
ဝန်ကြီးဌာနအားလုံး အသုံးစရိတ်လျှော့ချရေးအစီအစဉ်၏တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနတစ်ခုတည်းအပေါ် သက်ရောက်မှုရှိခြင်းမဟုတ်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
တက္ကသိုလ်များသည် ပြုပြင်ထိန်းသိမ်းစရိတ်၊ သန့်စင်ခန်း၊ သောက်သုံးရေများအတွက် ကုန်ကျစရိတ်များအပါအဝင် အသုံးစရိတ် ၃၀ ရာခိုင်နှုန်းလျှော့ချခံရမည်ဖြစ်ပြီး မဟာတန်းနှင့် ပါရဂူတန်းကျောင်းသားများအား ပညာသင်ဆုပေးနေခြင်းကိုလည်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သည်။
တက္ကသိုလ်ဝန်ထမ်းများနှင့် ပညာရေးကျွမ်းကျင်သူများကမူ ယင်းလုပ်ရပ်များကြောင့်ပညာရေးကဏ္ဍထိခိုက်လာနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
ဆန္ဒပြသူများတွင် လွန်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် အလုပ်သမားပါတီမှ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဖာနန်ဒို ဒက်ဒက်လည်းပါဝင်ခဲ့သည်။
ဒဿနိကဗေဒနှင့် လူမှုဗေဒပညာရပ်များသည် သိသာထင်ရှားသော ရလဒ်များကို ထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် ယင်းပညာရပ်များကိုသင်ကြားပေးနေသည့် ဌာနများကိုလည်း ရန်ပုံငွေဖြတ်တောက်မည်ဖြစ်ကြောင်း သမ္မတဘိုဆိုနာရိုကပြောဆိုခဲ့ပြီးဖြစ်သည်။
စစ်တပ်အရာရှိဟောင်း ဘိုဆိုနာရိုသည် အခြေခံပညာစာသင်ကျောင်းများတွင် စည်းကမ်းသေဝပ်မှုရှိစေရန် ရဲတပ်ဖွဲ့ဝင်များကို စေလွှတ်ပြီး စည်းကမ်းထိန်းသိမ်းခိုင်းခဲ့ပြီးဖြစ်သည်။
No comments:
Post a Comment