Sunday, May 12, 2019

မန္တလေးမြို့တွင် စိမ်းစိုငြိမ်းအေး ဩဂဲနစ်ဈေး ဖွင့်လှစ်

စိမ်းစိုငြိမ်းအေး သြဂဲနစ်ဈေးကို မေ ၁၂ ရက် မနက်က မန္တလေးမြို့ ၄၁ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာဩဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများအသင်း (MOGPA) ရဲ့ စီစဉ်မှုနဲ့ ဒီဈေးကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်မှာဖြစ်ပြီး မနက် ၇နာရီ မှ မနက် ၁၁ နာရီအတွင်းသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ မန္တလေးမြို့နေပြည်သူလူထု ကင်ဆာကင်းဝေးစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ဝယ်ယူရရှိဖို့ ဩဂဲနစ် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ၊ ဩဂဲနစ် ထွက်ကုန်တွေနဲ့ လူသုံးကုန်တွေ၊ ဩဂဲနစ် စိုက်ပျိုးရေးသုံး သွင်းအားစုတွေကို တနေရာတည်းမှာ ဝယ်ယူရရှိနိုင်တဲ့ ဈေးတန်းလေးတခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။

ကိုလံဘီယာတွင် ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုကိုတာရဲ့ အနောက်ပိုင်းကလာ အဲ့စ်ထရာဒါ ရပ်ကွက်မှာ သောကြာနေ့က ပေါက်ကွဲမှုကြောင့် လူလေးဦးထက် မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက မေလ ၁၁ ရက်မှာ အစီရင်ခံပါတယ်။ေ ဒသစံတော်ချိန် နေ့လယ်ဆယ့်နှစ်နာရီ ခွဲလောက်မှာ ဒေသန္တရ ကစားပွဲ တေဂျိုအတွက် ယမ်းမှုန့်တွေ ထုတ်တဲ့ ၃ ထပ် စက်ရုံတရုံပေါက်ကွဲခဲ့တာပါ။ ဒဏ်ရာရသူ ၈ ဦးရဲ့ အခြေအနေကို စစ်ဆေးပြီးပြီ သူတို့မှာ အသက်ဘေး မရှိတော့ဘူလို့ ဘိုကိုတာ မီးသတ်ဌာန အကြီးအကဲ ပေဒရုံ မာနိုဆယ်လ်ဗာက ပြောပါတယ်။

ကယ်လီဖိုးနီးယား ဘုရားကျောင်း ပစ်ခတ်မှုအကြောင်း ပြန်ပြောပြသည့် သူရဲကောင်းစစ်ပြန်

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် ကယ်လီဖိုးနီးယားပြည်နယ် ပိုဝေးမှာရှိတဲ့ Congregation Chabad ဘုရားကျောင်းမှာ လုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲဟာ အရင်နေ့တွေကလို သာမာန်ဝတ်ပြုဆုတောင်းပွဲတခုအဖြစ် အော်စကာ စတီးဝပ်တစ်ယောက် တွေးထင်ခဲ့ပါတယ်။ ဝတ်ပြုနေစဉ်အတွင်း သူ့အနားမှာ စိတ်မ ကောင်းစရာပစ်ခတ်မှုတခု ဖြစ်ပွားပြီး သူလည်း သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့ရမယ်မှန်း အဲ့ဒီအချိန်တုန်းက စတီးဝပ်တစ်ယောက် မသိခဲ့ရပါဘူး။

အာဖဂန်တွင် သတင်းထောက်ဟောင်းတဦးကို သေနတ်သမားများ ပစ်သတ်

အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်မှာ သေနတ်သမားတွေက ရုပ်သံသတင်းထောက်ဟောင်း၊ အာဖဂန် လွှတ်တော်အကြံပေးအရာရှိ အမျိုးသမီးတယောက်ကို မေလ ၁၁ ရက်က အသေပစ်သတ်ခဲ့ပါတယ်။ အာဖဂန်မှာ ထင်ရှားတဲ့ ရုပ်သံဌာနဖြစ်တဲ့ အာရီယာနာနယူးစ် ရုပ်သံဌာနအတွက် သတင်းပို့လေ့ရှိတဲ့ မီနာမန်ဂယ်ကို ကဘူးမြို့ အရှေ့ပိုင်းက သူ့အိမ်နားမှာ မော်တော်ဆိုင်ကယ် စီးထားတဲ့ ဘယ်သူဘယ်ဝါ မသိရတဲ့ ယောက်ျားနှစ်ယောက်က ပစ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ဘတ်ရှားမူဂျာဟစ်က ပြောပါတယ်။ လွှတ်တော်ရဲ့ ယဉ်ကျေးမှုရေးရာ ကော်မတီအကြံပေးအဖြစ် လုပ်ငန်းခွင်ကိုလာချိန်မှာ ခုလို ပစ်သတ်ခံရတာပါ။

ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးဝင်းမြင့်

ဗီယက်နမ်နိုင်ငံက စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှာ ပိုမို လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ သမ္မတ ဦးဝင်းမြင့်က ဖိတ်ခေါ်လိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်ဟာ မနေ့က ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပါ။ သမ္မတ ဦးဝင်းမြင့်က “မိမိတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းလျက်ရှိပြီး ယခုဆိုလျှင် ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမမြောက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံနှင့် သတ္တမ မြောက် အကြီးဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်နေပါကြောင်း။

ရာသီအကုန်တွင် ကွင်းလယ်သမား ဟာရဲရာ မန်ယူမှ ထွက်မည်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်သမား ဟာရဲရာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန် ကွင်းလယ်သမားရဲU စာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဟာရဲရာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ သဘောတူညီချက်ရထားဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ပွဲကြားက ရခိုင်ပြည်သူများ၏ ရင်တွင်းစကား သမ္မတထံတင်ပြမည်

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ရင်တွင်းစကားသံတွေ၊ တင်ပြချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တင်ပြသွားမယ်လို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။ နယ်ရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင်ကိစ္စရပ်တွေအပါအဝင် ရခိုင့်တပ်တော် အေအေနဲ့ တပ်မတော်တို့ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းထံကို ခေါ်ဖို့၊ နောက်ပြီး ယခင်ကတည်ငြိမ်အေးချမ်းခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ စတဲ့အချက်တွေကို အကြံပြုတင်ကြတယ်လို့ ဆိုပါတယ်။

အိုးရှင်းဝေ့ကုမ္ပဏီ၏ ဖိုက်ဘာဆက်သွယ်ရေးပုံးများ ဖျက်ဆီးခံရ

59902550_300095110880987_3490385020831399936_nမန္တလေးမြို့တွင်း မြို့နယ်သုံးခုမှာ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုကုမ္ပဏီတခုဖြစ်​တဲ့ အိုးရှင်းဝေ့ကုမ္ပဏီရဲ့ အင်​တာနက်​ဝန်​​ဆောင်​မှုပေးနေတဲ့ ဖိုင်ဘာဆက်သွယ်ရေးပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ကုမ္ပဏီ တာဝန်ခံက ပြောပါတယ်။ အိုးရှင်းဝေ့ကုမ္ပဏီရဲ့တာဝန်ခံ ကိုအာကာဇွဲက “ကျနော်တို့ ၅ လပိုင်း၊ ၉ ရက်နေ့မှာ အင်တာနက်တပ်ဆင်ထားတဲ့ ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရတယ်။ မန္တလေးမြို့တွင်း သုံးမြို့နယ်မှာ ၆ နေရာက ဆက်သွယ်ရေး ဖိုက်ဘာပုံးတွေ ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ ၇၀၀ ကျော် လိုင်းပြတ်တောက်ခဲကြရလို့ ဖျက်ဆီးခဲ့တဲ့သူတွေကို အရေးယူပေးဖို့ အမှတ် ၁ နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တယ်” လို့ ပြောပါတယ်။

နိုက်ဂျီးရီးယားတွင် ကလေးစစ်သား ၉၀၀ ခန့် ပြန်လွှတ်

ဘိုကိုဟာရမ်တွေအပေါ် ဆင်နွှဲတဲ့စစ်ပွဲမှာ အသုံးပြုခဲ့တဲ့ ကလေးအယောက် ၉၀၀ နီးပါးကို နိုက်ဂျီးရီးယားအစိုးရနဲ့ မဟာမိတ်ပြုထားတဲ့ ဒေသဆိုင်ရာ ပြည်သူ့စစ်အဖွဲ့တဖွဲ့က မေလ ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလိုပြန်လွှတ်ပေးတဲ့အတွက် စုစုပေါင်း ပြန်လွှတ်ပေးတဲ့ ကလေးငယ် အရေအတွက် ၁၇၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကျောက်တော်တွင် ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲ၊ ကျောင်းသားငယ်တဦး သေဆုံး

ရခိုင်​ပြည်​နယ်​ ကျောက်တော်မြို့နယ်၊ ယိုးချောင်းအတွင်းရှိ မီးယပ်ပြင်ကျေးရွာမှာ ​မေလ ၁၁ ရက်​​နေ့ ညနေ ၃ နာရီ​ကျော်​လောက်က ၇ တန်း ကျောင်းသားတဦး မပေါက်ကွဲဘဲ ကျန်နေတဲ့ ဗုံးသီးတလုံးအား နေအိမ်ယူ​ဆောင်ပြီး ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ သေဆုံးသွားပါတယ်။ေ ပါက်ကွဲမှုကြောင့် အဆိုပါကျောင်းသားဟာ ဒဏ်​ရာပြင်​ထန်​စွာရှိပြီး ​ဆေးရုံကို ပို့ဆောင်​စဉ် ​လမ်းမှာ ​​သေဆုံးသွားခဲ့​တယ်လို့ ​​​Rakhine Ethnics Congress အဖွဲ့မှ တာဝန်​ရှိသူတ​ဦးက ​ပြောပါတယ်​။

ဘိုင်ယန်မြူးနစ်နှင့် လိုက်ဇစ် ဂိုးမရှိသရေကျ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ၃၃ ပွဲမြောက် ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ လိုက်ဇစ်နဲ့ ဂိုးမရှိသရေကျလို့ ချန်ပီယံစောစောဖြစ်ရေး အခွင့်ရေးကို လက်လွှတ်လိုက်ရပါတယ်။ လက်ကျန်ပွဲ ၁ ပွဲပဲ ကျန်ပေမယ့်လည်း ဘိုင်ယန်ဟာ ဒီပွဲနိုင်ရင် ချန်ပီယံဖြစ်မှာပါ။ ဒါပေမယ့် အိမ်ရှင် လိုက်ဇစ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ဘိုင်ယန်က ဂိုးသွင်းခွင့်အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

အမုန်းစကား စည်းကမ်းကြပ်မတ်မည့် ပြင်သစ်အစိုးရကို ဖေ့စ်ဘွတ်ခ်တည်ထောင်သူ ချီးကျူး

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို တည်ထောင်သူ မတ်ခ် ဇူကာဘတ်က အင်တာနက်ပေါ်က အမုန်းစကားတွေကို စည်းကမ်း ကြပ်မတ်မယ့် ပြင်သစ်အစိုးရကို မေလ ၁၀ ရက်က ချီးကျူးလိုက်ပါတယ်။ြ ပင်သစ်မြို့တော်ပါရီမှာ သမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ တွေ့ဆုံအပြီး ခုလို ပြောလိုက်တာပါ။ အမေရိကန် အခြေစိုက် လူမှုကွန်ရက်လုပ်ငန်း ဖေ့စ်ဘွတ်ခ်ဟာ နယူးဇီလန်နိုင်ငံအတွင်း မတ်လက ပစ်ခတ်မှုရုပ်သံကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ အမြန်ဖယ်ဖို့ ပျက်ကွက်ခဲ့လို့ နိုင်ငံရေး သမားတွေနဲ့ သုံးစွဲသူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။

Myanmar National Airlines က ခရီးသည်တင် လေယာဉ် ရှေ့ဘီးမကျတဲ့အတွက် ​ပြေးလမ်းနဲ့ ရှပ်တိုက် ဦးစိုက်​အ​နေအထားနဲ့ ဆင်းခဲ့ရ

Myanmar National Airlines က ခရီးသည်တင် လေယာဉ်တစ်​စင်း မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်တုန်းမှာ ရှေ့ဘီးမကျတဲ့အတွက် ​လေထဲမှာ ဆီကုန်​​အောင်​ ဝဲပျံပြီးမှ ပြေးလမ်းနဲ့ ရှပ်တိုက် ဦးစိုက်​အ​နေအထားနဲ့ ဆင်းခဲ့ရပေမယ့် ခရီးသည်တွေ အကြီးအကျယ်​ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

