Pages
Wednesday, July 10, 2019
ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင် ၅၀၀ ယနေ့ စိုက်ပျိုး
ကျိုက်ထီးရိုးတောင် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင် ၅၀၀ ယနေ့ စိုက်ပျိုးခဲ့ကြောင်း ရင်ပြင်တော်ဂေါပက အဖွဲ့က ပြောသည်။ ရင်ပြင်တော်ဂေါပကအဖွဲ့နှင့်အတူ အမှတ်(၁၅)လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး နေမင်းစိုး ဦးစီးသည့်အဖွဲ့၊ ရင်ပြင်တော်ရဲကင်းစခန်းမှူး ရဲအုပ် ထွန်းမင်းသက် ဦးစီးသည့် အဖွဲ့၊ကမ္ဘာလှည့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ဖြိုးဝေ ဦးစီး သည့်အဖွဲ့၊တပ်မ(၄၄)ဆက်သွယ်ရေးတပ်စုမှ တပ်ကြပ်ကြီး ဇေယျာလင်း နှင့် အဖွဲ့၊ရင်ပြင်တော်လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒုခေါင်းဆောင် ဦးဝင်းမောင်နှင့်အဖွဲ့၊ရင်ပြင်တော်စိမ်းလန်းသန့်ရှင်းရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့် နှင့်အဖွဲ့တို့ ပူးပေါင်းပြီး စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ယနေ့ စိုက်ပျိုးခဲ့သော သစ်ပင်များမှာ ကျိက်ထီးရိုးရင်ပြင်တော်၊ မုဆိုးတောင်ဘုရားအနီးတွင် မလေးရှားပိတောက် အပင်(၄၀၀)၊ ကံ့ကော် အပင်(၅၀)၊ ခရေ အပင်(၅၀)၊ စုစုပေါင်းအပင်(၅၀၀)တို့ဖြစ်သည်ဟု သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment