“နည်းပညာဆိုင်ရာ စိတ်ကူးယဉ်လောက” (Techno – utopianism) ဟုခေါ်သည့် အိုင်ဒီယိုလိုဂျီအမြင့်ဆုံးအမှတ်ကို ရောက်နေပြီဟု အနာဂတ်မျိုးဆက်များအနေဖြင့် ရှုမြင်လာနိုင်သော၂၀၀၉ ခုနှစ်တွင် ဂေါ်ဒွန်ဘရောင်းသည် TED ကွန်ဖရင့် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ အိုင်တီလောက၏ အတွေးအခေါ်ဆိုင်ရာပွဲကို ဗြိတိန်၌ ပြုလုပ်ခဲ့ပြီး ဘရောင်းက နိုင်ငံရေး၊ နည်းပညာနှင့် (သူ့အခေါ်) ‘စစ်မှန်သော ကမ္ဘာ့လူ့အဖွဲ့အစည်းဖန်တီးရေး’ ဟူသည်များကိုပြောကြားရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Pages
Wednesday, May 22, 2019
မန္တလေး အောင်မြေသာစံမြို့နယ်တွင် လူနေအိမ် ၅ လုံး မီးလောင်ပျက်စီး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ်ခြေ ၅ လုံး မီးလောင်ပျက်စီးသွားပါတယ်။ ဒီမနက် ၁၁ နာရီခွဲလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အိမ်ခြေစိတ်တဲ့အတွက် Level 3 အဆင့်နဲ့ မီးငြှိမ်းသတ်ဖို့ ဆောင်ရွက်ခဲ့ရကာ မိနစ် ၂၀ လောက်အကြာမှာ မီးထိန်းနိုင်ခဲ့ပါတယ်။ အဲဒီမီးလောင်ကျွမ်းမှုကြောင့် ထရံကာသွပ်မိုး နှစ်ထပ်အိမ်နှစ်လုံး၊ နံကပ် ထရံကာအိမ် တလုံး မီးလောင်ကျွမ်းခဲ့ပြီး အနီးက အိမ်နှစ်လုံး တခြမ်းစီ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးထက်အောင်က ပြောပါတယ်။ “စလောင်တာကတော့ အပေါ်ထပ်ပေါ့နော်။ သူ့ရဲ့ အိမ်အပေါ်ထပ် နှစ်ထပ်ပျဉ်ထောင်၊ အောက်က ထရံကပ်၊ အပေါ်ကပျဉ်ထောင်ပေါ့၊ အဲဒီအိမ်မှာ မြို့နယ်မှူးက စစ်ဆေးနေပါတယ်။” မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၄ သိန်းကျော် ရှိကြောင်းနဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပုသိမ်မြို့နယ်၊ ရှောပြာချောင်းဘေးမှ တရားမဝင် သစ် (၅၁.၉၆၈၈)တန် ဖမ်းဆီးရမိ
ပုသိမ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ကျော်လှစိန်တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ရှောပြာချောင်းဘေးမှ သစ်ခွဲသား (၁၁၃) ချောင်း (၂၆.၆၉၈၂)တန်၊ သစ်လုံး(၇၇)လုံး (၁၉.၉၃၅၄) တန်၊ ၃ပေအောက်အခြားသစ်လုံး(၃၉)လုံး (၅.၉၉၄)တန်၊ စုစုပေါင်း (၅၁. ၉၆၈၈)တန်ကို မေ ၁၇ က ဖမ်းဆီးရမိခဲ့သည်။
အကျဉ်းသားများ၏ တစ်ရက်လုပ်အားခ ၂၅၀ ကျပ် ပေးထားပြီး တိုးပေးရန် မရှိသေး
အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများ၏ တစ်ရက်လုပ်အားခများကို တစ်ရက်လျှင် ၂၅၀ ကျပ် တိုးမြှင့် သတ်မှတ်ပေးထားသည့် အတွက် ပြင်ပ လုပ်ခ၏ သုံးပုံ တစါပုံခန့်အား တိုးမြှင့်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူ မှ က ပြောသည်။
လားရှိုးအကျဉ်းထောင်အတွင်း ပစ္စည်းပို့ရန်လာသည့် ထောင်ဝန်ထမ်းထံမှ စိတ်ကြွဆေးများ ဖမ်းမိ
လားရှိုးအကျဉ်းထောင်အတွင်း ပစ္စည်းပို့ရန် လာရောက်သည့် ထောင်ဝန်ထမ်းတစ်ဦးကို စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများထည့်သွင်း သယ်ဆောင်လာသည်ကိုတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ြ ဖစ်စဉ်မှာ မေ ၁၈ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အကျဉ်းထောင်တံခါးကြီးကြပ်ရေးအဖွဲ့ဝင်များက ထောင်အတွင်းသို့ပစ္စည်းပို့ရန် လာရောက်ခဲ့သည့် အကျဉ်းထောင်ဝန်ထမ်း တပ်သားအောင်အောင်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှာဖွေစစ်ဆေးခဲ့သည်။လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများရှားပါးလာ၍ နှံစားပြောင်းအစေ့ရရှိနိုင်ရန် ကတ္တရာလမ်းပေါ် မော်တော်ယာဉ်အနင်းခံ ခြွေလှေ့နည်း အသုံးပြုနေကြရ
