်သွားလာဖို့လမ်းတစ်လမ်းထပ်တိုးတာဖြစ်လို့ ပိုအဆင်ပြေသွားတယ်။ လမ်းနာမည်ကိုလည်း ကျွန်တော်တို့ ချစ်ခင်ရတဲ့ အမေစုနာမည်ပေးမယ်ဆိုတာကြားရတာ ဝမ်းသာပါတယ်’’ဟု အဆိုပါ လမ်းအနီးတွင် နေထိုင်သည့် ကိုကျော်ဇောက ပြောသည်။ ၇၈ လမ်းမှ ၇၃ လမ်းအထိ အသစ်ဖောက်လုပ်ထားသော ၃၈ လမ်းသည် ပေ ၂,၆၀၀ ရှည်ပြီး လမ်းအကျယ်ပေ ၆၀ နှင့် ပလက် ဖောင်းဧရိယာ ခြောက်ပေကျယ် ၀န်းသည်။ အဆိုပါ လမ်းပိုင်းသစ် ဖောက်လုပ်ရန် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်မှ ကျပ်သန်း ၃၀၀၊ ၂၀၁၉-၂၀ ဘတ်ဂျက်မှ ကျပ် ၆၆၅ သန်းလျာထားအသုံး ပြုခဲ့သည်။
No comments:
Post a Comment