လာမည့်နှစ်မှစတင်ကာ အဝေးသင်အနီးကပ် ၂ ကြိမ် ခွဲတက်ရောက်ရန် ပညာရေးမှ စီစဉ်နေ

ကန့်ကွက်မှုများရှိခဲ့သည့် အဝေးသင်(၀ိဇ္ဇာ) ၂ ကြိမ်ခွဲ တက်ရောက်ရမည့်အစီအစဉ်အား လာမည့်ပညာသင်နှစ်မှ စတင် တက်ရောက်ရန် စီစဉ်နေသည်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မဇ္ဈိမသို့ ပြောသည်။ “ဒီနှစ်မှာ မလုပ်ဖြစ်သေးဘူး။ လာမဲ့နှစ်တွေမှာ လုပ်ဖို့ စီစဉ်နေတယ်။ ရည်ရွယ်နေတယ်။ ကွာလတီကို ကောင်းချင်တဲ့အတွက်”ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။

ရပ်စောက်တွင် မီးကြွင်းမီးကျန်မှ တဆင့် ထရံသို့ ကူးစက်ကာ နေအိမ် မီးလောင်မှု ဖြစ်ပွား

Image may contain: nightရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ(၁)တွင် မေလ ၁၁ ရက်၊ နံနက် ၃ နာရီ ကျော်ခန့်က မီးကြွင်းမီးကျန်မှ တဆင့် နေအိမ်ထရံသို့ ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ(၁)နေ ဦးဌေးအောင်၏ နေအိမ်၌ ထင်းမီးဖိုဖြင့် ရေနွေးအိုး တည်ပြီးနောက် မီးကြွင်း မီးကျန်မှ တဆင့် အနီးရှိ ၀ါးထရံသို့ ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာသို့ ရပ်စောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးခိုင်ဇော်ငြိမ်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ ဒေသခံ ပြည်သူများနှင့်အတူ မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၄၃၀၀၀ ကျပ် ဖြစ်ပြီး မီး ပေါ့ဆစွာ သုံးစွဲသူ အိမ်ရှင် ဦးဌေးအောင်အား ရပ်စောက် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

သပိတ်စခန်းဖွင့်တောင်းဆိုသည့် VIP စက်ရုံလုပ်သားများ လုပ်ငန်းခွင်ပြန်ဝင်ရန် စက်ရုံကကြေညာထား

လုပ်သက်ကြေး ၊ ကျွမ်းကျင်ကြေး နှင့် လမ်းစရိတ်ရရှိရေးတို့အတွက် စက်ရုံနှင့်ညှိနှိုင်းမှုမပြေလည်ခြင်းကြောင့် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်နေသော VIP Myanmar စက်ရုံလုပ်သားများအား မေ ၁၄ ရက် နောက်ဆုံးထား၍လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် စက်ရုံဘက်က ကြေညာထားသည်။ေ မ ၁၀ ရက်ကထုတ်ပြန်ခဲ့သည့် စက်ရုံ၏ကြေညာချက်တွင် အလုပ်ရှင်နှင့်အလုပ်သမားအငြင်း ပွားမှုများဖြစ်ပေါ်နေသည့်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးနေစဉ် ကာလအတွင်း စက်ရုံပြင်ပတွင်အလုပ်သမားများက သပိတ်မှောက်ဆန္ဒပြပြီး သပိတ်စခန်းဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ အလုပ်သမားဥပဒေနှင့်ညီညွတ်ခြင်းမရှိ၍လည်းကောင်း ၊

လှိုင်းဘွဲ့တွင် ယာဉ်တစီး ပေ ၃၀ အနက် ချောက်ထဲထိုးကျ၊ ၄ ဦးသေဆုံး

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ယာဉ်တစီး ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျ တိမ်းမှောက်ခဲ့လို့ ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ ငှက်ပျောတောင်ဘုန်းကြီးကျောင်းအနီး ကမော့ပေါတောင်တက်လမ်းမှာ စိုးမိုးကျော် မောင်းနှင်လာတဲ့ ကန်တာယာဉ်ဟာ စက်ရပ်သွားပြီး တောင်ပေါ်ကနေ နောက်ပြန်လိမ့်ကျကာ ပေ ၃၀ အနက် ချောက်အတွင်း ထိုးကျတိမ်းမှောက်ခဲ့တာပါ။

အိုးဘိုအကျဉ်းထောင်တွင် သတ်မှတ် အကျဉ်းသားဦးရေထက် ပိုများနေ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသူဦးရေဟာ သတ်မှတ်လူဦးရေထက် ပိုမိုများပြားနေတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။ အိုးဘိုအကျဉ်းထောင်ဟာ အကျဉ်းကျသူ ဦးရေ ၃၅၀၀ လောက်သာ ဆန့်တာဖြစ်ပေမယ့် အမှန်တကယ် အကျဉ်းထောင်အတွင်း ရှိနေတဲ့ လူဦးရေကတော့ ၇၀၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။ “သတ်မှတ်ထားတဲ့ အကျဉ်းကျနေသူ ဦးရေထက်များနေတယ်။ များနေတဲ့အပေါ်မှာ နည်းလမ်းပေါင်းစုံနဲ့ စီမံပေးရတာပေါ့” လို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

မိုက်ဖီလန်ကို လက်ထောက်နည်းပြအဖြစ် မန်ယူခန့်အပ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုက်ဖီလန်ကို နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ အဆိုပါ အသက် ၅၆ နှစ်အရွယ် ဖီလန်ဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး နည်းစနစ်ဒါရိုက်တာအဖြစ်လည်း မကြာသေးတဲ့ အချိန်ကမှ ယူနိုက်တက်ဘက်က ကမ်းလှမ်းထားခဲ့တာလည်းဖြစ်ပါတယ်။ ဖီလန်က မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တဲ့ ၁၉၈၉ ခုနှစ်ကတည်းက သူ့ဘဝရဲ့အကြီးမားဆုံး အစိတ်အပိုင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အခုလို အရေးပါတဲ့နေရာကနေ အသင်းအတွက် လုပ်ဆောင်ပေးလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

မကြာခင် ပြီးဆုံးသွားဖွယ်ရှိသည့် ကမ္ဘာ့စံချိန်တင် အကြွေစေ့ ပိရမစ်

ပြီးခဲ့တဲ့ သုံးနှစ်လောက်တုန်းက သက်လတ်ပိုင်းအရွယ် ကိုရေနယ်ဆင်ဟာ အရွယ်စေ့တွေကို အသုံးပြုပြီး ကမ္ဘာ့အကြီးဆုံး ပိရမစ်တခုကို တည်ဆောက်ဖို့ စတင်ခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ သူဟာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အကြွေစေ့ အနည်းငယ်သာ လိုအပ်တော့တယ်လို့ မေ ၉ ရက်နေ့ OC သတင်းမှာဖော်ပြပါတယ်။ လက်ရှိကမ္ဘာ့စံချိန်ဖြစ်တဲ့ အကြီးဆုံးအကြွေစေ့ပိရမစ်ဟာ အကြွေစေ့ပေါင်း ၁၀၀၀၉၃၅ စေ့ပါဝင်ပြီး ဒါကို ၂၀၁၄ ခုနှစ်တုန်းက လစ်သူရေးနီးယား အနုပညာရှင်နှစ်ယောက်က ယူရိုကိုတရားဝင် အသုံးပြုခွင့်ရတဲ့ အထိမ်းအမှတ်နဲ့ တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးမည်ဟု အတိုင်ပင်ခံပြော

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသူတွေအတွက် လုပ်သာကိုင်သာရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့ စီးပွားရေး ဝန်းကျင်တခုကို ဖန်တီးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူ အားလုံးကိုလည်း အာရှရဲ့ နောက်ဆုံးစီးပွားရေးဥပစာဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

စီးပွားရေးအကျပ်အတည်းကြောင့် ကျူးဘားတွင် ကုန်ပစ္စည်းများ ခွဲတမ်းဖြင့် ရောင်းချမည်

အမေရိကန်အစိုးရ ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကျူဘားနိုင်ငံမှာ ကုန်ပစ္စည်းတွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချတော့မယ်လို့ အစိုးရက မေ ၁၀ ရက်နေ့မှာ ပြောကြားပါတယ်။ ကျူဘားနိုင်ငံက ဈေးဆိုင်တွေမှာ ကြက်ဥ၊ ဂျုံမှုန့်နဲ့ ကြက်သားစတဲ့ အခြေခံစားကုန်တွေ ရှားပါးလာနေပြီး ဒီစားကုန်တွေ ရောက်လာတိုင်း လူတွေဟာ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်း ၀ယ်ယူနေရပါတယ်။ ကျူဘားနိုင်ငံမှာ အသုံးပြုနေတဲ့ စားသုံးကုန်တွေရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရတာပါ။

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 11 May 2019

ရတနာတိုး(စပါး)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး(စပါး)တင်း ၁၀၀ကို ၄၃၀၀၀၀ ကနေ ၄၅၀၀၀၀ ပေါက်ဈေး ရှိပါတယ်။

တောင်ပြန်(စပါး)
နတ်တလင်းကုန်စည်ဒိုင်မှာတောင်ပြန်(စပါး)တင်း၁၀၀ကို ၉၈၀၀၀၀ ပေါက်ဈေး ရှိပါတယ်။

၁၄ ရက်ကြာမပုပ်မသိုးသည့် အောင်သုခဓမ္မရိပ်သာဆရာတော်ကြီး ရုပ်ကလာပ်တော်ကိစ္စ အငြင်းပွား

ပျံလွန်တော်မူတာ ၁၄ ရက်ရှိပြီဖြစ်တဲ့ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက်က ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ဟာ ပုပ်ပွ ပျက်စီးခြင်းမရှိတဲ့အတွက် မီးသင်္ဂြိုဟ်ပူဇော်မယ့် အဖွဲ့နဲ့ ကျောင်းမှာ ဒီအတိုင်းထား ပူဇော်မယ့်အဖွဲ့တို့ နှစ်ဖွဲ့ အငြင်းပွားမှု ဖြစ်ပေါ်နေပါတယ်။ ပဲခူးမြို့အောင် သုခဓမ္မရိပ်သာကျောင်းတိုက်က သက်တော် (၉၆) နှစ်၊ ၀ါတော် ၄၃ ၀ါဖြစ်တဲ့ အောင်သုခဓမ္မရိပ်သာကြီးရဲ့ အဓိပတိ မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာ ဆရာတော်ဘုရားကြီးဟာ ဧပြီ ၂၇ ရက်နေ့က ပျံလွန်တော်မူခဲ့ပါတယ်။

ပလတ်စတစ် သုံးစွဲခြင်းကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံနဲ့ မြို့များ

ပလတ်စတစ်ပစ္စည်းတွေ စွန့်ပစ်မှုများပြားလာတာနဲ့အမျှ ပလတ်စတစ်ညစ်ညမ်းမှုဟာလည်း တဖြည်းဖြည်းနဲ့ ကြီးထွားလာနေတာပဲ ဖြစ်ပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံသာမက သဘာဝပတ်ဝန်းကျင်ကို မှီခိုနေရတဲ့ လူသားတွေအပါအဝင် တိရစ္ဆာန်တွေကိုပါ ဆိုးဆိုးရွားရွားထိခိုက် စေနိုင် တာကြောင့် တချို့သော နိုင်ငံတွေနဲ့ မြို့တွေမှာတော့ ပလတ်စတစ်သုံးစွဲခြင်းကို လုံးဝတားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဘရာဇီး၌ ပညာရေးအသုံးစရိတ်လျှော့ချမှုကိုဆန့်ကျင်သည့်အနေဖြင့် ချီတက်ဆန္ဒပြ

ဘရာဇီး လက်ယာစွန်းသမ္မတ ဂျိုင်ယာ ဘိုဆိုနာရို၏အစိုးရက ပညာရေးအသုံးစရိတ်ကိုလျှော့ချမှုကို ဆန့်ကျင်သည့်အနေဖြင့် ရီယိုဒီဂျနေရိုမြို့လယ်၌ မေ ၁၀ ရက်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့သည်။ မူကြိုအဆင့်မှ ဘွဲ့လွန်အထိ ပညာရေးနယ်ပယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေမည့် အသုံးစရိတ်လျှော့ချမှုကို ဆန့်ကျင်သည့်အနေဖြင့် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

