“ယခင်တိုက်ပွဲဖြစ်ပြီး ကျန်နေခဲ့တဲ့ လက်နက်ကြီးကျည်ဗုံးသီးကို အိမ်သို့ ယူဆောင်လာပြီး ကစားရာကနေ ပေါက်ကွဲတာလို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံပို့ဆောင်ဖို့ လှေနဲ့ ယူဆောင်စဉ်မှာ သေဆုံးသွားတာပါ။ အခုတော့ ကန်စောက်ရဲစခန်းမှာ စစ်ချက်ယူပြီး အလောင်းကို ကျောက်တော်ဆေးရုံ ယူဆောင်သွားတယ်လို့ သိရပါတယ်။”
သေဆုံးသူမှာ ၇ တန်းဖြေဆိုထားတဲ့ အသက် ၁၂ နှစ်အရွယ် မောင်မျိုးမိုင်း ဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်တွေ ကျန်နေခဲ့တာလို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
Rakhine Ethnics Congress ရဲ့ စစ်တမ်းတွေအရ တပ်မတော်နဲ့ အေအေတိုက်ပွဲတွေအတွင်း မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ကျန်နေပြီး ပေါက်ကွဲမှုတွေဖြစ်တာကြာင့် သေဆုံးခဲ့ရတဲ့ ကလေးငယ် ၈ ဦးအထိ ရှိပြီလို့ သိရပါတယ်။
“မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးအစီအစဉ်တွေကို လုပ်ဆောင်ဖို့ လိုအပ်နေပါသေးယ်။ ကျနော်တို့ REC (Rakhine Ethnics Congress) ကလည်း အရင်းအမြစ်ရှာဖွေစုဆောင်းမှုတွေကို လုပ်ဆောင်နေပါတယ်။ ရခိုင်မှာ မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲတွေကို ကျယ်ပြန့်စွာပြုလုပ်ဖို့ လိုပါသေးတယ်။ Unicef နဲ့ အစိုးရ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ပညာရေး ၀န်ထမ်းတွေနဲ့ ရပ်ကျေတချို့ကို ပညာပေးတာလောက်သာ ရှိပါသေးတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရာနယ်မြေတွေက ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်” REC တာဝန်ရှိသူက ပြောပါတယ်။
မိုင်းအန္တရာယ်ဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ဧပြီ ၂၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဧပြီ ၃၀ နေ့နဲ့ မေ ၁ ရက်နေ့တွေက မောင်တောမြို့တို့မှာ UNICEF က ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးတာဝန်ရှိသူတွေနဲ့ ဆရာ/ဆရာမတွေသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment