
ဂျိုလိုးဟုလည်း သိသော လိုးသည် မလေးရှားနိုင်ငံရေးနှင့် ဘဏ္ဍဍာရေးလောကကို ရိုက်ခတ်စေခဲ့သည့် 1MDB အရှုပ်တော်ပုံတွင် အဓိက ကျသူတစ်ဦးဖြစ်ခဲ့သည်။
ထုတ်ပြန်ခဲ့သော စွဲချက်များတွင် အလှူငွေ ရရှိသူသည် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြခဲ့ဘဲ ကိုယ်စားလှယ်လောင်း (က) အဖြစ်သာ ရည်ညွှန်းခဲ့သည်။ သို့သော် ထို ကိုယ်စားလှယ်လောင်းသည် အိုဘားမားဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။
လိုးသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ငွေအမြောက်အမြားကို လျှို့ဝှက် ကဲ့ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်နှင့် နိုဝင်ဘာအကြား ဒေါ်လာ ၂၁.၆ သန်းကို မီချယ်ထံ လွှဲပေးခဲ့ကြောင်း စွဲချက်များတွင် ဖော်ပြခဲ့သည်။ မီချယ်က ယင်းငွေများအနက် ဒေါ်လာ ၈၆၅၀ဝ၀ ကို လူ ၂၀ ခန့်ကို ခွဲပေး၍ ゞင်းတို့၏ အမည်များဖြင့် သမ္မတ ကိုယ်စားလှယ်လောင်း ပူးတွဲ ရန်ပုံငွေကော်မတီထံ ထည့်ဝင်စေခဲ့သည်။
အမှီအခိုကင်းသော ကော်မတီတစ်ခုထံ ကဲ့ဝှက်၍ ပေးပို့ခဲ့သည်ဆိုသော ဒေါ်လာတစ်သန်းကျော်သည်လည်း ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ ထို လျှို့ဝှက်ပူးပေါင်းကြံစည်မှု၏ ရည်ရွယ်ချက်မှာ မီချယ်နှင့် ဂျိုလိုးတို့သည် ကိုယ်စားလှယ်လောင်း (က) နှင့် ゞင်း၏ အစိုးရအဖွဲ့ထံ ဝင်ရောက်ခွင့်ရရှိရန် နှင့် အလားအလာရှိသော သြဇာလွှမ်းမိုးရန် ဖြစ်ကြောင်း စွဲချက်၌ ဖော်ပြထားသည်။
ကိုယ်စားလှယ်လောင်း (က) နှင့် ゞင်း၏ အစိုးရအဖွဲ့ထံ ဝင်ရောက်မှု တိုးမြှင့်ရရှိရန်နှင့် သြဇာလွှမ်းမိုးနိုင်ရန် ဂျိုလိုးသည် အိမ်ဖြူတော်တွင် ကိုယ်စားလှယ်လောင်း (က) ၏ အခမ်းအနားများကို တက်ရောက်ခြင်း သို့မဟုတ် ゞင်း၏ တွဲဖက်များအား တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုများကို နိုင်ငံခြားသားများ၏ ထည့်ဝင်မှုသည် တရားမဝင်ပေ။ မီချယ်နှင့် လိုးတို့သည် ゞင်းတို့၏ အစီအစဉ်များကို အိုဘားမားနှင့် ゞင်း၏ မဲဆွယ်အဖွဲ့ မသိရှိစေရန် ဖုံးကွယ်ထားကြောင်း စွဲချက်၌ ဖော်ပြခဲ့သည်။
မေ ၁၀ ရက်တွင် ဝါရှင်တန်ရှိ တရားရုံးသို့ လာရောက်ခဲ့သည့် မီချယ်က စွဲချက်များတွင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ လွတ်မြောက်နေဆဲဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရသေးသည့် လိုးသည် အပြစ်ကင်းကြောင်း၊ အမေရိကန် ဥပဒေအရ သူသည် အပြစ်ကင်းသည်ဟု ယူဆကြောင်း ゞင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒေါ်လာဘီလျံများစွာအား ငွေကြေးခဝါချရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံရသည့် 1MDB အရှုပ်တော်ပုံနှင့် ဆက်နွှယ်၍ လိုးသည် နယူးယောက်တွင် တရားစွဲခံထားရသည်။
No comments:
Post a Comment