ပါကစ္စတန်က တရုတ်ဟိုတယ် အကြမ်းဖက်တိုက်ခိုက်ခံရ

Image may contain: sky, skyscraper and outdoorပါကစ္စတန် နိုင်ငံတွင်းမှာ တရုတ် စီမံခန့်ခွဲတဲ့ အာရေးဗျ ပင်လယ် Gwadar ရေနက် ဆိပ်ကမ်း အနီးက ကြယ် ၅ ပွင့် ဟိုတယ်တခုကို စနေနေ့တုန်းက အကြမ်းဖက်ဝါဒီတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန် အာဏာပိုင်တို့က ပြောပါတယ်။ ဟိုတယ် အပေါ်ဆုံးထပ်ထိရောက်တဲ့ လှေကား အတက်အဆင်း တခုထဲမှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေကို ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့က အလျင်အမြန် ဝိုင်းရံထားလိုက်နိုင်ပြီး ဟိုတယ်မှာ တည်းခိုသူ အားလုံးကို ဘေးအန္တရာယ် ကင်းကင်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ကျုံပျော်မြို့နှင့် ဇလွန်မြို့တွင် ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဧရာဝတီတိုင်းရှိ ကျုံပျော်မြို့နှင့် ဇလွန်မြို့တို့တွင် မေလ ၁၀ ရက်နေ့က ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရသည်။ ကျုံပျော်မြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိခဲ့သူ ယဉ်ထွေး(ခ) ပြောင်ကြီးအား စစ်ဆေးရာမှ ဇလွန်မြို့နေထိုင်သူ နုနုလွင်တို့ထံမှ ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ကလေးဒေသတွင် အပူချိန်မြင့်တက်လာမှုကြောင့် ကြက်ဥအထွက်နှုန်းကျဆင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် သင်္ကြန် ပြီးကာလမှစတင်၍ အပူချိန်မြင့် မားနေမှုကြောင့် ကြက်ခြံများ၌ ကြက်ဥအထွက်နှုန်းကျဆင်းနေပြီး ဈေးကွက်အတွင်း ကြက်ဥဈေး မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ကလေးဒေသထွက် ကြက်ဥ များကို မြန်မာ-အိန္ဒိယနယ်စပ် တမူးဈေးကွက်နှင့် ချင်းပြည်နယ် ရိဒ်ဈေးကွက်သို့လည်းကောင်း၊ ချင်း ပြည်နယ်မြို့ကြီးများဖြစ်သော ဖလမ်း၊ ဟားခါးနှင့် တီးတိန်ဈေး ကွက်များသို့လည်းကောင်း နေ့စဉ် တင်ပို့ရောင်းချနေသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံပြည်သူများ တောဆင်ရိုင်းအန္တရာယ်ကိုစိုးရိမ်

Image may contain: outdoor and natureတနင်္သာရီ တိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကျေးရွာများ၌ စိုက်ပျိုးထားသော ဥယျာဉ်ခြံများအတွင်းသို့ တောဆင် ရိုင်းများ မကြာခဏဝင်ရောက် နှောင့်ယှက် ရန်ပြုလာခြင်းတို့ကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုများဖြစ် ပေါ်နေကြောင်း သိရသည်။ေ တာဆင်ရိုင်းများစားကျက် မြေနည်းပါးလာမှုကြောင့် ဘုတ်ပြင်း မြို့နယ်ရှိ ချောင်းမွန်ခါးရွာ၊ ပိ တောက်ရွာ၊ ဝါးဒင်းရွာ၊ ဝါးချောင်း ရွာနှင့် ယုဇနဆီအုန်းခြံအနီးဝန်းကျင်ကျေးရွာများရှိ ဥယျာဉ်ခြံနှင့် ကျေးရွာများအတွင်းသို့ တောဆင် ရိုင်းများ ဝင်ရောက်စားသောက် လာသည့်အပြင် ဒေသခံပြည်သူ များနှင့် တောဆင်ရိုင်းများ ရင်ဆိုင် ကြုံရသည်အခါ လူများရန်ပြုသတ် ဖြတ်ခံရခြင်း၊ ဥယျာဉ်ခြံများဖျက်ဆီးခံရခြင်းများကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများစိုးရိမ်မှု ဖြစ် ပေါ်နေကြရသည်။

နေအပူရှိန်ကြောင့် ချောက်နှင့် ရေနံချောင်း ထန်းလျက်အထွက်နှုန်းကျ

နေပူရှိန်ကြောင့် ရေနံချောင်းနှင့် ချောက်မြို့နယ် ထွက် ထန်းလျက်အထွက်ကျသည့် အပြင် ဈေးကောင်းမရ ဈေးကျနေ ကြောင်း အထက်ပါဒေသများမှ ထန်းတောင်သူများထံက သိရ သည်။ ""နေပူရှိန်ကြောင့် ထန်း လျက်အထွက်နှုန်းမှာ မတ်လဆန်း က ထန်းလျက် ၁၅ ပိဿာရနေရာ က ယခုရက်မှာ ထန်းလျက် ၁၁ ပိဿာပဲရတယ်။ နေပူရှိန်ကြောင့် ထန်းပင်တွေ ထန်းရည်အချို အထွက်ကျနေတာပါ""ဟု ရေနံ ချောင်းမြို့ ထန်းတောင်သူ ဦးမြတ် လှမှပြောသည်။

ပဲခူးကလပ်အဆောက်အအုံ၊ သစ်ပုပ်ပင်နှင့်အင်းလျားကန်ပေါင်တို့ကိုရန်ကုန်မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်မည်ဟုဆို

-နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိသော ပဲခူးကလပ် အဆောက်အအုံအပါအဝင် သစ်ပုပ် ပင်နှင့်အင်းလျားကန်ပေါင်တို့ကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ (YHT)မှ သိရသည်။ ဒဂုံမြို့နယ် စကားဝါလမ်း၊ ရုရှားသံရုံးရှေ့တွင်ရှိသော ပဲခူး ကလပ်အဆောက်အအုံကို မေလ ကုန်တွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်သွားမည်ဟု ဆိုသည်။

မြန်မာ-ထိုင်းပိုင် မယ်ဆိုင်ချောင်း၌ ထိုင်းနိုင်ငံမှရေသွယ်ယူခြင်းနှင့် မြေထိန်းနံရံကာရံ ခြင်းကို မြန်မာဘက်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး နယ်ခြားကော်မတီမှတစ်ဆင့် တင်ပြမည်

Image may contain: outdoorရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံပိုင်ရေချောင်းအတွင်း ၌ ထိုင်းနိုင်ငံ မှရေသွယ်ယူခြင်းနှင့် ချောင်းဘေးတစ်လျှောက် မြေထိန်းနံရံများကာရံမှုကို ကန့်ကွက်လွှာ တင်ရန် မေ ၁၀ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။""ထိုင်း-မြန်မာ မီးကြိုးသွယ်တန်းထားတဲ့ အောက်ထိုင်းဘက် ခြမ်းချောင်းဘေးမှာရှိတဲ့အိမ်ပိုင်ရှင်တွေက မြေထိန်းနံရံဖောင်ဒေးရှင်းပျက်နေတာတွေကို ပြန်ပြင်တယ်။

ခေါင်းပုံဖြတ်ခံနေရသော ပြည်ပရောက် အလုပ်သမားအရေး နီးကပ်စွာလုပ်ဆောင်နေဟု ပြည်ထောင်စုဝန်ကြီး ပြော

 ပြည်ပနိုင်ငံအသီးသီးသို့ ရွှေ့ပြောင်းကာ သွားရောက်အလုပ်လုပ်ကိုင်နေသည့်အထဲတွင် အမျိုသမီးနှင့် ကလေး များပါဝင်နေပြီး ゞင်းတို့မှာ ခေါင်းပုံဖြတ်ခံရမှုများ၊ အလွဲသုံးစားပြုလုပ်ခံရမှုများ ပိုမိုကြုံတွေ့ခံစားနေရသည့် အတွက် ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် နီးနီးကပ်ကပ်ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်သည်။

လုံခြုံရေး အခြေအနေကြောင့် ပလက်ဝမြို့သို့ ဆန်တင်သွင်းခွင့် ကန့်သတ်ထား

လုံခြုံရေးအခြေအနေများကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ ဆန်တင်သွင်းသယ်ယူခွင့် ပိတ်ပင် ထားသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်က မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။ “ဆန်ပြတ်လပ်မှု ရှိနေတယ်ဆိုတဲ့ ကိစ္စကတော့ နယ်မြေလုံခြုံရေးအခြေအနေအရ တပ်မတော်နဲ့ အုပ်ချုပ်ရေးပိုင်းက သူတို့စီမံထားတာပါ” ဟု ဦးစိန်အောင်က ဆိုသည်။ သို့သော်လည်း ဆန်လိုအပ်ချက်ရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် ဆန်တင်သွင်း၍ ရရှိကြောင်း ၄င်းက ဆိုသည်။

အစိုးရသစ် သုံးနှစ်တာကာလအတွင်း နှစ်စဉ်လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယတစ်နှစ်တာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀ဝ အထိရှိခဲ့ဟုဆို

အစိုးရသစ်သုံးနှစ်တာကာလအတွင်း နှစ်စဉ် လျှပ်စစ်ဓာတ်အား ၁၂ ရာခိုင်နှုန်း တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး တတိယနှစ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးမဂ္ဂါဝပ် ၃၇၀ဝ အထိ ရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ေ မ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

(၃) ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်ထီတွင် ထီစာအုပ်နှစ်သိန်းခွဲကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိသော်လည်း (၄) ကြိမ်မြောက်တွင် ထီစာအုပ် ငါးသိန်းနီးပါး တိုးမြှင့်ရောင်းချမည်

(၃) ကြိမ်မြောက် ၁၀ဝ၀ တန်ထီတွင် ထီစာအုပ် နှစ်သိန်းခွဲကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့သော်လည်း ယခု (၄) ကြိမ်မြောက်ထီတွင် ထီစာအုပ်ငါးသိန်းနီးပါးတိုးမြှင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ယခင် (၃) ကြိမ်မြောက်ကျပ် ၁၀ဝ၀ တန်ထီတွင် “က” အက္ခရာမှ “ကဃ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၃၇) လုံး၊ ထီစာအုပ် ၃၀၂ ၇၂၆၆ အုပ်ရောင်းချပေးခဲ့သည်။

အော်တိုမီးပွိုင့်စနစ် စမ်းသပ်စဉ် မီးပြတ်၍ စမ်းသပ်မှု ခေတ္တရပ်ဆိုင်းခဲ့ရ

 ရန်ကုန်မြို့ရှိ မီးပွိုင့် အားလုံးနီးပါးကို မေ ၈ရက်နှင့် ၉ ရက်နေ့တို့တွင် ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ အော်တို စနစ်ဖြင့် စမ်းသပ်ထိန်းချုပ်ခဲ့ပြီး မီးပြတ်သဖြင့် စမ်းသပ်မှုခေတ္တရပ်ဆိုင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှသိရသည်။  “ စမ်းသပ်တာတော့ ကျွန်တော်တောင်မသိသေးဘူး။ သိတာတော့ မီးပြတ်တော့လေ ကားတအားကျပ်သွားလို့ ရပ်လိုက်တယ်လို့ပဲသိထားတယ်”  ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

အီရန်အား တန်ပြန်ရန် အမေရိကန်က ပက်ထရိယော့ဒုံးကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းနေ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဂါဇီယန်တက်ရှိ တူရကီ စစ်စခန်း၌ ပက်ထရိယော့ဒုံးတစ်ခုကို တွေ့ရစဉ် (Photo: AFP)အီရန်၏ခြိမ်းခြောက်မှုများအား တန်ပြန်ရန် အမေရိကန်သည် အရှေ့အလယ်ပိုင်းသို့ ပက်ထရိယော့ဒုံးကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်က မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ အီရန်သည် ဒေသတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ သို့မဟုတ် အကျိုး စီးပွားများကို တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိကြောင်း စိုးရိမ်မှုများကို ထင်ဟပ်ခဲ့သည်။ အီရန်တော်လှန်ရေး အစောင့်တပ်က ထိန်းချုပ်ထားသည့် သင်္ဘ࿿ောငယ်များပေါ်သို့ စစ်လက်နက်ပစ္စည်းများနှင့် ဒုံးများကို တင်ဆောင်နေကြောင်း ထောက်လှမ်းရေးအချက်အလက်များက ပြသခဲ့ပြီးနောက် ထိုဒုံးအား ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကျန်ရှိသော တရုတ်သွင်းကုန် အားလုံးအပေါ် စည်းကြပ်ခွန်တိုးမြှင့်ရန် ထရန့် ညွှန်ကြား

ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံး တရုတ်ထံမှ ကျန်ရှိသော သွင်းကုန်အားလုံးကို စည်းကြပ်ခွန်များ ချမှတ်မှုအား တိုးမြှင့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၁၀ ရက်တွင် ညွှန်ကြားခဲ့သည်။ တရုတ်ကမူ ထိုပြဿနာအား ဖြေရှင်းနိုင်ရန် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

အိုဘားမားထံ တရားမဝင် အလှူငွေထည့်မှုအတွက် အဆိုတော်တစ်ဦးနှင့် မလေးရှားလုပ်ငန်းရှင်တစ်ဦး စွဲချက်များတင်ခံရ

၁၉၉၇ ခုနှစ် ဧပြီ ၁၂ ရက်တွင် ဟေတီ၌ ဖျော်ဖြေပွဲတစ်ခုတွင် မီချယ်က ဖျော်ဖြေနေစဉ် (Photo: AP)အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းစဉ် ゞင်းထံ အလှူငွေ တရားမဝင်ထည့်ဝင်မှုအတွက် ဟစ်ဟော့ပ်အဖွဲ့ Fugees ထူထောင်သူတစ်ဦးနှင့် မလေးရှား လုပ်ငန်းရှင်တစ်ဦးတို့သည်  စွဲချက်တင်ခံခဲ့ရသည်။ အသက် ၄၆ နှစ်ရှိ ဟေတီ-အမေရိကန် ရက်ပ်အဆိုတော် ပရာ ကစ်ရယ်ပရက်စ်မီချယ်နှင့် အသက် ၃၇ နှစ်ရှိ လိုတက်ဂျိုးတို့သည် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုနှင့် အခြားစွဲချက်များ စွဲဆိုခံထားရကြောင်း မေ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သော စွဲချက်များတွင် ဖော်ပြခဲ့သည်။

ဝက်တုပ်ကွေး ဖြစ်ပွားနေသောဝက်ကို တွေ့ရှိခဲ့ပြီးနောက် ဟောင်ကောင်က ဝက် ၆၀ဝ၀ ကို သုတ်သင်မည်

တရုတ်နယ်စပ်အနီး ဝက်သတ်ရုံရှိ ဝက်တစ်ကောင်တွင် အာဖရိက ဝက်တုပ်ကွေးကို တွေ့ရှိခဲ့ပြီးနောက် ဟောင်ကောင်က ဝက်အကောင်ရေ ၆၀ဝ၀ ကိုသုတ်သင်မည်ဖြစ်သည်။ လူဦးရေသိပ်သည်းသောဘဏ္ဍဍာရေး ဆုံချက် ဟောင်ကောင်တွင် ပထမဦးဆုံး ဝက်တုပ်ကွေးဖြစ်လာခဲ့သည်။ “ဝက်သတ်ရုံကနေ ပြန့်ပွားလာမယ့် အာဖရိက ဝက်တုပ်ကွေး အန္တရာယ်အနည်းဆုံးဖြစ်သွားစေဖို့ သန့်ရှင်းရေးလုပ်တာ၊ ပိုးသတ်ဆေးဖြန်းတာ တို့ကိုလုပ်ဆောင်တာကနေ ရှောင်းရွှီဝက်သတ်ရုံက ဝက်အားလုံးကို သုတ်သင်ပစ်မှာ ဖြစ်ပါတယ်” ဟုဟောင်ကောင် အစားအစာ နှင့် ကျန်းမာရေးဌာနအတွင်းဝန် ဆိုဖီယာချန်းက မေ ၁၀ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်မည့် ကုလသမဂ္ဂ သဘောတူညီချက်ကို နိုင်ငံ ၁၈၀ က သဘောတူ

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်ပို့နေခြင်းများအား ထိန်းချုပ်ရန် ကုလသမဂ္ဂ သဘောတူညီချက်အသစ်ကို နိုင်ငံ ၁၈၀ ဝန်း ကျင်က မေ ၁၀ ရက်တွင် သဘောတူညီခဲ့ကြသည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ဂျီနီဗာတွင် ကိုယ်စားလှယ် ၁၄၀ဝ ခန့်သည် ၁၂ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ထို သဘောတူညီချက် ရရှိသွားကြခြင်းဖြစ်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းကိစ္စသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်သည်ဟု ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ အမှုဆောင်အတွင်းရေးမှူး ရော့ဖ်ပေယက်က ခေါ်ဆိုခဲ့သည်။

ဘဏ္ဍဍာရေး စီမံမှုအလွဲ

ဘဏ္ဍဍာရေးအား တမင်ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မှားယွင်းသော၊ ဆိုးရွားသော၊ နမော်နမဲ့နိုင်သော၊ ထိရောက်မှုမရှိသော၊ ပိုင်နိုင်ကျွမ်းကျင်မှုမရှိသောဟု သတ်မှတ်နိုင်သည့် နည်းလမ်းမျိုးဖြင့် ကိုင်တွယ်စီမံခြင်းကို ဘဏ္ဍဍာရေးစီမံမှုအလွဲဟု ဆိုနိုင်ပြီး ယင်းက လုပ်ငန်းတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦး၏ ဘဏ္ဍဍာရေးရပ်တည်မှုအပေါ် အနုတ်လက္ခဏာဆောင်သည့်သဘော ထင်ဟပ်စေလိမ့်မည်ဖြစ်သည်။ ဘဏ္ဍဍာရေးဆိုင်ရာ စီမံမှုအလွဲ ဖြစ်ပေါ်ပုံနှင့်ပတ်သက်၍ နည်းလမ်းများစွာကို တွေ့နိုင်သည်။

နော်တာဒိန်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြန်လည်ပြင်ဆင် မွမ်းမံမှုနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းကို ပြင်သစ်ဥပဒေပြု အမတ်များက အတည်ပြု

ပြီးခဲ့သည်လတွင် မီးလောင်ကျွမ်းခဲ့ပြီး ကြီးမားသည့်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ပါရီ၏ နာမည်ကျော် နော်တာဒိန်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးကို ငါးနှစ်အတွင်း ပြန်လည်ပြင်ဆင် မွမ်းမံမှုများ လုပ်ဆောင်ရန်အတွက် အငြင်းပွားဖွယ် ဥပဒေမူကြမ်း တစ်ခုကို ပြင်သစ်ဥပဒေပြု အမတ်များက မေ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။ဧပြီ ၁၅ ရက် မီးလောင်ကျွမ်းမှုတွင် သစ်သားခေါင်မိုးများ အကြီးအကျယ် ပျက်စီးခဲ့သည် သက်တမ်းနှစ် ၈၅၀ ရှိသည့် ဥရောပ အလယ်ခေတ် ဗိသုကာပညာလက်ရာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတော်ကြီးကို ပြန်လည်ပြင်ဆင် မွမ်းမံမှုသည် အစိုးရအတွက် မကြုံစဖူး စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကျပ်တစ်ထောင်တန်ထီ ဘယ်သူရှုံးပြီး ဘယ်သူမြတ်နေလဲ

ကျပ်တစ်ထောင်တန် ထီလက်မှတ်တန်ဖိုးသည် အခြေခံလူတန်းစားများအတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဝေဖန်မှုများရှိသည်။ ရောင်းမကုန်၍ ထီထွက်ခါနီးတိုင်း ဈေးလျော့ရောင်းနေရသည်။  အခြေခံလခစားဝန်ထမ်းဖြစ်သည့် ကိုသိန်းဦးအတွက် အမြန် ဆုံးသူဌေးဖြစ်စေမည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ထီပေါက်ရန် မှလွဲ၍ အခြားမရှိခြင်းကြောင့် ထီထိုးခြင်းဖြင့် သူ၏မျှော်လင့်ချက်ကို ထီလက်မှတ်များထံပုံအပ်ထားသည်။ ၀န်ဆောင်မှုကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သည့်ကိုသိန်းဦး အနေဖြင့် လကုန်ရက်ရောက်သည်နှင့် ထီဆိုင်သို့သွားကာစိတ်ကြိုက်နံပါတ်ရွေး၍ ထီထိုးခြင်းကို လစဉ်မပျက်ပြုလုပ်လေ့ရှိသည်။

ချစ်ခြင်းမေတ္တာတရားနှင့် မဟာလူသားများ

၂၀၁၉ နှစ်ကမ္ဘာ့ကြက်ခြေနီနေ့ ၏  ဆောင်ပုဒ်မှာ ‘ချစ်ခြင်း မေတ္တာ’ (Love) ဟူ၍ဖြစ်ပါသည်။ ကြက် ခြေနီအလုပ်သည် ပရဟိတအလုပ်တစ်ခုဖြစ်သည်။ မည်သည့်အ ကျိုးတစ်စုံတစ်ရာမှ မျှော်ကိုးခြင်းမရှိဘဲ စေတနာ့ဝန်ထမ်းအကျိုး ဆောင်ကြခြင်းဖြစ်သည်။ သူဌေးသူကြွယ်၊ ဆင်းရဲသားဟူ၍လည်း ခွဲခြားဆက်ဆံခြင်းမရှိ။ လူသားနှင့်တိရစ္ဆာန်ဟူ၍ပင် ခွဲခြားမှုမရှိပေ။ အားကြီးသူကို မျက်နှာသာပေး ခြင်း၊ အားနည်းသူကို လျစ်လျူရှု ခြင်းမျိုးလည်း မရှိ။ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်အယူဝါဒ အောက်တွင်မှ ရှိမနေဘဲ လွတ်လပ်စွာ တည်ရှိနေသော အဖွဲ့အ စည်းဖြစ်သည်။

မြေစာပင်ဝတ္ထု

(၁)   ရထားဥသြသံကြားတာကျွန်တော်လည်း ဆိုင်ကယ်သော့လေးယမ်းပြီး ဘူတာပေါ် တက်လာခဲ့တယ်။ ဒီနေ့ သောကြာနေ့လေ။ ဒီလိုသောကြာ ညနေတိုင်း ဒီမြို့ ပတ်ရထားနဲ့ ကျွန်တော့်ဖောက် သည်ကြီး လိုက်ပါလာနေကျ။ ရထားကြီးရဲ့ ရှိရှိသမျှ ဘီးတွေ အကုန်လုံး ရပ်တန့်သွားမှ အတက်ခရီးသည်တွေ ကြားကနေ ရုံး လက်ဆွဲအိတ်ကလေးဆွဲပြီး သူ ဆင်းလာနေကျ။ သံလမ်းတွေ၊ ဇလီဖားတုံးတွေနဲ့ ကျောက်စရစ် ခဲတွေကို ဟိုတစ်လှမ်း၊ ဒီတစ် လှမ်း နင်းဖြတ်ပြီး သူဘူတာပေါ် တက်လာနေကျပေါ့။ ပြီးရင်တော့ ပါဝါမျက်မှန်ခပ်ထူထူကြီးကို မ,မ ပြီး ကျွန်တော့်ကိုရှာတော့တာပဲ။

စိုက်ပျိုးမွေးမြူရေး ၄.၀(၃)

ကမ္ဘာ့လူဦးရေတိုးတက်လာ ခြင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် စိုက် ပျိုးမွေးမြူရေး ၄.၀ ၏ နည်းပညာ များ၊ စနစ်များအား ပြောင်းလဲအ သုံးချရန် လိုအပ်လာကြောင်းကို ဧပြီလ၂၉ ရက်ထုတ် 7Day Daily သတင်းစာတွင် ‘စိုက်ပျိုးမွေးမြူ ရေး ၄.၀’ ဆောင်းပါးအမှတ်(၂) အဖြစ် တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါ သည်။ ယခုဆောင်းပါးတွင်မူ စိုက်ပျိုးမွေးမြူရေး ၄.၀ နည်း ပညာများကို အသုံးပြုရန်လိုအပ်ရ ခြင်းအကြောင်းရင်း နောက် ထပ်တစ်ခုကို အသေးစိတ်ဆွေး နွေးတင်ပြလိုပါသည်။

အစိုးရအလွှဲအပြောင်းပေးရန်ကျန်ငွေ တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးရှိဟု စာရင်းစစ်ချုပ် အတည်ပြု

