
ကန်ဘို စီဇက်အိုင် ခဲ/နက်ရောင်ဆိုင်ကယ်အား မျိုးမင်းသူမှ မောင်းနှင်ပြီး သားမွန်စိုးမှ ဓါးရှည်ကိုင်လျှက်နှင့်လည်းကောင်း၊ ၄၂/၆၅၁၄၈ ခဲ/နက်ရောင် စူပါအမ်ဘို စီဇက်အိုင် ၁၂၅ ဆိုင်ကယ်အား ဘိုဟိန်းကျော်(ခ)ဘိုဘို မောင်းနှင်ပြီး မြင့်နိုင်(ခ)ဆံရှည်မှ ဓါးရှည်ကိုင်လျှက်နှင့် လည်းကောင်း စုစုပေါင်း ဆိုင်ကယ်(၃)စီးအား တွေ့ရှိရသည်။
ဆိုင်ကယ်များအားရပ်ရန်ပြောစဉ် မရပ်ဘဲ မောင်းနှင်ထွက်ပြေးရာ ၎င်းတို့ဆိုင်ကယ်အချင်းချင်း ချိတ်မိပြီး လဲသွားစဉ် ဘိုဟိန်းကျော် (ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သာမွန်စိုး(ခ)မွန်ထီး၊ ကိုမောင်၊ ရော်ဂဲ၊ ရဲလေးတို့(၇)ဦးမှ တပ်ဖွဲ့ဝင်များအား ဓါးများကိုင်၍ ခုတ်ရန် ပြေးလာစဉ် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဓါးများအားအောက်သို့ချရန် အကြိမ်ကြိမ်ပြောဆိုခဲ့ သော်လည်း ဓါးရှည်များအားမချဘဲ ခုတ်ရန်ပြေးဝင်လာစဉ် သေနတ်ဖြင့် (၁)ချက်ခြောက်လှန့်ပစ်ခဲ့ရာ တရားခံများမှာ ၎င်းတို့ စီးနင်းလာသော ဆိုင်ကယ်များထားခဲ့ပြီး ဓါးများကိုင်ဆောင်ကာ ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးစဉ် ကိုမောင်၊ ဘိုဟိန်းကျော်(ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ) မွန်ထီး တို့(၅)ဦးအား ဓါးရှည်များနှင့် ဖမ်းဆီးရမိသဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၄၉၁/၂၀၁၉၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် လည်းကောင်း၊ ကိုမောင်၊ ဘိုဟိန်းကျော် (ခ)ဘိုဘို၊ မြင့်နိုင်၊ မိုးမင်းသူ၊ သားမွန်စိုး(ခ)မွန်ထီး တို့(၅)ဦးသည် တာဝန်ဝတ္တရား ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိလျှက်နှင့် တာဝန်တ္တရားထမ်းဆောင်မရအောင် ဟန့်တားနှောက်ယှက်သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၄၉၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃/၁၁၄ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
No comments:
Post a Comment