
facebook ပေါ်မှာ လူစိတ်ဝင်စားမှုများနေတဲ့ မန္တလေးမြို့ ၊ ကျုံးရှေ့ ၊ ပလက်ဖောင်း ပေါ်ရှိ Food Box ခေါ် စာအုပ်စင်လေးမှာ လမ်းသွားလမ်းလာများနဲ့ စည်ကားလျှက်ရှိတာကို ဒီကနေ့ နေ့လည်ပိုင်းကခုလိုတွေ့ရ့ပါတယ်။ ဒီ Food box ခေါ် စာအုပ်စင်လေးမှာ ယခင်က သတင်းစာ၊ ဂျာနယ်များကိုသာ အလှူ ရှင်တွေက ထားရှိခဲ့တာဖြစ်ပြီး၊ အလှူရှင်တစ်ဦးက လမ်းသွား လမ်းလာပြည်သူများအတွက် ရေ၊ စားသောက်စရာ မုန့် ၊အချိုရည်တို့ကို လာရောက်လှူဒါန်းခဲ့ပြီး Facebook ပေါ်တွင် တင်ခဲ့ရာမှ လူအများစိတ်ဝင်စားမှုများပြားခဲ့ကြောင်းသိရပါတယ်။
No comments:
Post a Comment