မကွေးတိုင်းဒေသကြီး မကွေးနှင့် ရေနံချောင်းမြို့နယ်တို့အကြားရှိ ကျေးရွာများတွင် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများရှားပါးလာမှုကြောင့် နှံစားပြောင်းရိတ်သိမ်းချိန် နှံစားပြောင်းစေ့ရရှိရန် ကတ္တရာလမ်းပေါ်ဖြန့် ခင်းကာ ကားအနင်းခံ ခြွေလှေ့နည်းကို အသုံးပြုနေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရန် ဒေသဝန်းကျင်ရှိ ကျေးရွာများသို့ နွားပွဲစားများလာရောက်၍ ဈေးကောင်းပေးဝယ်ယူနေမှုကြောင့် ကျွဲ၊ နွားများရှားပါးလာကာ ယခုကဲ့သို့ အခက်အခဲများကြုံတွေ့နေရခြင်း ဖြစ်သည်။တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ Potential အကျဆုံး နယ်စပ်ဂိတ် ဖြစ်သည့် မောတောင်-ဆင်းခွန်ဂိတ်မှ ခရီးသွားကဏ္ဍ တိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ အချိန်သုံးနှစ် ကြာမြင့်မည့် သုတေသန စတင် လုပ်ဆောင်လာ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်များအနက် Potential အကျဆုံး နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်-ဆင်းခွန်ဂိတ်မှ ခရီးသွားကဏ္ဍတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံမှ အချိန် ၃ နှစ် ကြာမြင့်မည့် သုတေန စတင်လုပ်ဆောင်လာကြောင်း သိရသည်။ြ မန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ်သော ထိုင်းနိုင်ငံရှိ ပရာကျော့ခီရီခံခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ခရီးသွားလာရေး နေရာများကို တစ်ခုချင်းစီ သုတေသန ပြုလုပ်မည့် အစီအစဉ်ကို ထိုင်းနိုင်ငံအစိုးရမှ ချူလာလောင် တက္ကသိုလ်အား တာဝန်ပေးခဲ့ပြီး တက္ကသိုလ်မှ ပညာရှင်များက မြိတ်ခရိုင်အတွင်း စတင်သုတေသနပြုလုပ် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် လျှပ်စစ်ဝါယာရှော့ဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်တွင် လျှပ်စစ်ဝါရှော့ ဖြစ်ပွားခဲ့ပြီး လွှတ်တော် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။ "ဖြူးတွေက နည်းနည်းလုဖြစ်တာလည်းပါပါတယ်။ အခု အဆင်ပြေပါတယ်။ ပြန်လုပ်လိုက်ပြီ။ ချိန်းအိုဗာ လုဖြစ်သွားတာပါ။ အခု ဒါကိုမသုံးတော့ဘူး”ဟု လာရောက်ပြင်ဆင်ပေးသည့် ပုသိမ်မြို့နယ် မှ လျှပ်စစ် အင်ဂျင်နီယာ ဦးငြိမ်းဌေးက ပြောသည်။
ရေလုပ်ငန်းဖွံ့ဖြိုးမှုတွင် အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းအား ပြန်သုံးသပ်ပေးရန် အစိုးရသို့ တင်ပြမည်
ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတား ဖြစ်စေသည့် ဘဏ်အတိုးနှုန်းအား ပြန်သုံးသပ်ပေးရေးကို ကုန်သည်စက်မှုအသင်းချုပ်တွင် လစဉ် ကျင်းပလျက် ရှိသော နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။
တနင်္သာရီမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မလ ၁၉ ရက်နေ့ ၁၈၅၀ အချိန်တွင် တနင်္သာရီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံးကျေးရွာ ပြည်ထောင်စု ကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးလုပ်ငန်း များဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရပ်ထားသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်နေ မအေးမိုးကြွယ် ၂၃ နှစ်၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်နေသူများဖြစ်သည့် ကောင်းထက်ပိုင်(ခ) ပိုင်ပိုင် ၂၃ နှစ်နှင့် ဖြူတုန်း(ခ)သန်းမင်းစိုး ၂၃ နှစ်တို့အားတွေ့ရှိပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၁၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၃၅.၆ သိန်း)၊ မြန်မာငွေ ၅၀၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တနင်္သာရီမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အိန္ဒိယနိုင်ငံ လွှတ်တော်အမတ် ခြုံခိုသတ်ဖြတ်ခံရ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ပြည်နယ်မှာ လွှတ်တော်အမတ်တဦးကို သူပုန်ုတွေလို့ ယူဆရသူတွေက ခြုံခိုတိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အမျိုးသားပြည်သူ့ပါတီက ဥပဒေပြု လွှတ်တော်အမတ် တီရွန်အာဘိုး နဲ့ သူ့ရဲ့ဆွေမျိုးတွေ၊ ပါတီဝင်တွေ အဖိုးရဲ့ မဲဆန္ဒနယ်ကို သွားရောက်ကြစဉ်အတွင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက တောတောင်ထူထပ်ရာနေရာတွေမှာ ခိုအောင်းနေကြပြီး၊ အိန္ဒိယ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရွေးကောက်ပွဲအပြီး မဲတွေမရေတွက်မီ နှစ်ရက်အလိုမှာ အခုလို တိုက်ခိုက်မှုပေါ်ပေါက်ခဲ့တာပါ။ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရွေးကောက်ပွဲဆိုင်ရာ ၀န်ထမ်းသုံးဦးကိုလည်း သူပုန်လို့ယူဆရသူတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးတွင် အသစ်ဖွင့်လှစ်ထားသော တိုင်းရင်းဆေးဝါးစက်ရုံ အလုံးစုံ လည်ပတ်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေများကို လာမည့်နှစ်တွင် ဖြည့်ဆည်းပေးမည်
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးဝါး စက်ရုံကို မတ် ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ရုံသစ်ကြီးအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစ၍ စတင်ဆောက်လုပ်ခဲ့ရာတည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ်ငွေ ၃ ဒသမ ၆၅ ဘီလျံနှင့် စက်နှင့် စက်ပစ္စည်းများအတွက် ကျပ်ငွေ ၁ ဒသမ ၀၂ ဘီလျံ စုစုပေါင်း ကျပ်ငွေ ၄ ဒသမ ၆၇ ဘီလျံ ကျခံသုံးစွဲခဲ့ကြောင်း သိရသည်။
သီပေါသမိုင်းဝင် ပေါ်ကြိုဘုရားကြီး ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူစေတီ ထီးတော်တင်မင်္ဂလာကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် သမိုင်းဝင်ပေါ်ကြိုဘုရားကြီး ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူ ရုပ်ပွားတော်အဆောင်ထက်တွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို မေ ၁၈ ရက် (ကဆုန်လပြည့်နေ့) က အဆိုပါဘုရားကြီးဝင်း၌ ကျင်းပခဲ့သည်။ဟွာဝေးအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက် အမေရိကန် ယာယီဖြေလျှော့ပေး
အမေရိကန်အစိုးရဟာ ဟွာဝေးနည်းပညာလုပ်ငန်းအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက်တွေကို မေလ ၂၁ ရက်မှာ ယာယီဖြေလျှော့ပေးလိုက်ပါတယ်။ ဒါပေမယ့် တရုတ်လုပ်ငန်းက ပြင်ဆင်ထားပြီးသားလို့ ဟွာဝေးတည်ထောင်သူ ရန်ကျန်းဖေးက တရုတ်အစိုးရရုပ်သံ စီစီတီဗွီနဲ့ မေလ ၂၁ ရက် လူတွေ့မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ လူတွေ့မေးမြန်းခန်းကို စီစီတီဗွီ သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာ စာသားနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
နယူးဇီလန်တွင် ပထမဆုံးအကြိမ် အကြမ်းဖက်ဥပဒေအသုံးပြုပြီး ခရစ်ချာ့ခ် လူသတ်သမားကို စွဲချက်တင်
မတ်လ ၁၅ ရက်နေ့က နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့ရှိ ဗလီနှစ်ခုကို စစ်တပ်သုံး သေနတ်များဖြင့် ၀င်ရောက်တိုက်ခိုက်ပြီး ၅၁ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုတရားခံ ဘရန်တွန်တားရန့်ကို အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်လိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံတွင် လူတစ်ဦးတစ်ယောက်အား တစ်ခါမှ စွဲချက်တင်ခဲ့ဖူးခြင်းမရှိသည့် အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်မှုဆိုသည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ခဲ့ကြောင်း မေ ၂၁ ရက်တွင် နယူးဇီလန် ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း[CNPC]က မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်များ ဖွင့်မည်
တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC)သည် မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင် အများအပြားဖွင့်လှစ်မည်ဟု ကုမ္ပဏီအရာရှိများက ပြောကြား သည်။ တရုတ်နိုင်ငံတော် ရေနံကုမ္ပဏီကြီးက ၎င်းတို့၏ လက်လီဈေးကွက်ကို ချဲ့ထွင်နေစဉ် အရှေ့တောင်အာရှ၏ လျင်မြန်စွာ တိုးတက်နေသော ရေနံဈေးကွက်သို့ ၀င်ရောက်သောပထမဆုံး ကြီးမားသည့်နိုင်ငံခြားရင်းနှီးမြှုပ် နှံသူဖြစ်လာမည်ဖြစ်သည်။
ပြည်သူများ၏စားဝတ်နေရေးပြေလည်ရန်လိုအပ်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော
ပါတီဆိုသည်မှာ ပြည်သူ့ကျွန်သဘောမျိုးဖြစ်ပြီး ပြည်သူများ၏ စားဝတ်နေရေးပြေလည်ရန်လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ မေလတွင်း သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “ပါတီဆိုတာပါတီခေါင်းဆောင်ဆိုတာ ပြည်သူ့ကိုအလုပ်အကျွေးပြုရမယ်။ ပြည်သူ့ကျွန်သဘောမျိုးပဲဖြစ်တယ်။
ထိုင်းနိုင်ငံတွင် ဇနီးဖြစ်သူကိုခိုးသွားသည့် စစ်သားကို အရေးယူပေးခြင်းမရှိပါက သတ်သေမည်ဟု အမျိုးသားတစ်ဦးက ထိုင်းအစိုးရအိမ်တော်ရှေ့တွင် ခြိမ်းခြောက်တောင်းဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်ရှေ့တွင် အမျိုးသားတစ်ဦးက ၎င်း၏ဇနီးကိုခိုးသွားသည့် စစ်သားကို ဗိုလ်ချုပ်ကြီး ပရာယွတ်ချောင်အိုချာအနေဖြင့် အရေးယူခြင်းမပြုပါက သတ်သေမည်ဟု ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။ ဇနီးဖြစ်သူ စစ်သားနောက်လိုက်သွားသဖြင့် အသက် (၆၆)နှစ်အရွယ်အမျိုးသားက ၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် အစိုးရအိမ်တော်ရှေ့၌ ရောက်လာပြီး ဓါးတစ်ချောင်းဖြင့် လည်ပင်းအား လှီးဖြတ်မည့်အနေအထားဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။မက္ကာမြို့သို့ ဦးတည်ပျံသန်းလာသော ဒုံးကျည် ၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဆော်ဒီစစ်တပ် ထုတ်ပြန်ကြေညာ
ဆ်ာဒီဟာ ဟူသီသူပုန်တွေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းကို မက္ကာပြည်နယ်မှာ ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ၄င်းဒုံးကျည်များအနက် ၁ စင်းဟာ မက္ကာမြို့သို့ ဦးတည်ပျံသန်းနေခဲ့ကြောင်း မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ေ ဆ်ာဒီနဲ့ UAE တို့ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဟာ ယီမင်ပြည်တွင်းစစ်မှာ ၂၀၁၅ ခုနှစ်တုန်းကတည်းက ကြားဝင်ဖြေရှင်းနေပြီး ဟူသီသူပုန်တွေကို တိုက်ခိုက်နေပါတယ်။ ၂၀၁၉ မေလ ၂၀ ရက်နေ့မှာတော့ အမေရိကန်ဆိုင်ရာ ဆော်ဒီသံရုံးက ၄င်းတို့ရဲ့ကာကွယ်ရေးတပ်ဟာ ဟူသီတွေပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းကို မက္ကာပြည်နယ် တေ့ဖ်မြို့အနီးမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း
လာရောက်အပ်နှံတဲ့ ကလေးတိုင်းကို မွေးစားဖို့မလွယ်ကူသေးဘူးဆိုတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေက လာရောက်အပ်နှံတဲ့ ကလေးတိုင်းကို မွေးစားဖို့ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ အခက်အခဲများစွာကြားက ကလေးငယ်ကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့တဲ့ Single Mother များနဲ့ သက်ငယ်မုဒိန်းကျင့်ခံရသူတွေရဲ့ ကလေးငယ်များကိုသာ မွေးစားသွားမယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေဟာ သူမဆီကို ကလေးမွေးစားဖို့ လာပေးတဲ့သူတွေ အရမ်းများလာတာကြောင့် နောက်ထပ် လက်ခံမွေးစားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရောက်အပ်နှံမယ့် ကလေးများရဲ့ အနေအထားကို သတ်မှတ်မယ်လို့ ပြောပါတယ်။အဆိုတော်အစ္စဏီအပေါ် တရားစွဲဆိုထားသည့်အမှုများကို ကျေအေးရုပ်သိမ်းပေးရန်မရှိဟုတရားလို မော်ဒယ်စူးရှထက်ပြောကြား
အဆိုတော် အစ္စဏီအပေါ် တရားစွဲဆိုထားသည့်အမှုများကို ကျေအေးရုပ်သိမ်းပေးရန်မရှိဟု တရားလိုမော်ဒယ်စူးရှထက်က မေ ၂၀ ရက်ရုံးချိန်းအပြီးတွင် ပြောကြားသည်။ တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်သည့် အဆိုတော် အစ္စဏီအမှုမှ တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးပြီးသည့်နောက်တွင် တရားလိုဖြစ်သည့် မော်ဒယ်စူးရှထက်ကို မေ ၂၀ ရက်တွင် တာမွေမြို့နယ်တရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် တရားလိုဖြစ်သည့် မော်ဒယ်စူးရှထက်အား စစ်ဆေးမှုပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။အခွန်မြင့်မားမှုကြောင့် မြန်မာ့ကျောက်မျက်ရတနာများ ပြည်ပသို့ မှောင်ခိုဈေးကွက်မှ ရောက်ရှိနေပြီး တိုင်းပြည်အတွက်နစ်နာနေဟုဆို
ကျောက်မျက်ရတနာပြပွဲများ၌ အခွန်ကောက်ခံမှုနှုန်းမြင့်မားသဖြင့် မြန်မာ့ကျောက်မျက်ရတနာများ ပြည်ပသို့မှောင်ခိုဈေးကွက်မှ ရောက်ရှိနေပြီး တိုင်းပြည်အတွက်နစ်နာနေကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်ဘိုခန့်က မေ ၂၁ ရက်တွင် ရန် ကုန်မြို့ကုန်သည်စက်မှုလက်မှုအသင်းချုပ်၌ကျင်းသည့် “ မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာ ဈေးကွက်အခွင့်အလမ်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးသည့် B2B စကားဝိုင်း၌ ပြောဆိုသည်။
မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများ ပျက်စီး
