
တောဆင်ရိုင်းများသည် ကျေး ရွာအတွင်းသို့ မကြာခဏဝင်ရောက် ခြင်းများရှိပြီး ဝင်ရောက်လာသည့် အကောင်ရေမှာ အနည်းဆုံး နှစ် ကောင်မှ အများဆုံးငါးကောင်ခန့် ရှိကာ တောဆင်ရိုင်းများ၏ရန်ပြုမှု ကြောင့် ရွာသူရွာသားသုံးဦးထက် မနည်း သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
""ဆင်တွေကတော့ အခုရက် ပိုင်းမှာ ရွာထဲကို မကြာခဏဆိုသ လို ဝင်ရောက်နေတာ တွေ့ရတယ်။ ရွာသူရွာသားတွေကိုလည်း ညဘက် မှာ အိမ်အောက်ကိုဆင်းတာတို့ ဥယျာဉ်ခြံထဲကိုသွားတာတို့ သတိ ထားဖို့ အမြဲပြောနေရတယ်။ အခု ဆင်တွေက လူကိုတွေ့ရင် ရန်မူ တယ်။ လူနဲ့မတွေ့ရင်တော့ အိမ် တွေဖျက်ဆီးတာတွေရှိသလို စိုက် ခင်း၊ ဥယျာဉ်ခြံတွေဝင်ရောက်ဖျက် ဆီးတာတွေ နေ့တိုင်းနီးပါးကြုံနေရ တယ်""ဟု ချောင်းမွန်ခါးကျေးရွာ မှ ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။
အဆိုပါ တောဆင်ရိုင်းအန္တ ရာယ်နှင့်ပတ်သက်၍ မေ ၄ ရက် က ဘုတ်ပြင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ ၌ ဘုတ်ပြင်းမြို့နယ်သစ်တောဦးစီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ တော ရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI) FAUNA and FLORA International တို့ ပူးပေါင်း၍ တောဆင်ရိုင်းထိန်း သိမ်းရေးနှင့် လူနှင့်ဆင်ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ယခုအခါ တောဆင်ရိုင်းများ အဓိကဝင်ရောက်သွားလာတတ် သည့်ကျေးရွာများ၌ သစ်တောဦးစီး ဌာနမှ အသိပညာပေးဟောပြော ခြင်း၊ ကျေးရွာများနှင့်လမ်းများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူ ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
No comments:
Post a Comment