
“ဒီကခေါ်သွားတာ အလုပ်ကတစ်ခုတည်း၊ တစ်နေရာတည်းမှာလုပ်ရမယ်။ ဟိုရောက်တော့ လူစုခွဲပြီး ဟိုပို့ဒီပို့ပေါ့။ ရောက်တဲ့နေရာမှာလည်း အလုပ်မလုပ်ရ။ တခြားလူတွေဘယ်ရောက်ကုန်လဲ မသိ။ ကျွန်တော်တို့က၂၀ အဖွဲ့မှာ ပါခဲ့တာ။ တကယ်စာချုပ်တာ မြန်မာဘက်က ကုမ္ပဏီတွေ၊ ထိုင်းဘက်ကိုကျတော့ ကိုယ်စားလှယ်တွေက လာခေါ်တာ။ ကိုယ်ပို့တဲ့အလုပ်ရုံ၊ စက်ရုံမှာ အလုပ်တကယ်ရှိလား၊ မရှိလား မသိ။ဇွတ်ပို့ကြတာပဲ။ ထိုင်းရာက်တော့မှ အလုပ်လည်းမရ၊ စားစရာလည်းမရှိ။ ထမင်းငတ်တဲ့နေ့တွေတောင် ရှိခဲ့ကြပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မကျည်းပင်ရွာမှ ဇင်မင်းစိုးက ပြောကြားသည်။အလုပ်အကိုင် လုပ်ကိုင်ရခြင်းမရှိဘဲ ရက်ကြာလာသည့်အတွက် AAC အလုပ်သမားကူညီရေးဂေဟာသို့ သွားရောက်အကူအညီတောင်းခံပြီးနောက် MOEAF ရုံးသို့ ဆက်လက်သွားရောက်အကူအညီတောင်းခဲ့ကြောင်း ゞင်းတို့က ဆိုသည်။၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်တွင် MOEAF ရုံးသို့ ရောက်ရှိအကူအညီတောင်းခံခဲ့သော်လည်း ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အလုပ်ရှာဖွေပေးခြင်းများမရှိ၍ AAC ဂေဟာသို့ ပြန်လာကာ ゞင်းမှတစ်ဆင့် မြဝတီမြို့သို့ ဇူလိုင် ၇ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မြဝတီကျောက်လုံးကြီး အလုပ်သမားစေလွှတ်ရုံးသို့ သတင်းပို့ထားကြောင်း အလုပ်သမားများအားကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော်က ပြောကြားသည်။အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော်က လုပ်သားပို့ဆောင်သည့် အေဂျင်စီများအနေဖြင့် မှန်မှန်ကန်ကန်ပို့ဆောင်ပေးဖို့လိုသလို ပို့ဆောင်သည့် စက်ရုံအလုပ်ရုံမှာ အလုပ်တကယ်ရှိ မရှိသိဖို့လိုကြောင်း၊ ကိုယ်ပို့လိုက်သည့် အလုပ်သမားများ အလုပ်လုပ်ရလား မလုပ်ရလားတာ ဝန်ယူမှုတာဝန်ခံမှု ရှိရန်လိုကြောင်း၊ သက်ဆိုင်ရာ မြန်မာအလုပ်သမားဝန်ကြီးဌာနကလည်း စာချုပ်ပါအတိုင်း မှန်ကန်မှုရှိ မရှိကိုစစ် ဆေးဖို့လိုကြောင်း၊ မှန်ကန်သည့်အေဂျင်စီများ ပေါ်ထွက်ဖို့လိုသလို မမှန်မကန်လုပ်သားပို့ဆောင်သူများကိုလည်း အရေးယူဆောင်ရွက်သင့်သည်ဟု ပြောကြားသည်။
No comments:
Post a Comment