အစိုးရအလွှဲအ ပြောင်းတွင် မကွေးနှင့်ဧရာဝတီ တိုင်းကဲ့သို့ ပေးသွင်းရန်ကျန်နေ သည့် ငွေစာရင်းများ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်အားလုံးလို လိုတွင် ရှိနေသည်ဟု ပြည်ထောင် စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောသည်။ ‘‘အကုန်လုံးနီးပါးလောက်ပါ ပဲ’’ ဟု ၎င်းကဆိုသည်။ေ နပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ မေလ ၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲအပြီး 7Day Daily က ယင်းနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

‘စိန’က အပြန်

အထုပ်အပိုးကိုယ်စီ ထမ်း သယ်လာကြသည့် လူ ၃၀ ကျော် ရှိမည့် လူအုပ်ကြီးတစ်စုသည် တရုတ်ပြည်တစ်နေရာရှိ လူစည် ကားရာ မီးပွိုင့်တစ်ခုတွင် ရပ် လိုက်ကြသည်။ လူအုပ်အလယ် တွင် မိန်းကလေးခြောက်ဦးခန့် ပါပြီး ထိုမိန်းကလေးများကို ယောက်ျားသားများက ပတ်ပတ်လည်ကာထားကြသည်။ စိုးထိတ် နေကြသော မျက်လုံးကိုယ်စီဖြင့် ထိုလူစုသည် ဘေးပတ်ပတ်လည် ရှိ ဆိုင်ခန်းများ၊ လူအများကြားစေ ရန် ပလိစ်ဟဲမီ... ၊ ဝဲလ်အစ်စ် သယ်ပုလိစ်စတေရှင် စသဖြင့် အော်ဟစ်ကြသည်။

ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဆရာတော်ကြီး မိန့်မှာခဲ့သည့်အတိုင်း မီးသဂြုင်္ိဟ် ပူဇော်မည်

ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော်ကြီး ရုပ်ကလာပ်တော်အား ဒါယကာ၊ ဒါယိကာမများက မီးပူဇော်ခြင်း မပြုဘဲ စံကျောင်းဖြင့်သာ ကိုးကွယ်ပူဇော်လိုသော်လည်း ဆရာတော်ကြီး မိန့်ကြားခဲ့သည့်အတိုင်း ရုပ်ကလာပ်တော်အား မေ ၁၂ ရက် (ယနေ့)တွင် မီးသဂြုင်္ိဟ် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ကြီး ဦးစန္ဒိမာမှာ သက်တော် ၉၆ နှစ်၊ ၀ါတော် ၄၃ ၀ါရှိပြီး အောင်သုခ ကျောင်းတိုက်ကို တည်ထောင်ခဲ့သော ပဓာန နာယကဆရာတော်ဖြစ်ပြီး နိုင်ငံကျော်ဆရာ တော်ကြီးဖြစ်ကာ နိုင်ငံအများအပြားတွင် တပည့်ဒကာများ ကိုးကွယ်လျက်ရှိသော ဆရာတော်ဖြစ်ကြောင်း သိရသည်။

ယီမင် Hothi သုပုန်တွေ Hodeida က စတင်ဆုတ်ခွါ

ကုလသမဂ္ဂငြိမ်းချမ်းရေး သဘောတူညီချက်အရ ယီမင်နိုင်ငံက Hodeida၊ Salif နဲ့ Ras-Issa ဆိပ်ကမ်းတွေကနေ ဟူသီသူပုန်တို့ စနေနေ့မှာ စတင်ဆုတ်ခွာလာကြပါတယ်။ ဟူသီသူပုန်တွေ တပ်ဆုတ်မှုကို စနေနေ့မှာ စတင်ပြီး အင်္ဂါနေ့မှာ အပြီးသတ် တပ်ဆုတ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ တပ်ဆုတ်ရေးဆိုင်ရာ ကော်မတီ RCC ဥက္ကဋ္ဌ Michael Lollesgaard က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် ရဲအရာရှိတစ်ဦးနှင့်အရပ်သား(၅)ဦးကို ပြန်ပေးဆွဲသည့်အဖွဲ့တွင် ရဲအရာရှိများပါဝင်နေကြောင်း ကနဦးစစ်ဆေးတွေ့ရှိထား

ထိုင်းနိုင်ငံ ပတ္ထနီမှ ရဲအရာရှိတစ်ဦးနှင့် သူငယ်ချင်း(၅)ဦးကို ပြန်ပေးဆွဲကာ ဘတ်(၅)သိန်းတောင်းခံသည့် ပြန်ပေးအဖွဲ့တွင် ရဲအရာရှိ အနည်းဆုံး (၃)ဦးပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။ လူ(၁၀)ဦးခန့်ပါဝင်သည့်အဖွဲ့က ပတ္ထနီမှ ရဲအရာရှိနှင့် အရပ်သား (၅)ဦးတို့ကို ၂၀၁၉ ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲအရာရှိ၏ ပစ္စတိုနှစ်လက်ကို သိမ်းဆည်းသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရက မဟာဗျူဟာကျ လုပ်ကိုင်လိုသည့် စီမံကိန်း ၈၀ ကို မိတ်ဆက်

ရန်ကုန်တိုင်းအတွင်း အစိုးရက မဟာဗျူဟာကျလုပ် ကိုင်လိုသည့် စီမံကိန်း ၈၀ ကို စီမံကိန်းဘဏ်(Project) တွင် ထည့်သွင်းထားပြီး တိုင်းအစိုးရက ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စတင်မိတ်ဆက်ခဲ့သည်။ ထိုစီမံကိန်းများသည် ရန်ကုန်တိုင်းအစိုးရ၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊ တိုင်း စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က အကောင်အ ထည်ဖော်လိုသည့်  စီမံကိန်းများ ဖြစ်သည်။

အနာဂတ်အစီအစဉ်မရှိဘဲ အသင်း၌ဆက်ရှိနေပါက ရူးမိုက်ရာကျမည်ဟု စပါးနည်းပြပြော

လက်ရှိလည်ပတ်နေ သောပုံစံကို အပြောင်းအလဲမပြု လုပ်ဘဲ အလားတူအောင်မြင်မှုမျိုး ရရှိရန် မျှော်လင့်နေပါက အသင်း ၌ ဆက်ရှိနေခြင်းသည် ရူးမိုက်ရာ ကျမည်ဟု စပါးနည်းပြပိုချက် တီနိုက ပြောသည်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် စပါးသည် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက် နောက် ပိုင်း ကစားသမားတစ်ဦးမျှ ခေါ် ယူအားဖြည့်ခြင်းမရှိပေ။ စပါးနည်းပြသက်တမ်း ငါး နှစ်ရှိလာပြီဖြစ်သော ပိုချက်တီနို သည် ယခုနွေရာသီတွင် စပါး ဥက္ကဋ္ဌလီဗိုင်းနှင့်ဆွေးနွေးရန် စီ စဉ်ထားသည်။

ယူအီးအက်ဖ်အေကို လီဗာပူး၊ စပါး ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်ပရိသတ်များဝေဖန်

ချန်ပီယံလိဂ်နှင့် ယူရိုပါ လိဂ် ဗိုလ်လုပွဲလက်မှတ် သုံးပုံ တစ်ပုံသာ ခွဲဝေပေးခဲ့ပြီးနောက် လီဗာပူး၊ စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်ပရိသတ်များက အရှက်ရဖွယ်ဆက်ဆံပုံနှင့် ပတ် သက်၍ ယူအီးအက်ဖ်အေကို ဝေ ဖန်ကာ အောက်ခြေသိမ်းပြုပြင် ပြောင်းလဲရန်တောင်းဆိုခဲ့သည်။ ယင်းဥရောပပြိုင်ပွဲကြီးနှစ် ရပ် ဗိုလ်လုပွဲများနှင့်ပတ်သက်၍ ယူအီးအက်ဖ်အေသည် ငွေကြေး သဲ့ယူနေကြောင်း ပရိသတ်များက စွပ်စွဲပြီး ပွင့်လင်းမြင်သာမှုရှိစေလို နေသည်။ လက်မှတ်အချို့ကို ပွဲစား များ၏ ဝက်ဘ်ဆိုက်များတွင်ပေါင် ၅,၅၀၀ ဖြင့် ဝယ်ယူရရှိနိုင်သည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်သော ဆန်စပါးစီမံကိန်းသစ် စတင်မည်

ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ကာကွယ်နိုင်သော ဆန် စပါးစီမံကိန်းသစ်တစ်ခု စတင် မည်ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးက မေလ ၁၀ ရက်တွင် သတင်းထုတ် ပြန်သည်။ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည် နယ်တစ်ဝန်းမှ အသေးစားတောင်သူ ၄,၀၀၀ ကို ရာသီဥတုပြောင်းလဲ မှုဒဏ်မှ ကာကွယ်စောင့်ရှောက် ရန် ရေရှည်တည်တံ့နိုင်သော ဆန်စပါးစီမံကိန်းသစ်ကို စတင် မိတ်ဆက်ဝေမျှမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဖိအားရှိနေခြင်းက အလွန်ကောင်းဟု မန်စီးတီးနည်းပြပြော၊ ပရီးမီးယားလိဂ်နောက်ဆုံးပွဲတွင် လီဗာပူး၌ ဆာလက်ပါဝင်

 လက်ရှိချန်ပီယံမန်စီးတီး က ဘရိုက်တန်ကွင်း၌ နိုင်ပွဲရလျှင် ယခုရာသီပရီးမီးယားလိဂ်ဖလားရရှိမည့်အနေအထားတွင် မန်စီးတီးနည်းပြ ဂွာဒီယိုလာက အဓိကပြိုင်ဘက် လီဗာပူးကို နောက်မှလိုက်ရခြင်းထက် ဦးဆောင်ထားနိုင်ခြင်းက ပိုမို ကောင်းမွန်သည်ဟု ပြောသည်။ ယင်းအနီးဆုံးအသင်းကို တစ်မှတ်ဖြတ်ဦးဆောင်ထားစဉ် မန်စီးတီးက ဘရိုက်တန်အသင်း အိမ်ကွင်းသို့ သွားရောက်ကစား မည်ဖြစ်သည်။ လီဗာပူးက ဝုဖ်လ်ဗာဟမ်တန်ကို လက်ခံကစားရ မည်ဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဆာလက်ပါဝင်ကစားမည်ဟု နည်းပြကလော့ပ်က ပြောသည်။

ဇွဲကရင်တောင်ပေါ်က မှန်ချပ်ခင်းရင်ပြင်ရဲ့ကြံခိုင်မှုကို ပညာရှင်အဖွဲ့လွှတ်ကာ ထပ်မံစစ်ဆေးမယ်

ဇွဲကပင်တောင်ပေါ်မှာ ခင်းထားတဲ့ မှန်ချပ် ရင်ပြင်ရဲ့ ကြံခိုင်မှုအတွက် ကရင်ပြည်နယ်အစိုးရက ပညာရှင်တွေ ထပ်မံ စေလွှတ်ကာ စစ်ဆေးမှုတွေ ပြုလုပ်မယ်လို့သိရပါတယ်။ မှန်ချပ်ရင်ပြင်စတင်ဆောက်လုပ်စဉ်ကတည်းက ပညာရှင် မပါဝင်တဲ့အတွက် ဝေဖန်မှုတွေရှိတဲ့အပြင် ပြည်နယ်အစိုးရ အဖွဲ့က စစ်ဆေးရေးအဖွဲ့ကို စေလွှတ် ကာ စစ်ဆေးစေခဲ့ပါတယ်။ ဒီလို စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေကတော့ ရင်ပြင်တော်မှာ ကြံခိုင်မှု အားနည်းတယ်လို့ ထောက်ပြခဲ့ပါတယ်။

ဘရာဇီးနောက်တန်းလူ ဒေးဗစ်လူးဝစ် ချယ်လ်ဆီးအသင်းနှင့် ၂ နှစ်သက်တမ်းတိုး

 ချယ်လ်ဆီးနောက်တန်း လူ ဒေးဗစ်လူးဝစ်သည် အသင်း နှင့် ၂ နှစ်သက်တမ်း တိုးခဲ့သည်ဟု ချယ်လ်ဆီးအသင်းက ထုတ်ပြန် ကြေညာသည်။ ဘရာဇီးလက်ရွေးစင်သည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားပြီး ချယ်လ်ဆီးကို ထိပ်သီးလေးသင်း စာရင်းဝင်ရန်နှင့် အာဆင်နယ်နှင့် ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိရန် ကူညီခဲ့သည်။ ‘‘ကျွန်တော်ဒီမှာရှိနေတာ အရမ်းကိုပျော်ရွှင်ပြီး ဆက်နေဖို့ အခွင့်အရေးရတာကိုလည်း ပျော် ပါတယ်။ လူငယ်ကစားသမားတစ်ယောက်လို ရည်မှန်းချက်ရှိနေ တုန်းပါပဲ’’ ဟု လူးဝစ်က ကလပ် ဝက်ဘ်ဆိုက်တွင် ပြောသည်။

