အထက်ပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံရေး၊ နေ ရာချထားရေး လုပ်ငန်းစဉ်များ တွင် တရုတ်က အပြုသဘော ဆက်လက်ပါဝင်ကူညီမည့် ကိစ္စ ရပ်များ ဆွေးနွေးခဲ့သည်ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ဇူလိုင်လဆန်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ငါးရက်ကြာခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သမ္မတစီကျင်းပင်၊ ဝန်ကြီးချုပ်လီခချန်း၊ အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း အပါအဝင်တရုတ်ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်။
ယင်းခရီးစဉ်အတွင်း သမ္မတစီကျင်းပင်နှင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာတို့အကြား ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ)အကျပ်အ တည်းအဆုံးသတ်ရန် ဒုက္ခသည် များကို အမြန်ဆုံးခေါ်ယူရေးသဘောတူခဲ့သည်ဟု ဒါကာအ ခြေစိုက်သတင်းဌာနများက ဖော် ပြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီမှုများဖြင့် ဆောင်ရွက်ရန်နှင့် ယင်းလုပ်ငန်းစဉ် စတင်ရန် ၂၀၁၈ ကတည်းက တရုတ်အစိုးရက တိုက်တွန်း ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။
No comments:
Post a Comment