
ယခုလက်နက်နဲ့ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ အိုင်လာ (၃၀)နှစ်၊ မိုင်းခတ်မြို့နေသူကို တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
တာချီလိတ်မြို့မှာ ဇူလိုင်လ ၈ရက် မနက်ပိုင်းက ရှင်းမန် - ရှင်းဒါ ၂ ရွှေဆိုင်ကို သေနတ်ကိုင် လူ ၂ ဦးက ဝင်ရောက်လုယက်ခဲ့တာဖြစ်ပါတယ်။ ဒီလုယက်မှုဟာ တာချီလိတ်မြို့မှာ ၃လကျော်ကာလအတွင်း ရွှေဆိုင် ၃ဆိုင်မှာ ၃ကြိမ်မြောက် ဓားမြတိုက်၊ လုယက်ခံရတာလည်းဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပိတ်ဆို့စစ်ဆေးမှုတွေကို ဆက်တိုက် ပြန်လည်ပြုလုပ်တာလာဖြစ်ပါတယ်။
တာချီလိတ်မြို့မှာ ၂၀၁၉ ခုနှစ်အတွင်း သေနတ်ပစ်မှု (၃)ကြိမ်ဖြစ်ပွားကာ ၂ ကြိမ်မှာ လူ ၂ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၂ဦးထဲမှာ တာချီလိတ်မြို့ရဲ့ မြို့မျက်နှာဖုံး သူဌေးကြီး တပင်ရွှေထီး ဦးအာဖာလည်း ပါဝင်ခဲ့ပါတယ်။ ဒီအမှုတွေအတွက် တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ရွှေဆိုင်ဓားပြတိုက် လုယက်မှုတွေမှာလည်း ပထမဆုံးအကြိမ် နန်းနန်းဘွန်းကျောက် ရွှေဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့သူ ၆ ဦးထဲက ၂ဦးကို သာ ဖမ်းဆီးရမိသေးပြီး ကျန်ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို အခြား ရွှေဆိုင် လုယက်မှု ၂မှု နဲ့ ပတ်သက်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
No comments:
Post a Comment