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာတွင် မေလ(၂၀)ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်ခန့်က တိုက်ခတ်ခဲ့သောလေပြင်းကြောင့် လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦများ ပြိုကျပျက်စီးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။ “အိမ်ထောင်စု(၇၀၇)စုနဲ့ လူဦးရေ(၃၂၇၁)ဦး လေးဘေးသင့်မှုကြုံခဲ့ရပါတယ်။ ပြိုကျပျက်စီးတဲ့ နေအိမ်တွေကို တစ်အိမ် တစ်သိန်းကျပ်နှုန်း ၊ အမိုးလန်ပျက်ဆီးတဲ့ နေအိမ်တွေကို တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း ၊ ဆန်ဖိုး တစ်ဦးကို ၂၁ဝဝကျပ်နှုန်း ထောက်ပံ့ပေးသွားမှာပါ”ဟု မကွေးတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။ရွေးကောက်ပွဲက အကောင်းဆုံးနည်းလမ်းဖြစ်ဟု အယ်လ်ဂျီးရီးယားတပ်မတော် အကြီးအကဲ ပြော
အယ်လ်ဂျီးရီယား နိုင်ငံရေးအကျပ်အတည်းနဲ့ ဖွဲ့စည်းပုံလေဟာနယ်ကို ရှောင်ရှားဖို့ ရွေးကောက်ပွဲ ကျင်းပတာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားတပ်မတော်အကြီးအကဲက မေလ ၂၀ ရက်နေ့ မှာ ပြောလိုက်ပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက သမ္မတ ဘူတယ်ဖလီကာ ရာထူးက နုတ်ထွက်သွားပေမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့ အရာရှိအားလုံးကို ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြဆဲပါ။
ကျောက်ကြီးတွင် မိုးကြိုးထိမှန်ပြီး လူနှစ်ဦးသေဆုံး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ မေ(၂၀)ရက် ညနေ(၅)နာရီခွဲက မိုးကြိုးထိမှန်ပြီး လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်တာကြောင့်လည်း နေအိမ် (၁၅၀)ကျော် အမိုးလန်ပျက်စီးခဲ့ပါတယ်။ေ လပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် ပဲခူးရပ်ကွက်၊ သိန်းတန်းရပ်ကွက်၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအုပ်စု၊ ကျောက်စရစ် ကျေးရွာအုပ်စု၊ ပတ္တလားကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာအုပ်စု၊ နောက်ဘိုကျေးရွာအုပ်စု၊ ဒေါင်းမို့ကျေးရွာအုပ်စု၊ နတ်သံကွင်းကျေးရွာ အုပ်စုနဲ့ ဝဲကြီး ကျေးရွာအုပ်စုတို့က နေအိမ်(၁၅၅)လုံး၊ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း၊ ဘုရားကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း နှစ်ကျောင်းနဲ့ ပါတီရုံး တစ်ရုံးလည်းပျက်စီးခဲ့ပါတယ်။ဂျာမနီမှာ မွေးကင်းစ ကလေးကို တက်စီပေါ်မေ့ခဲ့
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ မေလ ၂၀ ရက်နေ့က စုံတွဲတစ်တွဲဟာ သူတို့ရဲ့မွေးခါစကလေးကို တက္ကစီပေါ်မှာ မေ့ကျန်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ သူတို့စုံတွဲက မေလ ၂၀ ရက် တနင်္လာနေ့က ဆေးရုံကနေ တက္ကစီငှားပြီး အိမ်ပြန်ရောက်တော့ ၁ နှစ်သားအရွယ် ကလေးကိုပဲ ကားထဲကထုတ်၊ တက္ကစီခ ရှင်းပြီး ပြန်လွှတ်လိုက်တာပါ။ တက္ကစီထွက်သွားတဲ့ အခါမှ အဖေဖြစ်သူက မွေးကင်းစကလေးကို ကျန်ခဲ့တာကို သတိရပြီး ပြေးလိုက်ခဲ့ပေမယ့် မမီခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးငယ်က အိပ်နေလို့ ကားသမားလဲ သတိမထားမိဘဲ နေ့လည်စာသွားစားဖို့ မြေအောက်ပါကင်ထိပါသွားခဲ့ပါတယ်။ လေဆိပ်ကို ခရီးသည်သွားကြိုတဲ့အခါမှ ခရီးသည်က ပြောလို့ သိရပြီး ရဲတွေကို တစ်ဆင့် မိသားစုကို ဆက်သွယ်ပြီးတော့ ကေးလကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။
နီကာရာဂွါအစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀ လွှတ်ပေးမည်ဟု ပြော
နီကာရာဂွါအစိုးရက နောက်ထပ်နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးသွားမယ်လို့ မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲရပ်ဆိုင်းပြီး အထွေထွေ သပိတ်မှောက်မယ်လို့ အတိုက်အခံတွေက ခြိမ်းခြောက်ပြီးတဲ့နောက် နီကာရာဂွါအစိုးရက အခုလို ကြေညာခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးမယ့် အစီအစဉ်ဟာ ဇွန်လ ၁၈ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား အယောက် ၃၀၀ နီးပါးကို လွှတ်ပေးမယ့် စီမံကိန်းတစိတ်တပိုင်းလို့ အစိုးရက ပြောပါတယ်။
