‘‘ကိုယ်လုပ်ရမယ့်အရာတစ် ခုကို ကျွန်တော် လုပ်လိုက်တာပါ’’ ဟု ရေကူးအားကစားမှ အနားယူ ခဲ့သော မက်ဂနီနီ (၃၇)နှစ်က ပြောသည်။
ဘီနီဒက်တို (၄၅)နှစ်သည် ယင်းမတိုင်မီ နှစ်ရက်က ကက် ဂလီယာရီမြို့တွင် ၎င်း၏ ရည်း စားနှင့် လိင်တူလက်ထပ်ခဲ့သူဖြစ် သည်။
၎င်းတို့စုံတွဲသည် လေမှုတ် အရုပ်ဖောင်တစ်ခုဖြင့် ရေကူးခဲ့ ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယင်းဖောင်သည် အဝေးသို့လွင့်ပါ ခဲ့ကာ ရေထဲသို့ ဘီနီဒက်တို ကျခဲ့ သည်။
‘‘သူ့ဆီကို ကျွန်တော်ရောက် တော့ သူစကားတောင်မပြောနိုင် တော့ဘူး’’ဟု အိုလံပစ်ပြိုင်ပွဲ၊ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲများ၏ ရွှေတံဆိပ်ရှင် မက်ဂနီနီက ပြော သည်။ ထို့နောက် ဘီနီဒက်တိုကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
‘‘ကျွန်တော့်အသက်ကို ကယ်လိုက်တာက မက်ဂနီနီပါ။ ဒါပေမဲ့ သူနဲ့ အဆက်အသွယ်မရှိ တာကြောင့် သူ့ကို ကျေးဇူးတင် စကားတောင် ပြောခွင့်မရလိုက် ပါဘူး။ သူ့ကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင်သွားပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဘီနီဒက်တို က ပြောသည်။
မက်ဂနီနီသည် ၎င်း၏ ချစ်သူနှင့်အတူ အဆိုပါ ကမ်းခြေသို့ ရောက်နေစဉ် ဘီနီဒက်တို၏ အ သက်ကို ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ် သည်။
No comments:
Post a Comment