အနောက်တောင်မုတ်သုံလေ မေလ ၁၅ ရက် နောက်ပိုင်း ဝင်ရောက်နိုင် အားမကောင်း၍ မိုးအားလျော့နိုင်ဟု ဒေါက်တာထွန်းလွင် သတိပေး

အနောက်တောင်မုတ် သုံလေသည် မေလ ၁၅ ရက်တွင် မြန်မာနိုင်ငံတောင်ပိုင်းသို့ စတင် ဝင်ရောက်နိုင်သော်လည်း မုတ်သုံ လေအားမကောင်း၍ မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။  ‘‘မုတ်သုံလေက ဝင်တာ နောက်ကျတဲ့အပြင် အားလည်း မကောင်းဘူး။ ဒါတွေက စိုက်ပျိုး ရေးတောင်သူတွေအတွက်တော့ ရေလိုအပ်ချက်ရှိလာနိုင်တယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိ ပေးသည်။

တီမောကို ဂိုးပြတ်နိုင်သော်လည်း လိုအပ်ချက်များရှိသေးကြောင်း မြန်မာယူ-၁၅ အမျိုးသမီးနည်းပြဆို

အာဆီယံယူ-၁၅ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တီမောအသင်းကို ဂိုးပြတ် အနိုင်ရသော်လည်း အသင်း၌ လိုအပ်ချက်များ ရှိနေသေးကြောင်း မြန်မာယူ-၁၅ အမျိုးသမီးနည်းပြချုပ် ဒေါ်မေသူထွန်းက ပြောသည်။ေ မလ ၁၀ ရက်က ထိုင်းနိုင် ငံချောင်ဘူရီမြို့၌ ယှဉ်ပြိုင်သည့် အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က) အဖွင့်ပွဲတွင် မြန်မာအသင်းက တီမောအသင်းကို ပွဲချိန်တစ်လျှောက် ခြေစွမ်းအသာ ဖြင့် ဖိအားပေးကစားပြီး ၂၆-၀ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။ ယင်းရလဒ်သည် အာဆီယံယူ-၁၅ အမျိုးသမီးပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

မြန်မာယူ -၂၂ ဘောလုံးအသင်းနှင့် တောင်ကိုရီးယားကလပ် ခြေစမ်းမည်

 မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်းသည် တောင်ကိုရီးယား တက္ကသိုလ် ဖိတ်ခေါ် ပြိုင်ပွဲတွင် မယှဉ်ပြိုင်တော့သဖြင့် ကေလိဂ်(၁)ကလပ်ပိုဟန်းစတီးလားနှင့် ခြေစမ်းရန် စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။  ကိုရီးယားကလပ် ပိုဟန်း စတီးလားအသင်းသည် မေလ နောက်ဆုံးပတ်တွင်  ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ လာရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ ပိုဟန်းစတီးလားအသင်းသည် ရန်ကုန်ခြေစမ်းခရီးစဉ်အတွင်း မြန်မာယူ-၂၂ အသင်း၊ မြန်မာလိဂ်ကလပ် တစ်သင်းတို့နှင့် ယှဉ်ပြိုင်ရန် စီစဉ်ထား သည်။

ဗိုလ်လုပွဲနှစ်ပွဲနှင့် ချန်ပီယံလိဂ်ဝင်ခွင့်က ဟာဇက်ကို အသင်းမပြောင်းရန် မတားဆီးနိုင်ဟု နည်းပြဆာရီပြောကြား

 ချယ်လ်ဆီး၏ ပရီးမီး ယားလိဂ်ထိပ်တန်းလေးသင်းဝင်၊ မဝင်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲနေ ရာရခြင်းတို့က အသင်းတွင် ဟာ ဇက်ဆက်နေရန် အထောက်အကူ ဖြစ်စေမည်လား ဆိုခြင်းအပေါ် ချယ်လ်ဆီးနည်းပြ ဆာရီက သံသ ယရှိကြောင်း ပြောကြားသည်။ ချယ်လ်ဆီးသည် ကာရာဘောင်ဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို ရှုံးခဲ့ပြီး အာဆင်နယ်နှင့်ယူရိုပါလိဂ်ဖလား လုရမည်ဖြစ် သည်။

ရန်ကုန်တွင် အမှိုက်ရှင်းထားသော နေရာအချို့၌ ရက်ပိုင်းအတွင်း အမှိုက်ပြန်ပစ် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို အစိုးရက ထိရောက်စွာ အရေးယူရန် Clean Yangon အဖွဲ့ တိုက်တွန်း

Clean Yangon အဖွဲ့ က ရှင်းလင်းခဲ့သော နေရာအချို့ ၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ပြန်ရှိလာသောကြောင့် အစိုးရတာဝန်ရှိသူများက စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ထိရောက် စွာ အရေးယူပေးရန် ယင်းအဖွဲ့က တိုက်တွန်းပြောကြားသည်။ Clean Yangon အဖွဲ့က လူစည်ကားရာ နေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်း၊ အ မှိုက်များစွန့်ပစ်ခြင်းနှင့် ပတ်သက် ၍ အသိပညာပေးဟောပြောပွဲ များ၊ စွန့်ပစ်ပလတ်စတစ်အမှိုက် များကို ပြန်လည်အသုံးပြုနည်း (Recycle) လက်မှုသင်တန်းပေး ခြင်းကို ၂၀၁၇ မေလ ၁၀ ရက်က စတင်ဆောင်ရွက်ခဲ့သည်။ 

ငယ်ဘဝတွင် အူရောင်ရောဂါဖြစ်ဖူးသူများ အရွယ်ရောက်ချိန်၌ ကင်ဆာအန္တရာယ် သတိထားရန် လိုအပ်

ကလေးဘဝတွင် အူရောင်ရောဂါဖြစ်ပွားသူများသည် ဘဝ နောက်ပိုင်း ကင်ဆာရောဂါဖြစ်နိုင်သည့်အန္တရာယ် မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ အသက်(၁၈)နှစ်မပြည့်မီ ပြင်းထန်သော အူရောင်ရောဂါရှိသူ များသည် ကင်ဆာရောဂါဖြစ်နိုင်သည့်အန္တရာယ် ၂ ဒသမ ၅ ဆ ပို မြင့်မားကြောင်း Alimentary Pharmacology & Therapeutics ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုအရ သိရသည်။

အစိုးရသက်တမ်းသုံးနှစ်ကျော်ချိန်တွင် မီဒီယာနှင့် ဆက်ဆံရေးကောင်းအောင် လုပ်မည်ဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်းအစိုးရ သက်တမ်းသုံးနှစ်အတွင်း သတင်း မီဒီယာနှင့်ကောင်းမွန်သည့်ဆက် ဆံရေးတည်ဆောက်နိုင်မှုမရှိခြင်း က အားနည်းချက်တစ်ခုဖြစ်ခဲ့ သည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။  ရန်ကုန်တိုင်းအစိုးရသက် တမ်းသုံးနှစ်အတွင်း မှားယွင်း သည့် ဆောင်ရွက်ချက်၊ စိန်ခေါ် မှုများနှင့်ပတ်သက်၍ မေလ ၁၀ ရက်က ရန်ကုန်မြို့ရှိ LOTTE ဟို တယ်၌ ပြုလုပ်သော ရန်ကုန်ရင်း နှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ တွင် ပါဝင်သော အဖွဲ့လိုက်ဆွေးနွေးပွဲတစ်ခု ၌ ဝန်ကြီးချုပ်က ပြောကြားသည်။

ပြည်ပမှ သစ်လုံးတန် ၆၀ ခန့် ပထမဆုံးအကြိမ်တင်သွင်း

သစ်အခြေခံ စက်ရုံများ ကုန်ကြမ်းလိုအပ်ချက် မြင့်မား လာသဖြင့် အာဖရိကတိုက်ရှိကွန် ဂိုနိုင်ငံမှ သစ်လုံးတန် ၆၀ ခန့်ကို ပြည်တွင်းသို့ တင်သွင်းခဲ့ကြောင်း အဆိုပါ သစ်လုံးများတင်သွင်းခဲ့ သည့် Jewellery Teak Timber ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းချီက ပြောသည်။ သမိုင်းတစ်လျှောက် သစ် တင်ပို့ရောင်းချခဲ့သည့် မြန်မာ နိုင်ငံသည် ယခင်က ပြည်ပနိုင်ငံများမှ သစ်ခွဲခြမ်းနှင့် အချောထည်များသာတင်သွင်းခဲ့ဖူးသော်လည်း   ယခုကဲ့သို့ သစ်အလုံးလိုက်    တင်သွင်းမှုသည်   ပထမဆုံးအကြိမ်   ဖြစ်သည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာ

ရှမ်းတိုင်းရင်းသား များအကြား ညီညွတ်ရေးအကောင် အထည်ဖော်နိုင်ရန်  ရှမ်းတပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပြီး နှစ်ဖက်အပစ်ရပ်စဲကြောင်း  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)တို့က ယမန်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။ သံဃာတော်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်နေမှု  ရပ်တန့်ရန်   တောင်းဆိုချက်ကြောင့်   RCSS နှင့် SSPP တို့သည်လွန်ခဲ့သည့်    တစ်လကျော်က တည်းက တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်ခန့် ပြုလုပ်ကာ ပြေလည်မှုရ ရှိ၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

အပူချိန်စံချိန်သစ်ထပ်တင် မကြာမီ အပူချိန်လျော့ကျနိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း

 မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် အပူချိန်ဆက်လက် မြင့်တက်နေပြီး မြို့သုံးမြို့၌ ထပ်မံ၍ အပူချိန်စံချိန်သစ်တင်ခဲ့သည်။ လတ်တလော အပူဆုံးဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ မြို့လေးမြို့တွင် မေလ၉ ရက်က အပူချိန်စံချိန်သစ်တင် ပြီးနောက် မေလ ၁၀ ရက်၌ နောက်ထပ်မြို့သုံးမြို့တွင် စံချိန် သစ်တင်ခြင်းဖြစ်သည်။ မေလ ၁၀ ရက်က ဂန့်ဂေါ၊ ပေါက်နှင့် ဖလမ်းမြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ဂန့်ဂေါမြို့၌ ၄၆ ဒသမ ၆ ဒီဂရီစင်တီရိတ်အထိ မြင့်တက်ခဲ့သည်။

အကျဉ်းထောင်ဖောက်ထွက်ပြေးသော အကျဉ်းသား ၁၀၀ ကျော်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ

 မေလ ၁၁ ရက်က ဆူမားတြားကျွန်းရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက် သွားကြောင်း အင်ဒိုနီးရှားရဲတပ် ဖွဲ့က ပြောသည်။ ဆူမားတြားကျွန်း ဆိုက်ခ် ခရိုင်ရှိ အကျဉ်းထောင်၌ ဆူပူမှု ဖြစ်ကာ မီးလောင်မှုဖြစ်ပွားပြီး နောက် စနေနံနက်က အကျဉ်း သားများ ထွက်ပြေးသွားသည်။ အာဏာပိုင်များက အကျဉ်း သားအမြောက်အမြားကို ရှာဖွေ နေပြီး နံနက် ၁၁ နာရီဝန်းကျင်အ ထိ အကျဉ်းသား ၁၁၅ ဦးကို ပြန် လည် ဖမ်းမိခဲ့ကြောင်း ရီအာယူ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဝီ ဒိုဒိုအီကိုပရီဟက်စတိုပိုက ပြော သည်။

ပြင်သစ်ကျောင်းတွင် သိုးများကို ကျောင်းသားများအဖြစ် စာရင်းသွင်းအပ်နှံ

အတန်းတစ်ခု ပိတ်သိမ်း မည့် အစီအစဉ်ကို အာဏာပိုင် များက ကြေညာခဲ့ပြီးနောက် လယ်သမားကြီး တစ်ဦးသည် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးလာစေရန် ပြင်သစ်မူလတန်း ကျောင်းတစ်ခု၌ သိုး ၁၅ ကောင် ကို ကျောင်းအပ်နှံခဲ့သည်။ အဲ့လ်ပ်စ်တောင်တန်း ဂရီနို ဘယ်လ်မြို့နယ်ရှိ ကျေးရွာတစ် ရွာမှ Jules Ferry စာသင်ကျောင်း တွင် ကျောင်းသား၊ ကျောင်းသူ ၂၆၆ ဦးမှ ၂၆၁ ဦးသို့ ကျဆင်းခဲ့ သည်။ သို့သော် သိုးကျောင်းသား မိုက်ကယ်ဂျီယာ့ဒ်သည် ၎င်း၏ သိုးအချို့ကို ကျောင်းအပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

