

အမှတ် ၄၉ မူးယစ်တပ်ဖွဲ့စု ပုသိမ်မှ ရဲမှူး တင်ဦး အနီးကပ်ကြီးကြပ် မှုဖြင့် ဒုရဲမှူး လှရွှေ ဦးစီး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ကျုံပျော်မြို့ အဝင် ခဲဘောင်တံတားအနီး သောင်ကြီးရွှာဖက်ခြမ်းတွင်စောင့်ဆိုင်း နေစဉ် ယဉ်ထွေး(ခ)ပြောင်ကြီး နှင့်ဆိုင်ကယ်ကယ်ရီမောင်းနှင်ပေးသော ဝင်းခန့်ဦး(ခ) အကြီးကောင်အားတွေ့ရှိ၍ စစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၈၁ ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယဉ်ထွေး(ခ)ပြောင်ကြီးနေထိုင်သည့် ဇလွန်မြို့ လမ်းမတော်တောင် ရပ်ကွက်၊ သီရိမင်္ဂလာလမ်းနေ အိမ်သို့ ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မှုးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ်(၁/၂၀၁၉)ဖြင့် ဒုရဲအုပ် မင်းသက် ဦးစီးသည့် ရဲတပ်ဖွဲ့များက၀င်ရောက်ရှာဖွေရာ ဒေါ်နုနုလွင် အား ၎င်းနေအိမ်ရှေ့တွင်တွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်းရှာဖွေရာ နေအိမ်နောက်ဖေးမီးဖိုဆောင်မှ စိတ်ကြွရှုးသွပ်ဆေးပြား ၃၂ ပြားပါ
၁ ထုပ် ၁၉၀ ပြားပါ ၁ ထုပ် စုစုပေါင်း ၂၂၂ ပြား ဖမ်းဆီးရမိ ခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ရဲတပ်ဖွဲ့မှ ယဉ်ထွေး(ခ)ပြောင်ကြီးအားစစ်ဆေးရာ ယဉ်ထွေး(ခ) ပြောင်ကြီးမှ ၎င်းနေအိမ်တွင် မူးယစ်ဆေးဝါးများ ကျန်ရှိသေးကြောင်း ထွက်ဆိုသဖြင့် ပူးပေါင်းအဖွဲ့မှသွားရောက် ရှာဖွေရာ အိမ်သာရေ ထည့်ထားသော ကျောက်စည်ပိုင်းအောက်မှ အပြာရောင်ကပ်ခွာ အတွင်းမှ ဆေးပြား ၅၇၂ ပြားထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးများအတူဖမ်းဆီးရမိခဲ့သည့် ယဉ်ထွေး(ခ)ပြောင်ကြီး နှင့်ဆိုင်ကယ်ကယ်ရီမောင်းနှင်ပေးသော ဝင်းခန့်ဦး(ခ) အကြီးကောင်အား ကျုံပျော်မြို့မရဲစခန်းမှ မယ(ပ)၂/၂၀၁၉ ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲ စေတက်သောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။
နုနုလွင်အား ဇလွန်မြို့မရဲစခန်းမှ မယ (ပ) ၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေတက်သောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ ယဉ်ထွေး(ခ) ပြောင်ကြီးအား ဇလွန်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၉ မှုးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့်ဆေးဝါးနှင့်အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ဧပြီ ၂၂ ရက်နေ့က အမှတ်(၄) ရပ်ကွက်၊ ရတနာလမ်းတွင် WY စိတ်ကြွရူးသွပ်ဆေးပြား (၁၁၅)ပြားနှင့်အတူ သုံးစွဲရောင်းချသူ ၅ ဦးဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရသိရသည်။
No comments:
Post a Comment