တာလေ - မိုင်းဖြတ်သွားလမ်းပေါ် တာလေအပိုင်း ကျွန်းတောအကွေ့တွင် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုအတွင်း၊ ပါခမ်းလုံရွာ တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ ကျွန်းတောအကွေ့တွင် တာချီလိတ်မှ လာသည့် စက်သုံးဆီတင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သိမ်းမှောက်သွားမှု ၂၀၁၉ခုနှစ် မေလ(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်သွားသော်လည်း ယာဉ်ပေါ်ပါသူ နှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။ဖခင်က သမီးအရင်းအား ကိုယ်ဝန်ရရှိစေသည်အထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား
မှာ်ဘီမြို့နယ်၌ သမီးဖြစ်သူ ကိုယ်ဝန်ရှိချိန်မှ ဖခင်၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုကိုသိရှိပြီး မိခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာနေအသက် ၃၈ နှစ်ရှိ ဦးသန့်ဇော်ဝင်းသည် ၎င်း၏သမီးအရင်းဖြစ်သူ မ----- ၊ ၁၅ နှစ်အား အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့်အတွက် အရေးယူပေးပါရန် မေလ ၂၀ ရက်၊ ယမန်နေ့ညနေပိုင်း၌ မိခင်ဖြစ်သူကိုယ်တိုင်တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှော်ဘီမြို့မရဲစခန်းမှ သိရသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် မင်းဘူးမြို့နယ် အတွင်းရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခုလကုန်တွင် မဂ္ဂါဝပ် ၂၀ စတင်ထုတ်လုပ်မည်
မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်လုပ်ရန် ရည်ရွယ်ထား သည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နှင့် ၁၆ မိုင်အကွာ မင်းဘူး-အမ်းကားလမ်း ဝဲ ဘက်ရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ယခု မေလကုန်တွင် မဂ္ဂါဝပ် ၂၀ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် စက်ရုံတာဝန်ရှိသူများထံမှ သိရသည်။တာဂျစ်ကစ္စတန်မှာ အိုင်အက်စ်အကျဉ်းသားတွေက စခဲ့တဲ့ အကျဉ်းထောင် ဆူပူမှုကြောင့် ၃၂ ဦး သေဆုံး
တာဂျစ်ကစ္စတန်နိုင်ငံရဲ့လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်တစ်ခုမှာ အိုင်အက်စ် စစ်သွေးကြွအကျဉ်းသားတွေက စတင်ခဲ့တဲ့ ဆူပူအုံကြွမှုကြောင့် ထောင်လုံခြုံရေး ၃ ဦးနဲ့  အကျဉ်းသား ၂၉ ဦး သေဆုံခဲ့ကြောင်း ဗဟိုအာရှနိုင်ငံရဲ့တရားရေးဝန်ကြီးဌာနက တနင်္လာနေ့ (မေ ၂၀) မှာ ပြောဆိုခဲ့ပါတယ်။
ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှု မိုးရာသီတွင် သုံးလ ရပ်နားမည်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်များကို ယခု မိုးရာသီကာလတွင် သုံးလခန့် ရပ်နားသွားမည်ဟု ကချင်ပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။
ဩစတြေးလျဒေါ်လာ ၁၀၀၀၀၀ တန် ရွှေတုံး ရွှေတွင်းဒေသတွင် အမျိုးသားတစ်ဦး ရှာဖွေတွေ့ရှိ
ဩစတြေးလျအမျိုးသားတစ်ဦးသည် အနောက်ပိုင်းဩစတြေးလျ ရွှေတွင်းများရှိရာ ဒေသတွင် လှည့်လည် သွားလာရင်း သတ္တုရှာဖွေရေးကိရိယာ တစ်ခုဖြင့် ၁ ဒသမ ၄ ကီလိုဂရမ်ရှိသော ရွှေတုံးတစ်တုံးကို တူးဖော်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အွန်လိုင်းပေါ်၌ တွင်းထွက်များပုံ ကို မျှဝေသော ကယ်ဇူလိုင်းဒေသရှိ ဈေး ဆိုင်တစ်ဆိုင်သည် ယင်းရွှေတုံးကို ဩစ တြေးလျဒေါ်လာ ၁၀၀၀၀၀တန်သည်ဟု ခန့်မှန်းထားသည်။ အီဖယ်တာဝါကို အပြင်ဘက်ကနေ စွန့်စားတွယ်တက်ဖို့ ကြိုးပမ်းခဲ့သူကို ရဲက ခေါ်ယူထိန်းသိမ်း
ပြင်သစ် အထင်ကရ အီဖယ် မျှော်စင်ပေါ်ကို အပြင်ကနေ တွယ်တက်ဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားတစ်ဦးကို မေလ ၂၀ ရက်က ရဲက ခေါ်ယူထိန်းသိမ်းခဲ့ရပါတယ်။ ၎င်းဟာ ထိပ်ဆုံးကို ရောက်ပြီးနောက် ခုလို ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။ ယင်းနေ့ နေ့လည်ပိုင်းက တာဝါရဲ့ ရက်မတွေအကြား အမျိုးသားတစ်ဦး တွယ်တက်နေတာကို တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူတွေ အလုပ်များခဲ့ကြရပါတယ်။ ခုလို အမြင့် ပေ ၁,၀၀၀ ရှိ တာဝါပေါ်ကို ဘာရည်ရွယ်ချက်နဲ့ တက်ရတာလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမည် မသိတဲ့ ၎င်းအမျိုးသားကတော့ ပါရီမြို့ အထင်ကရ မျှော်စင်ပေါ်ကို ခြောက်နာရီကျော်ကြာ တွယ်တက်ခဲ့ပါတယ်။ “ သူက တာဝါပေါ်ကို အောက်ခြေမှာ ပုံမှန်အတိုင်း လှေကားကနေ ဝင်တက်သွားပြီးမှ ဒုတိယထပ်ကျမှ အပြင်ကို ထွက်ပြီး စတက်သွားခဲ့တာပါ” လို့ အီဖယ် တာဝါ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ၎င်းအမျိုးသားရဲ့လုပ်ရပ်ကြောင့် တာဝါအနီး လမ်းတွေကို ပိတ်တာ၊ ရှင်းလင်းတာတွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် စီးပွားရေး အဆင်မပြေသော အမျိုးသားတစ်ဦး ဇနီးဖြစ်သူ ဆန်ချေးထွက်စဉ် ဆွဲကြိုးချသေဆုံး
သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် စီးပွားရေး အဆင်မပြေသဖြင့် စိတ်ညစ်နေသော အမျိုးသား တစ်ဦးမှာ ဇနီးဖြစ်သူ ဆန်းချေးငှားရန်ထွက်စဉ် နေအိမ်တွင် ကျန်ခဲ့ရာမှ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မေ ၂၀ ရက် ညနေပိုင်းက သာစည်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သာစည်မြို့နယ် ကြက်မောက်ကျေးရွာနေ စည်သူအောင် အသက် (၂၃) နှစ်သည် ゞင်းနေအိမ်ခန်းအတွင်း ခေါင်သစ်သားတိုင်အား အပြာရောင် နိုင်လွန်ကြိုးချည်ကာ
ကင်ဆာဆောင်က ရေသူမ (ကင်ဆာရောဂါမဖြစ်အောင် ကျန်းမာရေးနှင့်သင့်လျော်သော နေထိုင်စားသောက်မှုပုံစံကို ကျင့်သုံးခြင်းဟာ အကောင်းဆုံးသော ကာကွယ်နည်းဖြစ်)
ဆေးရုံကို ရောက်တိုင်း အရေးပေါ် လူနာခန်းရဲ့ ထောင့်ဆုံး ကို အမြဲတမ်းလှည့်ကြည့်မိသည်။ စိတ်မောလေးလံတဲ့ မျက်နှာမျိုးနဲ့ ကလေးတစ်ယောက်ကို ပိုက်ပြီး နို့တိုက်နေတဲ့ အမျိုးသမီးတစ် ယောက်ကို အမြဲတမ်းတွေ့နိုင်ပေ မည်။ ‘‘နေကောင်းလား ရေသူမ’’ လို့ ကျွန်မက ပြုံးပြုံးလေးမေးတိုင်း အထိတ်တလန့်နဲ့ မော့ပြီး မိခင် ရင်ခွင်ကနေ ပြန်ကြည့်တတ်တဲ့ နို့စို့နေတဲ့ (၄)နှစ်အရွယ်ကလေးမ လေးကို နေ့တိုင်းတွေ့ရသည်။ (၄)နှစ်သမီးကလေးက ရေ သူမတဲ့။ အလှအပကို သိပ်ကြိုက်၊ မျက်ခုံးမွေးကို အမြဲဆွဲထားတတ် တဲ့ ထိုကလေးမလေးက ရေသူမ အဖြစ် ပြောင်းလဲသွားတာ တစ် လပင်မကြာသေး။ ရေသူမအဖြစ် နာမခံယူလိုက်ပြီးနောက်မှာ ရေ သူမလိုနေသည်၊ ရေသူမလိုစား သည်၊ ရေသူမလို အိပ်သည်တဲ့။
အရေးပေါ်အခြေနေရင်ဆိုင်နေရသည်ေ၇ွပြောင်း ကရင်တိုင်းရင်းသားတစ်ဦးအား ထိုင်းနယ်ခြား စောင့်ရဲတပ်ဖွဲ့ က ရဟတ်ယာဉ်နှင့် အနီးဆုံးဆေးရုံ သို့  ပိုဆောင် ကူညီပေး
ထိုင်းမြန်မာ နယ်စပ် ကန်ချနဘူရီ သစ်တောအတွင်းနေထိုင်ေ၇ွ့ ပြောင်း ကရင်အမျိုးသားတစ်ဦး ဟာ ကျန်းမာရေးဆိုးရွားနေတာကြောင့် အရေးပေါ်ကုသမှုအချိန်မီဆေးကုသ ပေးနိုင်ဘို့  ထိုင်း ရဟတ်ယာဉ်အကူအညီနဲ့  အနီးဆုံးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ကန်ချနဘူရီခရိုင်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဒေသ ရွှေ့ပြောင်းနေထိုင်နေသူ ကရင်တိုင်းရင်းသားမောင်အေး အသက် ၄၃ နှစ် ဟာ ဗိုက်အောင့်ဝေဒနာ အသဲအသန် ခံစားနေရပြီး အရေးပေါ်ဆေးကုသ မှု လိုအပ်နေတဲ့အတွက် ကျေးရွာသူကြီးက သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာလို့  သိရပါတယ်။ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ခန့်မှန်းထက် ပိုမိုနိုင်
ကမ္ဘာကြီးပူနွေးမှုကြောင့် ဂရင်းလန်းနှင့် အန္တာတိကတို့မှ ရေခဲပြင်များပိုမိုမြန်ဆန်စွာအရည်ပျော်လာသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နှုန်းသည် ယခင် ခန့်မှန်းထားသည်ထက် ပိုမိုနိုင်ကြောင်းလေ့လာမှုစစ်တမ်းသစ်တစ်ရပ်က ဆိုသည်။ ၂၁၀ဝ ပြည့်နှစ်ရောက်ပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် အမြင့်ဆုံးအားဖြင့် လက်ရှိထက် တစ်မီတာခန့်သာပိုမြင့်လာနိုင်သည်ဟု လက်ခံထားကြသော်လည်းလေ့လာမှုစစ်တမ်းသစ်ကမူပင်လယ်ရေမျက်နှာပြင်သည် ထို့ထက် နှစ်ဆလောက်ထိ မြင့်တက်လာနိုင်ကြောင်း သတိပေးဖော်ပြလိုက်သည်။
မဟာသန္တိသုခကျောင်းကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို တရားစွဲမည်ဟုဆို
မဟာသန္တိသုခ ကျောင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အဆိုပါ ကျောင်းတိုက် ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းအောင်(မြို့မ)က ပြောသည်။ေ မလ ၂၁ ရက်က အဆိုပါ ကျောင်းကိစ္စနှင့် ပတ်သက်ပြီး တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် ဇေယျမင်္ဂလာ စာသင်တိုက်တွင် ပြုလုပ်သည့် ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ထိုင်း ဘုရင်၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ရနောင်း အကျဉ်းထောင်မှ မြန်မာ အကျဉ်းသား ၅၀ ကျော် လွတ်မြောက်
