တရားရုံးဝန်ထမ်းများ ဘက်က ယဉ်ကျေးပျူငှာသည့် ၀န်ဆောင်မှုပေးမည်ဟု ရန်ကုန် တိုင်းတရားသူကြီးချုပ် ဦးလှအေး ကယမန်နေ့တွင်ပြောသည်။ လက်ရှိတရားရုံးများ၏ ပက တိအခြေအနေနှင့် လုပ်ထုံးလုပ် နည်းများကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်နေသည့် အပိုင်းများ ကို ရန်ကုန်တိုင်းတရားလွှတ် တော်တရားသူကြီးက ရှင်းလင်းခဲ့သည်။ ‘‘တရားရုံးအသုံးပြုသူများ ကိုစိတ်ရှည်ရှည်နဲ့ဆက်ဆံမှုလုပ် ဆောင်ပေးသွားမယ်’’ ဟု လည်း ရန်ကုန်တိုင်းတရားသူကြီးချုပ်က ထပ်လောင်းပြောသည်။
ရန်ကုန်တိုင်းဒေသကြီး တ ရားလွှတ်တော်က တရားရုံး ရောက်ရှိသည့် အမှုများအပေါ် တရားရုံးအသုံးပြုသူပြည်သူများ ၏ သုံးသပ်ချက်၊ တွေ့ရှိချက်နှင့် ခံစားရသည့် အခြေအနေများကို လည်း ဇွန်လကစတင်ကာစစ် တမ်းကောက်ယူနေပြီဖြစ်သည်။
ယခုနှစ်တွင် မှုခင်းစီမံခန့်ခွဲ မှုအစီအစဉ်ကို ခရိုင်တရားရုံး များနှင့် မြို့နယ်တရားရုံး ၄၃ ရုံး တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တာ ၀န်ရှိသူများကပြောသည်။
မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တွင် ပြည်သူများယုံကြည်သည့် တရားစီရင်ရေးစနစ်ပေါ်ထွန်း ရေး၊ မြန်ဆန်ထိရောက်သည့်စီရင် ချက်စနစ်ဖြစ်ပေါ်လာရေးသည် အဓိကဖြစ်ကြောင်း ရန်ကုန်တိုင်း တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးကျော်စွာ ငြိမ်းကဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ရှင်း လင်းပွဲအခမ်းအနားကို ဇူလိုင် ၈ ရက်က ကျင်းပခဲ့သည်။
No comments:
Post a Comment