
ဖိလစ်ပိုင်နိုင်ငံကိုပို့ မဲ့ ဖိနပ်ပုံး ၆၀၀ကျော်အတွင်းက ပုန်း ၃၄ ပုံးထဲမှာ ခုလို မူးယစ်ဆေးတွေကို ရောထည့်ထားတာဖြစ်ပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို ထိုင်းရဲချုပ် ချလန်ကိရက် စီဝါရာခန် ကိုယ်တိုင် လာရောက် စစ်ဆေးကြည့်ရူ ခဲ့တာတွေ့ ရပါတယ်။ အဓိက တရားခံ တရုတ်နိုင်ငံသားနှစ်ဦးနဲ့  ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ရာမှာ ထိုင်းနိုင်ငံသားတရားခံနှစ်ဦး ကို မူးယစ်ဆေးဝါးတွေမိတဲ့ နေရာကို အထူးလုံခြုံရေး တပ်တွေ စောင့်ကြပ်ခေါ်ဆောင်လာပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာတွေ့ ရပါတယ်။တရုတ်နိုင်ငံသား တရာခံနှစ်ဦးဟာ MR. HUANG GUOXION ၂၄ နှစ် နဲ့  ,MR. ZHOU QINGCHU အသက် ၄၄ နှစ် တို့ နှစ်ဦးကို ဘန်ကောက်မြို့  ဟွေ့  ခွမ် နယ်မြေ နေအိမ်တစ်လုံးမှာ ဖမ်းဆီးလိုက်တာဖြစ်ကြောင်း သတင်းစာရှင်းပွဲမှာ ထုတ်ပြန်သွားပါတယ်။
ယခုဖမ်းဆီးနိုင်ခဲ့တဲ့ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိနိုင်ရေးအတွက သက်ဆိုင်ရာအဖွဲ့  ပေါင်းစုံ ၀ိုင်းဝန်းကြိုးပန်းခဲ့ရကြောင်း၊ အဓိက တာဝန်သိ ပြည်သူတွေရဲ့  သတင်းပေးချက်တွေအရ လိုက်လံ ထောက်လှမ်းနိုင်ခဲ့တာဖြစ်တယ်လို့  ရဲချုပ် ချလန်ကိရက်ကပြောသွားခဲ့ပြီး ဒီအမှူနဲ့  ပါတ်သက်နေသူ အဓိကတရားခံတွေကို ဆက်လက်ဖေါ်ထုတ်သွားမှာဖြစ်တယ်၊ ထိုင်းနိုင်ငံအတွင်းမှာ ဖမ်းမိတဲ့ တရားခံတွေရဲ့  ပိုင်ဆိုင်မှုအားလုံး ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းမှာဖြစ်ကြောင်း ရှင်းလင်းသွားခဲ့ပါတယ်။
No comments:
Post a Comment