ကျောက်တန်းရွာ၌ ထိန်းသိမ်းစစ်ဆေးနေသူ ၂၁ ဦးကို ထပ်မံလွှတ်ပေးဟု တပ်မတော်ပြော AA နှင့် ပတ်သက်၍ မသင်္ကာသူများကို စစ်ဆေးနေမှု ၁၂ ရက်ကြာသည်အထိ မပြီးသေး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့် ပတ်သက်၍ မသင်္ကာသူ များကို ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ စာသင်ကျောင်း ၌ ထိန်းသိမ်းစစ်ဆေးနေရာ AA နှင့် ပတ်သက်မှုမရှိသူ ၂၁ ဦးကို ယမန်နေ့ (မေလ ၁၁ ရက်)တွင် ထပ်မံလွှတ်ပေးခဲ့ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ အမျိုးသား ၂၇၅ ဦးကို ဧပြီ ၃၀ ရက်က စတင်ထိန်းသိမ်းစစ် ဆေးခဲ့ရာ မေလ ၁၁ ရက်အထိ ၂၃၀ ဦးကို လေးကြိမ်ခွဲ၍ ပြန် လွှတ်ပေးခဲ့သည်။

ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းနေစဉ် တပ်မတော်ဘက်က စစ်ရှိန်လျှော့သင့်ကြောင်း AA ပြောကြား

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)အပါအ၀င် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် အ စိုးရအကြား အပစ်ရပ်စဲရေးဆိုင် ရာဆွေးနွေးပွဲကျင်းပနိုင်ရေး ညှိ နှိုင်းနေစဉ် တပ်မတော်ဘက်က  စစ်ရှိန်လျှော့သင့်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ တပ်မတော်ဘက်က ထိုး စစ်ဆင်မှုများ လုပ်ဆောင်နေပါ က ရခိုင်ဒေသတွင်း စစ်ရှိန် လျှော့ရန် အခက်အခဲရှိသည်ဟု ၎င်းက ဆိုသည်။

ထောင်ဆူမှု ဌာနတွင်း စုံစမ်းစစ်ဆေးမှု စတင်

အကျဉ်းထောင် ဆူပူမှု ဖြစ်စဉ်များကို ဌာနတွင်း စုံစမ်း စစ်ဆေးမှုစတင်နေပြီး စစ်ဆေးမှု သည် လာမည့်နှစ်ရက်၊ သုံးရက် အတွင်း ပြီးပြတ်နိုင်ကြောင်း အ ကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးဦးမင်းထွန်းစိုးက ယမန်နေ့ တွင် ပြောသည်။ မေလ ၇ ရက်မှ ၁၀ ရက်အ တွင်း ဘားအံ၊ မော်လိုက်-က လေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ပုသိမ်၊ သာယာဝတီ၊ ထားဝယ်နှင့် က သာအကျဉ်းထောင်တို့တွင် ဆက် တိုက်ဆိုသကဲ့သို့ အကျဉ်းသား များ ဆူပူဆန္ဒထုတ်ဖော်မှုများဖြစ် ပွားခဲ့သည်။

ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့သစ်စီမံကိန်းကို ကန့်ကွက်မှုမရှိဟု တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်မြို့သစ်စီမံကိန်း နှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ကန့်ကွက်ခြင်းမရှိ ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ တိုင်းအစိုးရက အကောင် အထည်ဖော်နေသည့် မြို့သစ်စီမံ ကိန်းနှင့် ပတ်သက်ပြီး မေလ ၁၀ ရက်တွင် ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် အပြီး သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောကြားသည်။

သဘောထားကွဲစေသော လွှဲပြောင်းပို့ဆောင်ရေးဥပဒေနှင့်ပတ်သက်၍ ဟောင်ကောင်လွှတ်တော်အမတ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဘဏ္ဍာရေးဆုံရပ်ဟောင်ကောင်အပေါ် ဘေဂျင်း၏ အာဏာများ တိုးမြှင့်ပေးမည့် လွှဲပြောင်းပို့ဆောင်ရေး ဥပဒေနှင့် ပတ်သက်၍ စနေနေ့က ဟောင်ကောင်လွှတ်တော်တွင် ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ် များနှင့် ဘေဂျင်းကို သစ္စာခံသော အမတ်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ လူတစ်ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။ ယင်းဗြိတိန်ကိုလိုနီ ဟောင်းက နိုင်ငံခြားသားများအပါအဝင် ရာဇဝတ်မှုကျူးလွန် ကြောင်း စွပ်စွဲခံရသူများကို တ ရားဝင်လွှဲပြောင်းပို့ဆောင်ရေး သ ဘောတူညီမှုများမရှိဘဲ တရုတ် ပြည်မကြီးအပါအဝင် နိုင်ငံများသို့ ဟောင်ကောင်မှ လွှဲပြောင်းပို့ ဆောင်ခွင့်ပြုမည့် ဥပဒေပြဋ္ဌာန်း ရန် ကြိုးပမ်းနေသည်။

ဖဲဗေဒင်လာမေးသူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ဗေဒင်ဆရာ သေဆုံး

သီပေါမြို့နယ်၌ မေလ ၁၀ ရက်က ဖဲဗေဒင်လာမေးသူနှစ်ဦးက ဗေဒင်ဆရာကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း နမ့်လန်နယ်မြေရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောသည်။ ပြစ်မှုကျူးလွန်သူအမျိုးသား နှစ်ဦးကို စုံစမ်းနေပြီး ၎င်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ အ ဖွဲ့ဝင်နှစ်ဦးဖြစ်သည်ကို ကနဦး စစ်ဆေးတွေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ သေဆုံးသူသည် သီပေါမြို့ နယ် နမ့်လန်ကျေးရွာနေ အသက် (၄၅)နှစ်ရှိ စိုင်းစိုးလှိုင်ဆိုသူဖြစ်ပြီး မေလ ၁ဝ ရက်ည ၈ နာရီခွဲတွင် နေအိမ်၌ရှိနေစဉ် အမည်မသိအ မျိုးသားနှစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာကာ ဖဲဗေဒင်မေးမြန်းခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြ သည်။

ကားအရောင်းပြခန်း ဖွင့်လှစ်ထားသော ကုမ္ပဏီ ၇၀ ခန့် ပိတ်သိမ်းပြီး ကုမ္ပဏီ ၁၀၀ ကျော်ကို ဖျက်သိမ်း

ကားအရောင်းပြခန်း ဖွင့်လှစ်ထားသော   အရောင်းပြ ခန်း ၃၀၀ ခန့်အနက် ကုမ္ပဏီ ၆၉ခုကို ပိတ်သိမ်းပြီး  ကုမ္ပဏီ ၁၀၆ ခုကို ဖျက်သိမ်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ အဆိုပါ အရောင်းပြခန်းများ ပိတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်းများသည် ၀န်ကြီးဌာနက ဆောင်ရွက်ခြင်း မဟုတ်ဘဲ စီးပွားရေးအခြေအနေအရ  လုပ်ငန်းရှင်ဘက်မှ ဆောင်ရွက်ခြင်းဖြစ်သည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသားလေးဦးလျှင်တစ်ဦး ရွှေ့ပြောင်းလုပ်သားဖြစ်

 မြန်မာနိုင်ငံသားလေးဦး လျှင် တစ်ဦးနှုန်း ရွှေ့ပြောင်းသွား လာနေပြီး နိုင်ငံတကာနှုန်းထား ထက် သိသာစွာများပြားနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ မစ္စတာအာခိရိုနာ ကာရာမာက ပြောသည်။ နိုင်ငံတကာတွင် ရွှေ့ပြောင်း သွားလာမှုနှုန်းထားသည် လျင် မြန်စွာ မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ နှုန်းမှာပိုများနေသ ဖြင့် ယင်းရွှေ့ပြောင်းအလုပ်သ မားများအတွက် လုံခြုံစိတ်ချရ သည့်အခွင့်အလမ်းရရှိရေး စိန် ခေါ်မှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

လာအိုတွင် တရားမ၀င်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို ကာကွယ်ပေးနိုင်ရေး နှစ်နိုင်ငံ MoU ရေးထိုးရန် စီစဉ်ခြင်းဖြစ်

တရားမ၀င်ရောက်ရှိ လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများကို ကာကွယ်စောင့် ရှောက်ပေးနိုင်ရေး လာအိုနိုင်ငံ နှင့် လုပ်သားစေလွှတ်မှုဆိုင်ရာ MoU ရေးထိုးရန်စီစဉ်ခြင်းဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ ထိုသို့ MoU လက်မှတ်ရေး ထိုးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ကတစ်ဆင့် လာအိုနိုင်ငံနှင့်ချိတ် ဆက်ဆောင်ရွက်နေခြင်းဖြစ်ကာ အကောင်အထည်ဖော်မည့်ကာ လကို ပြောကြားနိုင်ခြင်းမရှိသေး ဟု ၎င်းကပြောသည်။

နယ်မှ လူပေါင်း ၁၀၀ ကျော် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးခိုလုံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်မှ ရွာသား ၁၀၀ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဒေသမငြိမ်သက်ဟုဆိုကာ စစ်တွေမြို့သို့ရောက်ရှိ ခိုလုံနေကြောင်း သိရသည်။ စစ်တွေမြို့သို့ ထွက်ပြေးရောက်ရှိလျှက်ရှိသူများမှာ ရသေ့တောင်မြို့နယ် မှ ရေပုတ်၊ သောင်းဒြား၊ ရေခေါင်းချောင်း၊အောင်သာစည်၊ ခရုချောင်းကျေးရွာသားများနှင့် ဘူးသီးတောင်မြို့နယ်မှ သပြေဆိပ်၊ စည်တောင်၊ သိုင်းတပုတ် ကျေးရွာသားများဖြစ်ကြောင်းသိရသည်။

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ရသေ့တောင်မြို့နယ် CSO ပေါင်းစုံ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့မှ သိရသည်။ ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင် ၉၀၀ ကျော် ရှိနေပြီး ဘုန်းကြီး ကျောင်း ၅ ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းတွင် စုပေါင်းနေ ထိုင်နေကြသည်ဟု သိရသည်။

နမ့်လန်မြို့ တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ သေဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ကောင်လန်းရပ်ကွက် တွင် အသက် ၄၅ နှစ်အရွယ် ရှိ စိုင်းစိုးလှိုင်းသည် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ေ မလ ၁၀ ရက် ည ၈နာရီ ခွဲကျော်တွင် စိုင်းစိုးလှိုင်သည် နေအိမ်တွင် သေနတ်ပစ်ခံ ရပြီး၊ ဝဲဘက်ပါး နောက်ဖောက်ထွက် ၊ ဆီးခုံ နှင့် ဝဲဘက်ခြေ သလုံးတို့တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နမ့်လန်မြို့မှ လားရှိုးပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း လိုက်ပါ ပို့ဆောင်ပေးသည့် နမ့်လန်မြို့ မှ Dear Ranger လူမှု ကူညီရေး အဖွဲ့ မှ ဇော်ညီညီ က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

Facebook, Twiiter, Google တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ့ဆုံ

လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက် နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Facebook, Twiiter နဲ့ Google လူမှု မီဒီယာကုမ္ပဏီတွေက ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လူမှုမီဒီယာတွေကနေ အမုန်းစကားတွေ ဖြန့်ချိနေတာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာဆန် တရုတ်အဝယ်တန့် ဈေးကျဆင်း

တရုတ်ကုန်သည်တွေက မြန်မာ့ဆန်တွေကို အခွန်မဆောင်ဘဲ ဝယ်ယူနေလို့ ဒါဟာ တရားမဝင်တဲ့အတွက် ယူနန်အစိုးရက သူ့ပြည်တွင်းမှာ စစ်ဆေး၊ ဖမ်းဆီးတာတွေ လုပ်လာပြီးနောက်ပိုင်း မြန်မာ့ဆန်ဈေးကွက်မှာ ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။ အခုနွေစပါးပေါ်ချိန်မှာ ကုန်သည်အဖွဲ့အစည်းတွေ မနှစ်က သတ်မှတ်ထားတဲ့ အခြေခံစပါး ပေါက်ဈေးထက်နည်းနေသလို လယ်သမားတွေအနေနဲ့ ချေးငွေပြန်ဆပ်နိုင်ဖို့အရေး ရတဲ့ဈေးနဲ့ စပါးကိုထုတ်ရောင်းနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကြောင်း ဆန်လုပ်ငန်းရှင် အသိုင်းအဝန်းကို မေးမြန်းထားတဲ့ ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်ကလေးများအတွက် ပညာရေးစိမ်ခေါ်မှု

