ကင်ညာမြေပေါ်၌ ပြန်ပေး ဆွဲမှုများ ဆက်တိုက်ကြုံတွေ့ပြီး နောက် ကင်ညာစစ်တပ်သည် အယ်လ်ရှာဘတ်အဖွဲ့ထံမှ နယ် မြေထိန်းချုပ်ခွင့်ရရန် ကြိုးပမ်းနေ သည်။
အယ်လ်ရှာဘတ်အဖွဲ့သည် တင်းကျပ်သော အစ္စလာမ်မစ် ဥပဒေပြဋ္ဌာန်းရန် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ဆိုမာ လီယာအစိုးရနှင့် ၎င်း၏ နိုင်ငံ တကာမဟာမိတ်များကို တိုက် ခိုက်နေသည်။
လမ်းဘေးထောင်ထားသော ဗုံးထိမှန်သည့် ကားသည် ရဲတပ် ဖွဲ့ဝင် ၁၁ ဦးကို သယ်ဆောင်လာ ကြောင်း ကင်ညာရဲတပ်ဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ချားလက်စ်အိုဝီနို က ပြောသည်။
ရဲတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံး ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မိုဂါဒစ်ရှူးတွင် အယ်လ်ရှာ ဘတ်အဖွဲ့က ဗုံးနှစ်လုံးဖောက်ခွဲ ခဲ့ရာ ပထမဗုံးသည် လမ်းဆုံလမ်း ခွတစ်ခုတွင် ပေါက်ကွဲသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိ ခဲ့ပေ။
နောက်ထပ် ဗုံးတစ်လုံးက လူရှစ်ဦးကို သေဆုံးစေပြီး ၁၆ ဦး ဒဏ်ရာရစေခဲ့ကြောင်း Aamin လူနာတင်ယာဉ် ဝန်ဆောင်မှုဌာန ညွှန်ကြားရေးမှူး အက်ဘ်ဒီကာဒီ ယာက ပြောသည်။
ကင်ညာနှင့် မိုဂါဒစ်ရှူးတွင် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများ သည် ၎င်းတို့၏ လက်ချက်ဖြစ် ကြောင်း အယ်လ်ရှာဘတ်အဖွဲ့၏ စစ်ဘက်စစ်ဆင်ရေးဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ အဘူမာဆက်ဘ် က ပြောသည်။
No comments:
Post a Comment