
၂၀၁၄ ခုနှစ်တွင် ရွှေ့ပြောင်းအခြေချ အကျပ်အတည်း အမြင့်ဆုံးအရှိန်ဖြစ်ခဲ့စဉ်က မင်နီယိုဒုက္ခသည်စခန်းသည် လူ ၄၁၀ဝ ကျော်ရှိခဲ့သော စခန်းဖြစ်သည်။ အမေရိကန် မြို့စွန်ကို ပုံစံတုပထားသော စစ်စခန်းဟောင်းအား ဒုက္ခသည်စခန်းအဖြစ် အသုံးချခဲ့ခြင်းဖြစ်ပြီး ယခုအခါ အီတလီတပ်ဖွဲ့ဝင်များက ထိုစခန်းကို စောင့်ကြပ်နေသည်။
ဒုက္ခသည်များ တဖြည်းဖြည်းလျော့ကျသွားခဲ့ပြီးနောက် မင်နီယိုဒုက္ခသည်စခန်းတွင် ယမန်နှစ် ဇွန်လက ဒုက္ခသည် ၂၅၀ဝ ခန့်သာ ရှိတော့သည်။ ကနဦးတွင် ဒုက္ခသည်များအတွက် စောင့်ရှောက်မှုများနှင့် သန့်ရှင်းမှုအ ခြေအနေများသည် အသင့်အတင့်ကောင်း မွန်ခဲ့သော်လည်း ဒုက္ခသည်ဦးရေ ၃၀ဝ၀ ကျော်လာချိန်တွင် အခြေအနေများ ချို့ယွင်းလာခဲ့သည်။
ယခင်က အမေရိကန်များ နေထိုင်ခဲ့သောနေရာကို ၂၀၁၀ ပြည့် နှစ်တွင် အမေရိကန်က နေရာငှားရမ်းထားမှုအား စွန့်လွှတ်ခဲ့ပြီးနောက် ဒုက္ခသည်များ လက်ခံရေးစင်တာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းအခြေချများ ရောက်ရှိလာခြင်းက ဒေသခံ စစ္စလီယန်များအား စိုးရိမ်မှုဖြစ်စေခဲ့သည်။ ထိုစခန်းတွင် နေထိုင်စဉ်အတွင်း ရွှေ့ပြောင်းအခြေချများသည် တစ်ရက်လျှင် ၁၁ ဒေါ်လာ မှ ၂၁ ဒေါ်လာကြား ဝင်ငွေဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့ကြောင့် ဝင်ငွေနိမ့်ပါးစွာဖြင့် အလုပ်လုပ်ရန် ငြင်းဆန်သော ဒေသခံများ နှင့် ပဋိပက္ခဖြစ်ခဲ့သည်။
ထိုဒုက္ခသည်စခန်းသည် လူ ၄၀ဝ ခန့်ကိုလည်း အလုပ်အကိုင် ပြန်လည်ပေးနိုင်ခဲ့သည်။ ဒုက္ခသည်စခန်း ပိတ်ခဲ့ပြီးနောက် အသွင်ကူးပြောင်းရေးကာလအတွက် ဗဟိုအစိုးရက မကူညီလျှင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင် မင်နီယိုမြို့၏ မြို့တော်ဝန်က ခြိမ်းခြောက်ထားသည်။
ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေးသမားဖြစ်သော ပြည်ထဲရေးဝန်ကြီး ဆာဗီနီက ဒုက္ခသည်စခန်းတွင် အီတလီများသာမက နိုင်ဂျီးရီးယားများပါ ပါဝင်သည့် မာဖီးယား လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိထားကြောင်း ပြောကြားခဲ့သည်။ ရွှေ့ပြောင်းအခြေချရေးရာနှင့်ပတ်သက်သည့် အမိန့်တစ်ရပ်ကို ဆာဗီနီက ထုတ်ပြန်ထားပြီး ဒုက္ခသည်များ၏ အခြေခံအခွင့်အရေးများကို ရုပ်သိမ်းခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ဒုက္ခသည်များအား ခွဲခြားဆက်ဆံပြီး ရာဇဝတ်မှု နှင့် ထိတွေ့စေခဲ့သည်ဟု စွပ်စွဲချက်များကို ဆာဗီနီက ငြင်းဆန်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီက အီတလီရဲတပ်ဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း အခြေစိုက်ထားသော မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့နှင့် ပြည့်တန်ဆာအဖွဲ့တစ်ဖွဲ့တို့ကို ဖြိုခွင်းခဲ့သည်။
No comments:
Post a Comment