သက်ထားသူဇာသည် ယင်း ပြိုင်ပွဲတွင် အဆင့်သတ်မှတ်ချက် အရ ရှုံးထွက်ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။
ယင်းအဆင့်တွင် အိမ်ရှင် မောရစ်သျှနိုင်ငံသူကို နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် မလေးရှား နိုင်ငံသူကို နှစ်ပွဲပြတ်၊ အကြိုဗိုလ် လုပွဲတွင် အိန္ဒိယနိုင်ငံသူကို နှစ်ပွဲ၊ တစ်ပွဲဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ ကို တက်ရောက်ခဲ့သည်။
အာဖရိက ကြက်တောင်အ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ မောရစ်သျှ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ သည်။
ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ကစားသမား ၅၀ ကျော် ပါဝင် ယှဉ်ပြိုင်ပြီး သက်ထားသူဇာ ဝင် ပြိုင်သည့် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် အိမ်ရှင် မောရစ်သျှ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ နိုင် ဂျီးရီးယား၊ ဖိလစ်ပိုင်နှင့် အီဂျစ် နိုင်ငံတို့မှ ကစားသမားများ ပါဝင် ခဲ့သည်။ အသက် (၂၀)အရွယ် သက် ထားသူဇာသည် ၂၀၁၈ ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် မတ်လ တွင် ကျင်းပသည့် ယူဂန်ဒါနှင့်ကင်ညာနိုင်ငံတကာ ကြက် တောင်စီးရီးပြိုင်ပွဲနှစ်ခု၌ ကမ္ဘာ့ အဆင့်ရှိ နာမည်ကြီးကစားသမား များကို ကျော်ဖြတ်၍ ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မောရစ်သျှ နိုင်ငံတကာကြက် တောင်ပြိုင်ပွဲ ရွှေတံဆိပ်ဆုသည် ၎င်းအတွက် တတိယမြောက် နိုင်ငံတကာ ရွှေတံဆိပ်ဆုရရှိခဲ့ ခြင်းဖြစ်သည်။
No comments:
Post a Comment