
အာရှတွင်း အပြန်အလှန်အကျိုးပြုမှုနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကွန်ဖရင့် CICA ထိပ်သီးအစည်းအဝေးအတွက် တာဂျစ်ကစ္စတန်၏ မြို့တော် ဒူရှန်ဘီတွင် ရှီနှင့် ပူတင်တို့နှစ်ဦး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ CICA ထိပ်သီးသို့ အီရန်နှင့် ကာတာအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ အတူတကွ စုဝေးရောက်ရှိလာခဲ့ကြသည်။ ရှီသည် ပြီးခဲ့သည့်သီတင်းပတ်ကလည်း ရုရှားသို့ သုံးရက်ကြာ ခရီးစဉ်သွားရောက်ပြီး ပူတင်နှင့် တွေ့ဆုံခဲ့သေးသည်။ ထိုခရီးစဉ်အတွင်း ရှီက ပူတင်အား ゞင်း၏ အခင်မင်ရဆုံးမိတ်ဆွေဟု ခေါ်ဆိုခဲ့သည်။ တရုတ်နှင့် ရုရှားတို့သည် အမေရိကန်နှင့် တင်းမာမှုမြင့်တက်နေစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းလျက်ရှိသည်။ ဒူရှန်ဘီမြို့တော်၏ အပူချိန်မှာ ၃၀ ဒီဂရီ ဆဲစီးယပ်စ်အထက်၌ ရှိနေစဉ် ဇွန် ၁၅ ရက်က ပူတင်သည် ရုရှားရေခဲချောင်းနှင့် ရေခဲမုန့်များပါဝင်သော သေတ္တာကြီးကို ရှီထံသို့ မပေးမီ” ကျွန်တော်တို့မှာ လက်ဆောင်ကောင်းတွေ ပါလာပါတယ်” ဟု ပြောကြားခဲ့သည်။ နောက်ထပ် လက်ဆောင်များမှာ ကိတ်မုန့်တစ်လုံးနှင့် လှပစွာပြုလုပ်ထားသော ပန်းအိုးတစ်လုံးတို့ ဖြစ်သည်။
ဓာတ်ပုံများတွင် ရှီနှင့် ပူတင်တို့သည် မွေးနေ့အထိမ်းအမှတ်အဖြစ် ရှန်ပိန်ခွက်များ ကိုင်မြှောက်နေကြသည်ကိုလည်း တွေ့ရ သည်။ “သင်ဟာ ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ အများကြီး စွမ်းဆောင်ပေးခဲ့သူဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးတွေဖြစ်လာစေဖို့ ကျွန်တော်တို့ တစ်ဖွဲ့လုံးက ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့တစ်နိုင်ငံလုံးက ဆုတောင်းပေးတယ်လို့တောင် ပြောနိုင်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။ “တရုတ်ပြည်သူတွေရဲ့ အသည်းနှလုံးကို သင်ပိုင်ဆိုင်ထားပါပြီ” ဟု ရှီကလည်း ပြန်လည်ပြောကြားခဲ့သည်။
No comments:
Post a Comment