အရီဇိုးနားသား ကိုရေနယ်ဆင်ကတော့ ဒီစံချိန်ကို ချိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး သူဟာ အရင်ကလည်း အကြွေစေ့တွေကို အသုံးပြုပြီးတော့ အသေးစားပိရမစ်လေးတွေကို ဖန်တီးခဲ့ဖူးပါတယ်။
အခုချိန်မှာတော့ ဒီထက်ပိုကြီးတဲ့ စံချိန်တခုဆီ ချဉ်းကပ်လာခဲ့တာဖြစ်ပြီး သူရည် မှန်းချက်ဟာ မကြာခင်ပြည့်မီတော့မယ်လို့လည်း ယူဆရပါတယ်။
ဒါပေမယ့် စံချိန်အတွက် နောက်ထပ်အများဆုံး အကြွေစေ့ ၁၀၀၀၀၀ လောက် ထပ်မံလိုအပ်မှာဖြစ်ပြီး မကြာခင်က ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တွေအရလည်း ကမ္ဘာ့စံချိန်ကို ချိုးဖြတ်မယ့် ကိုရေရဲ့ အကြွေစေ့ပိရမစ်ဟာ အောက်ခြေလေးတန်းမှာ အကြွေစေ့တန်း ၆၅ တန်း ရှိတာကိုလည်း မြင်တွေ့ရပါတယ်။
မပြီးဆုံးသေးတဲ့ နယ်ဆင်ရဲ့ အကြွေစေ့ပိရမစ်မှာ လက်ရှိအချိန်ထိ အကြွေစေ့ ပေါင်း ၉၃၈၃၂၂ စေ့ပါဝင်နေတာဖြစ်ပြီး အားလုံးပြီး ဆုံးသွားရင်တော့ ဒါဟာကမ္ဘာ့စံချိန်သစ်တခု ဖြစ်လာမှာပါ။
လက်ရှိအချိန်ထိ နယ်ဆင်ရဲ့ ပိရမစ်ဟာ နော်လာ ၁၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ အကြွေစေ့တွေပါဝင်နေပြီး သူ့ပိရမစ်ကို အဆုံးသတ်နိုင်ဖို့အတွက်လိုအပ်တဲ့ နောက်ထပ် အကြွေစေ့ ၁၀၀၀၀၀ နီးပါးကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူ့အကြွေစေ့ပိရမစ်ဟာ အခုလထဲမှာ အဆုံးသတ်သွားဖွယ်ရှိတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment