
မန္တလေး တံတားဦးလေဆိပ်မှာ ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်တစင်း ဆင်းသက်ရာမှာ ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းသက်ခဲ့ရပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းက Embraer လေယာဉ်ဟာ မန္တလေး တံတားဦးလေဆိပ်ကို ဆင်းသက်စဉ် အခုလို ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၇ ဦးနဲ့ ခရီးသည် ၈၂ ဦး လိုက်ပါသွားပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မန္တလေး တံတားဦးလေယာဉ်ကွင်း တာဝန်ခံ ဦးကျော်ဆန်းက ပြောပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတာဖြစ်ပြီး လေယာဉ်ရှေ့ဘီးချမရလို့ ရှပ်တိုက်ဆင်းသက်ခဲ့ရတဲ့ ဖြစ်စဉ်အကြောင်း လေယာဉ်ကွင်းတာဝန်ခံ ဦးကျော်ဆန်းရဲ့ ပြော
No comments:
Post a Comment