‘‘ဥရောပဗိုလ်လုပွဲတစ်ခု ထပ်ပြီး ရောက်ရှိတာ အရမ်း အဓိပ္ပာယ်ရှိပြီး ဒီနှစ် ပရီးမီးယား လိဂ် ထိပ်သီးသုံးသင်းထဲမှာ အ ဆုံးသတ်ဖို့ အခွင့်အရေးလည်း ရှိ နေပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီဖို့အစွမ်းကုန်ကြိုး စားသွားပါမယ်’’ ဟု လူးဝစ်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့်နှစ် နည်းပြ ဟောင်း ကွန်တီလက်ထက်က ဦး စားပေးစာရင်းတွင် မပါဝင်သော လူးဝစ်သည် နည်းပြသစ်ဆာရီ လက်ထက်၌ အဓိကကစားသမား တစ်ဦးဖြစ်လာသည်။
‘‘ဒီတစ်ရာသီလုံး သူ့ရဲ့ နံ ဘေးက လူတွေအားလုံးကို အ ကောင်းဆုံးနမူနာအဖြစ် ပြသခဲ့ ပြီး ကွင်းထဲမှာရော ကွင်းပြင်မှာ ပါ ကြီးမားတဲ့သြဇာသက်ရောက် မှုရှိခဲ့ပါတယ်’’ ဟု ချယ်လ်ဆီး ဒါရိုက်တာ မာရီနာဂရန်နော့ဗ်စ တိုင်းက ပြောသည်။
ယူရိုပါလိဂ်ဗိုလ်လုပွဲလည်း ရှိနေရာ မိမိတို့အနေဖြင့် ဖလားတစ်လုံးဖြင့် ရာသီအဆုံး သတ်ရန် မျှော်လင့်ပြီး လူးဝစ် သည် ယင်းဗိုလ်လုပွဲနှင့် ယင်း ထက်ကျော်လွန်သော အောင်မြင် မှုများတွင် အရေးပါသူဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက် လက်ပြောသည်။
ဒေးဗစ်လူးဝစ်သည် ပီ အက်စ်ဂျီတွင် သုံးရာသီကစားပြီး ၂၀၁၆ က ချယ်လ်ဆီးသို့ ပြန် ရောက်လာသည်။ ချယ်လ်ဆီး၌ စုစုပေါင်း ၂၄၆ ပွဲကစားပြီး ၁၈ဂိုးသွင်းယူထားသည်။ တတိယနေရာရှိ ချယ်လ်ဆီး သည် ယနေ့ည လက်စတာနှင့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲ က စားမည်ဖြစ်သည်။
No comments:
Post a Comment