‘‘ဗစ်တိုးရီးယားလေးအ တွက် တရားမျှတမှုရှိစေဖို့ တောင်းဆိုတာပါ။ ဆန္ဒပြပွဲမှာ အင်္ကျီအ ထည် ၁,၀၀၀ တံဆိပ်ရိုက်ပြီး ဝေခဲ့တာ မလောက်ဘူး။ ဆန္ဒပြပွဲ ပါဝင်တဲ့သူက လူ ၃,၀၀၀ ခန့် အထိရှိတယ်’’ဟု ကိုအောင်နေမျိုးက ပြောသည်။
မုံရွာမြို့ မြို့တော်ခန်းမရှေ့ တွင် စုရပ်အဖြစ် ဆောင်ရွက်ပြီး ဗိုလ်ချုပ်ကြေးရုပ်၊ သာစည်လမ်း၊ ပေ ၈၀ လမ်း၊ ကျောက္ကာလမ်း၊ ဗိုလ်ချုပ်လမ်းတို့၌ စီတန်းလှည့်လည်၍ ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးပါ။ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ နောက်ထပ် ဗစ်တိုး ရီးယားအလိုမရှိ စသည့်တောင်း ဆိုချက်များ ကြွေးကြော်ခဲ့ကြောင်း ကိုအောင်နေမျိုးက ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သော မုံရွာမြို့နယ် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ‘‘တိုင်တဲ့သူက လည်း တိုင်ထားတယ်။ တိုင်ချက်တွေရှိလို့လည်း သက်ဆိုင်ရာက စစ်ဆေးနေတာလည်း လုပ်နေ တယ်။ အမှုနဲ့ ပတ်သက်ပြီး ပြည် သူက လက်မခံနိုင်တဲ့အတွက် ဆန္ဒပြကြတာပေါ့။ တရားရုံးမှာ တရားဝင်စစ်ဆေးတာတွေကတော့ မသိရသေးဘူး။ အခုဟာက ရဲစစ်ဆေးတာပဲရှိသေးတယ်။ အတွင်းကျကျတော့ ဘာမှ မသိရသေးပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ပါဝင်တာပါ။ ဒီအမှုမှာ မှန်မှန်ကန်ကန်စစ်ဆေးပေးဖို့ ထောက်ခံဆန္ဒပြ တာပါ’’ဟု ပြောသည်။
‘‘မုံရွာအနေနဲ့ လူအင်အား အများဆုံး ဆန္ဒထုတ်ဖော်တာလို့ ပြောလို့ရတယ်။ အမှုမှန်ပေါ် ပေါက်စေချင်တဲ့သူတွေ၊ သက် ငယ်မုဒိမ်းကိုလည်း နောက်ထပ် လက်မခံချင်တဲ့သူတွေ အားလုံး ပါဝင်ခဲ့တာ။ ဆန္ဒပြပွဲမှာ ကလေး တွေရော မသန်စွမ်းသူတွေပါ ပါဝင်ခဲ့တယ်’’ဟု မုံရွာဒေသခံ ကိုအောင်ဇော်မင်းသိန်းက ပြော ကြားသည်။ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး မုံရွာဒေသခံ ၃၀၀ ခန့်က ဆန္ဒထုတ်ဖော် တောင်းဆိုရန် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဇူလိုင် ၆ ရက်က တင်ပြလျှောက်ထားသော်လည်း အမှု မှန်ပေါ်ပေါက်စေလိုသူများပြား သဖြင့် လူထောင်နှင့်ချီ ပူးပေါင်း ပါဝင်လာခြင်းဖြစ်သည်။
No comments:
Post a Comment