
“ နံပါတ်တစ်အချက်ကပဒူကောင်တွေဟာ သူ့နဂိုမူလနေရာပျက်သွားလို့ ဒီလို ပြန့်နှံပြီးရောက်လာတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကက ရာသီဥတုအပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်တယ်။ သူတို့လို အကောင်တွေက ပြန့်နှံ့တာအသက်ရှင်သန်ဖို့ရာခိုင်နှုန်းနည်းနေပေမဲ့ အခုလိုရန်ကုန်လိုနေရာမျိုးမှာ တစ်နေရာပြီးတစ်နေရာ ပြန့်နှံ့နေတာဟာ သူ့မှာပေါက်ဖွားမှုအားနှုန်းရှိတယ်။အဲဒီတော့ ရှေ့လည်း ဆက်တွေ့ဦးမယ်။ သတိထားဖို့တော့လိုပါတယ်”ဟုပါမောက္ခ ဒေါက်တာခင်မောင်ဆွေကပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဇွန်လ ၈ ရက်က အမျိုးသမီးတစ်ဦးပဒူကောင်ကိုက်ခံရ၍သေဆုံးခဲ့ပြီး ယင်းနောက်ပိုင်း၌ ပဒူကောင်များကို မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ထပ်မံတွေ့ရှိသဖြင့် မီးသတ်တပ်ဖွဲ့မှ မီးရှို့ ကာ ဆေးရည်များလိုက်လံပက်ဖြန်းနေကြောင်း သိရသည်။
ပဒူကောင်ကိုက်ခံရပါကနီးစပ်ရာ ပြည်သူ့ဆေးရုံနှင့် ဆေးပေးခန်းများသို့ အရေးပေါ်သွားရောက်ပြသရန် လိုအပ်ပြီး ပဒူကောင်ကိုက်ခံရပါက ဆေးမြီးတိုနှင့်ကုသမှုမပြုရန် လိုအပ်ကြောင်းသိရသည်။
No comments:
Post a Comment