မြန်မာ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် မိဘ ဆွေမျိုးတွေနဲ့ အတူ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခဲ့ကြတဲ့ အများစုသော ကျောင်းနေအရွယ် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အနည်းအကျဉ်း စာတတ်သူတွေကနေ လုံးဝ စာမတတ်သူတွေ ဖြစ်ပါတယ်။ ဒုက္ခသည် ကလေးငယ်တွေ ထုနဲ့ထည်နဲ့ ရောက်ရှိနေတာနဲ့ အတူ အကူအညီပေးရေး လုပ်သားတွေကလည်း ဆရာအသစ်တွေ အတွက် ရက်တို သင်တန်းတွေ ပေးနေပြီး သင်ရိုးညွှန်းတမ်း အသစ်တခု ထွက်လာဖို့အတွက်လည်း လုံးပမ်းနေကြရကြောင်း ဗွီအိုအေ သတင်းထောက် Dave Grunebaum က ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

မလေးရှားသွားဖို့ ပုန်းအောင်းနေသူ မြန်မာ ၂၇ ဦး ထိုင်းဖမ်းဆီး

လူမှောင်ခို ခေါင်းဆောင်လို့ သံသယရှိသူ တယောက်နဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ မြန်မာအမျိုးသား ၂၇ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် Hat Yai မြို့မှာ စနေနေ့ ဖမ်းမိကြောင်း Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ မလေးရှားနိုင်ငံကို သွားနိုင်ဖို့ Hat Yai ဂေါက်ကွင်းနားမှာ ၅ ရက်တာ အစားမစားရဘဲ ပုန်းအောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်လို့ သံသယရှိသူကို စနေနေ့မနက်မှာ ရဲက ဖမ်းခဲ့ပြီး ဒီလူက မြန်မာအုပ်စုကို ပုန်းနေဖို့ လက်ပြခဲ့တာကို ရဲက တွေ့သွားပြီးတဲ့နောက် ပုန်းနေသူတွေကို ဖမ်းဆီးခဲ့တာပါ။

ရခိုင်စစ်ရှောင်အခြေအနေနဲ့ အရပ်သားဖမ်းဆီးမှု စိုးရိမ်ရ

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးအထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့နေရာတွေမှာ စစ်တပ်အင်အားတိုးချလာနေတဲ့အတွက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက ပိုပြင်းထန်လာနိုင်မယ့်အနေအထားဖြစ်တယ်လို့ AA ရခိုင်တပ်ပြောခွင့်ရကလည်း ပြောပါတယ်။ ရခိုင်က နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။

ဓါးကိုင်သောင်းကျန်းနေသူများအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းမှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မှုခင်းကျဆင်းရေးဆောင်ရွက်နေစဉ် ၉-၅-၂၀၁၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မှုခင်းကျဆင်းရေးစီမံချက်ဆောင်ရွက်စဉ် အရပ်ဝတ်ဖြင့်သွင်ယူပြီး ဆိုင်ကယ်နှင့် ဒုစရိုက်သမားများအား စုံစမ်းဖမ်းဆီးရန် ပြည်ကြီးတံခွန်မြို့နယ်၊ ၇၄ လမ်းနှင့် ၇၃ လမ်းကြား၊ မင်္ဂလာလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မင်္ဂလာလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ၅၄ယ/၈၆၁၁၉၊ ဟွန်ဒါကလစ် အနက်ရောင် ဆိုင်ကယ်အား ရော်ဂဲ မောင်းနှင်ပြီး ကိုမောင် နှင့် ရဲလေး ဓါးရှည်ကိုင်လျှက်နှင့်လည်းကောင်း၊

သမ္မတရဲ့ လွတ်ငြိမ်းသက်သာနဲ့ လွတ်ငြိမ်းချမ်းသာဘာတွေကွာသလဲ

၂၀၁၉ ခုနှစ်အတွင်း သမ္မတဦးဝင်းမြင့်က အကျဉ်းသူအကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း နိုင်ငံတဝှန်း က အကျဉ်းသူအကျဉ်းသား နှစ်သောင်းကို နိုင်ငံတော်သမ္မတကပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်၊အကျဉ်းသူအကျဉ်းသားတွေ ကတော့ သူတို့ဟာ တန်းတူအခွင့်အရေးမရလို့ဆိုပြီး နိုင်ငံအဝှန်းက အကျဉ်းထောင် ၆ခုမှာ ဆူပူမှုတွေ ဖြစ်ပွားပြီး လူသေဆုံးမှု တွေ ရှိခဲ့ပါတယ်။ အကျဉ်းသူအကျဉ်းသားတွေ ရဲ့ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရဖို့နည်းလမ်း၂ ခုရှိပါတယ်။လွတ်ငြိမ်းသက်သာခွင့်ပေးတာ နဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ဖြစ်ပါတယ်။

အာဖရိကရွှေ့ပြောင်းဝင်လာကြသူတွေပါတဲ့ ရေယာဉ်တိမ်းမှောက်လို့ အနည်းဆုံး ၆၅ ဦးသေဆုံး

တူနီးရှားနိုင်ငံ ကမ်းရိုးတန်းအနီးမှာ ရေယာဉ်တိမ်းမှောက်လို့ အာဖရိကက ရွှေ့ပြောင်းဝင်လာဖို့ ကြိုးစားကြသူတွေထဲက လူအနည်းဆုံး ၆၅ ဦး သေဆုံးသွားတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ တူနီးရှားအစိုးရမီဒီယာတွေက ကမ်းခြေနဲ့ ၇၀ ကီလိုမီတာကွာတဲ့ ရေပြင်မှာ ငါးဖမ်းသမားတွေက လူ ၁၆ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့တော့ ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အေဂျင်စီက နစ်မြုပ်သွားတဲ့လှေက လစ်ဗျားကနေ ထွက်ခွာလာတာလို့ ပြောပါတယ်။ ဥရောပကိုသွားဖို့ ရွှေ့ပြောင်းလာသူတွေကို တင်ဆောင်လာတဲ့ လှေကြီးတွေဟာ ဒီနေရာမှာ စုလေ့ရှိတတာ ဖြစ်ပြီး သူတို့ကို တင်လာတဲ့ လှေတွေက ကြီးပေမယ့် လူများပြီး ပင်လယ်ကို ဖြတ်ပြီးသွားနိုင်လောက်အောင် မခိုင်မာလို့ မကြာခဏဆိုသလို နစ်မြုပ်ပြီး ထောင်နဲ့ချီတဲ့ လူတွေ အသက်ဆုံးရှုံးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် လေယာဉ်ပျက်က ဝန်ထမ်းတွေ အိမ်ပြန်ပြီ

 ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အဆင်းမှာ လမ်းချော်သွားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဘာမင်လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ ဝန်ထမ်းများ သောကြာနေ့က ဘာမင်အထူးလေယာဉ်နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။ေ လယာဉ်ဝန်ထမ်းတွေမှာ လေယာဉ်မှူးနှစ်ဦး၊ ဝန်ထမ်နှစ်ဦးနဲ့ အင်ဂျင်နီယာ နှစ်ဦးတို့ ပါဝင်ပါတယ်။ သူတို့ဟာ လေယာဉ်လမ်းချော်တဲ့ကိစ္စ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်စရာတွေ ပြီးမြောက်သွားပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ထွက်ခွာတာဖြစ်ပါတယ်။ လမ်းချော်သွားတဲ့ လေယာဉ် BG 060 ပေါ်မှာ ဝန်ထမ်းနဲ့ ခရီးသည် ၃၅ ဦးပါရှိပြီိး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ၁၈ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းက လေးဦးဆေးရုံက ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။

ချင်းပြည်နယ် ဝန်ထမ်း တပ်မတော်သားတွေ ရိုက်နှက်

ချင်းပြည်နယ် မတူပီမြို့ လျှပ်စစ်ဌာန ဝန်ထမ်းတစ်ဦးကို မီးဖြတ်လို့ဆိုပြီး မတူပီဌာနေတပ်က တပ်မတော်သား ခြောက်ဦးက လာရောက်ပြီး ရိုက်နက်သွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မေလ ၁ဝ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီရိုက်နှက်မှုဟာ ဧပြီလ ၂ဝ ရက်နေ့ကဖြစ်ခဲ့ပြီး အရိုက်ခံရတဲ့ ဝန်ထမ်း စလိုင်း ဘာဝီ ဟာ  မတူပီမြို့ ဘန်တလာရေအားလျှပ်စစ်စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ဘုန်တလာရေအားလျှပ်စစ် စက်ရုံက ဝန်ထမ်းတစ်ဦးကို တပ်မတော်သားတွေ ရိုက်နှက်သွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

တရုတ်ဝက်တုပ်ကွေး ဟောင်ကောင်ရောက်

ဟောင်ကောင်ကျွန်းက ဝက်သတ်ရုံတခုမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့တဲ့အတွက် ဝက်ကောင်ရေ ၆၀၀၀ စလုံးကို သုတ်သင်ရှင်းလင်းပစ်မယ့်အကြောင်း အစားအစာနဲ့ ကျန်းမာရေးဌာန အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ေ ရာဂါကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ သားသတ်ရုံမှာရှိနေတဲ့ ဝက်တွေအားလုံးကို သုတ်သင်ရှင်းလင်းပြီး ရောဂါပိုး သန့်စင်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဟောင်ကောင်ကျွန်း အစားအစာနဲ့ ကျန်းမာရေးဌာန အကြီးအကဲ Sophia Chan က မနေ့နှောင်းပိုင်းမှာပဲ ပြောဆိုလိုက်တာပါ။

အီရန်ခြိမ်းခြောက်မှု တန်ပြန်ဖို့ ကန်စစ်အင်အားတိုးပို့

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်စစ်လက်နက် ပစ္စည်းတွေ ထပ်ပြီးတော့ တိုးမြှင့်ချထားလိုက်ပါတယ်။ ကမ်းတက်စစ်ဆင်ရေးမှာ အသုံးပြုနိုင်ငံ USS Arlington စစ်သင်္ဘောနဲ့ Patriot ဒုံးကျည်ပစ်လွှတ်တဲ့ ပစ်စင်တွေကို ပို့ဆောင်လိုက်တယ်လို့ သောကြာနေ့က ကြေငြာပါတယ်။

စစ်တွေမြို့ကို ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဖိအားပေးခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို မနက်ဖြန် နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ်တွေကို ပြန်ခိုင်းဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည် ၇၀ ကျော် ခိုလှုံနေတဲ့ စစ်တွေမြို့ အမျိုးသားကျောင်းတိုက် တာဝန်ခံဆရာတော် ဦးသုနန္ဒက RFA ကို ဒီနေ့ မိန့်ကြားပါတယ်။

ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတွေ ထဲက ၂၁ ဦးကို ထပ်လွှတ်ပေး

ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသားတွေထဲက ၂၁ ဦးကို ဒီနေ့ညနေမှာ ပြန်လွှတ်ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က RFA ကို ပြောပါတယ်။ ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဆက်လက်ထိန်းသိမ်းစစ်ဆေးနေသူ ၄၃ ဦးရှိပြီး အဲဒီထဲက ၂၁ ဦးကို ပြန်လွှတ်ပေးလိုက်တာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သမ္မတဦးဝင်းမြင့် ဗီယက်နမ်ခရီးစတင်

ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် ကုလသမဂ္ဂ ဗုဒ္ဓဟူးနေ့ အခမ်းအနားကို တက်ရောက်ဖို့နဲ့ တရားဝင် အလုပ်သဘော ခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖုတို့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်၂ဦးတို့က လက်ရှိ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ အပေါ် ဂုဏ်ပြု ပြောဆိုခဲ့ကြပြီး ရေတပ်၊ စစ်ဘက် ဆေးပညာ၊ ကာကွယ်ရေး ထုတ်ကုန်၊ သယ်ယူပို့ဆောင်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ဒေသတွင်းနဲ့ အမျိုးသား လုံခြုံရေးတို့နဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးတို့မှာ တိုးချဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း စဉ်းစားဖို့ သဘောတူခဲ့ကြကြောင်း ဗီယက်နမ် သတင်းက ဖော်ပြပါတယ်။