
ခန္တီးမြို့မှာလည်း ဇူလိုင် ၆ ရက်လောက်ကစပြီး မိုးတွေ အဆက်မပြတ်ရွာသွန်း နေတာကြောင့် ချင်းတွင်းမြစ်ရေဟာ တရက်ကို ၃ပေလောက် မြင့်တက်လာနေပြီး မြစ်ရေကြီးမှာကို စိုးရိမ်နေကြတယ်လို့ ခန္တီးမြို့ခံ ကိုအောင်မျိုးကပြောပါတယ်။
ဒါပေမယ့် အခုလိုချင်းတွင်းမြစ်ရေတက်လာကြောင့် ခန္တီး -မုံရွာ ပြေးဆွဲနေတဲ့ စက်လှေတွေ အဆင်ပြေတယ်လို့ ကုန်တင်စက်လှေပိုင်ရှင် ကိုနိုင်လင်းကပြောပါတယ်။
“မြစ်ရေတိုးလာတော့ ကျနော်တို့ စက်လှေတွေ သွားလာရတာအဆင်ပြေပါတယ်။ အရင်ကဆို မြစ်ရေနည်းတော့ ရေကြောင်းတွေက ကျပ်တယ်။ အခုမြစ်ရေတိုးတော့ ငါးညအိပ်လောက်နဲ့ မုံရွာကနေ ခန္တ္တီးကို ဆန်ရတယ်။ ကုန်စည်တွေ စီးဆင်းမှုမြန်လာတယ်” လက်ရှိအချိန်အထိတော့ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာကို မရောက်ရှိသေးပါဘူး။
မိုးလေ၀သနဲ့ ဇလဗေဒဌာနရဲ့တိုင်းထွာချက်အရတော့ ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေဟာ မနေ့ မွန်းလွဲပိုင်းက မြစ်ရေအမှတ် ၈၄၄ စင်တီမီတာမှာ ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၉၂၄ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
No comments:
Post a Comment