ဘုရင်နန်းတက်ပွဲအခါသမယ အထိမ်းအမှတ် တော်ဝင်လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်္ဂါနေ့ (မေ ၂၁) မှာ ထိုင်းနိုင်ငံ ရနောင်းအကျဉ်းထောင်မှ မြန်မာ အကျဉ်းသား ၅၉ ဦး လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။ အကျဉ်းသားတွေ လွှတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ရနောင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဂျာတူပေါ့ ပီယမ်ပူတရာက ဦးစီးကာ ပြည်နယ်အဆောက်အအုံတစ်ခုမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ကောင်းမွန်တဲ့ အနေအထိုင် အပြုအမှုတွေ ရှိခဲ့ကြကာ လူကောင်းသူကောင်းတွေအဖြစ် ဘ၀သစ်တွေ ပြန်လည်ဆောက်တည်နိုင်ကြရေး ရည်ရွယ်လို့  မြန်မာ အကျဉ်းသားတွေနဲ့  ထိုင်းအကျဉ်းသားတွေကို ဘုရင့် လွတ်ငြိမ်းခွင့်ပေးလိုက်ပါကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။ လွတ်ငြိမ်းခွင့်နဲ့  လွှတ်ပေးခဲ့သူတွေကို ပြင်ပဘ၀တွေမှာ ရပ်တည်ရှင်သန်နိုင်ကြဖို့ အတွက် ပညာသင်ကြားပေးမှုတွေ၊ လေ့ကျင့်ပေးမှုတွေ ကာလတို ပြုလုပ်ပေးခဲ့ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။
သန်လျင်ဆေးရုံမှ ဆရာဝန်အားနှောင့်ယှက်သူနှင့် ဆေးရုံလုံခြုံရေးဝန်ထမ်းအားပါးရိုက်သူတို့ကို အမှုဖွင့်ထား
သန်လျင်ဆေးရုံတွင် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပွားနေသောလူနာအား အရေးပေါ်ကုသနေသည့် ဆရာဝန်အား နှောက်ယှက်ခဲ့သူနှင့် ဆေးရုံလုံခြုံရေးဝန်ထမ်းအားပါးရိုက်ခဲ့သူတို့ကို အမှုဖွင့်ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နေ ဒေါက်တာရဲမင်းစိုး၊ (၂၉)နှစ်သည် သန်လျင်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံ၊ ဆေးကုသဆောင်တွင် မေလ ၁၆ ရက်၊ ည ၉ နာရီခွဲခန့်က ဒေါက်တာကျော်မျိုး၊ သူနာပြုများနှင့်အတူ နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပွားနေသောလူနာအား အရေးပေါ်ကုသမှုဆောင်ရွက်နေကြောင်း သိရသည်။
ပြင်သစ်သည် ပြင်သစ်လူမျိုးအပိုင်မဟုတ် ဘယ်သူမဆို နေခွင့်ရှိသည်ဆိုကာ ပါရီလေဆိပ်ကို ၀င်ကျူးပြီး ရွှေ့ ပြောင်းတွေ ဆန္ဒပြ
ဝတ်စုံနက်အမည်ရ ရွှေ့ ပြောင်းအခြေချ ဆန္ဒပြသူ ၅၀၀ ခန့် ဟာ တနင်္ဂနွေနေ့ က ပြင်သစ်နိုင်ငံ ပါရီမြို့ တော်က ချားလ်စ်ဒီဂေါ လေဆိပ်ကို ကျူးကျော်ဝင်ရောက်ကာ ပြည်နှင်ဒဏ်ပေးမှု ဆန့် ကျင်ကြောင်းနဲ့  ၀န်ကြီးချုပ် အက်ဒွပ် ဖီးလစ်က ၄င်းတို့ အားလုံး တရားဝင် စာရွက်စာတမ်းတွေရရှိရေး ထောက်ကူဆောင်ရွက်ပေးဖို့  တောင်းဆိုခဲ့ကြပါတယ်။ လူဦးရေ ၅၀၀ လောက်ရှိတဲ့ ရွှေ့ ပြောင်းလူအုပ်ဟာ လေဆိပ်ရဲ့  ၀င်ပေါက် ၂ မှာ စုစည်းခဲ့ကြကာ စက်လှေကားတွေပေါ် ရပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်တွေက ၄င်းတို့ ရဲ့  လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့ပါတယ်။မီးပွိုင့်များတွင် တောင်းရမ်းနေသော ကလေးငယ်များ၏ဘ၀ရှေ့ရေးကိုစဉ်းစားသင့်ဟု ချစ်ချစ်ဇော်ပြော
မီးပွိုင့်များတွင် တောင်းရမ်းနေသောကလေးငယ်များ၏ဘ၀ရှေ့ရေးကို လူတိုင်းစဉ်းစားပေးသင့်ကြောင်း သရုပ်ဆောင်ချစ်ချစ်ဇော်က ပြောသည်။ ရန်ကုန်မြို့ရှိစိန်ရတုခန်းမတွင် မေလ ၁၉ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအဆင့်ဆင့်ဖွဲ့စည်းရေး အစည်းအဝေးတွင် အကုန်သိသတင်းဌာနထံ ဖြေကြားပေးခြင်းဖြစ်သည်။
Huawei ၏ Android လည်ပတ်မောင်းနှ dင်မှုစနစ်အဆင့်မြှင့်တင်မှုအချို့ကို Google ကန့်သတ်
Google ကုမ္ပဏီသည် Android လည်ပတ်မောင်းနှင်စနစ် အဆင့်မြှင့်တင်မှုအချို့ကို စမတ်ဖုန်းထုတ်လုပ်သူ Huawei မပေးတော့ဘဲ ကန့်သတ်လိုက်ကြောင်း သိရသည်။ ထို့ကြောင့် Huawei စမတ်ဖုန်းဒီဇိုင်းအသစ်များ သည် နာမည်ကျော် Google အက်ပလီကေးရှင်းများ အသုံးပြုနိုင်မှုကို ဆုံးရှုံးရတော့မည်ဖြစ်သည်။ အမေရိကန် သမ္မတထရန့်အစိုးရက လိုင်စင်မရှိပါက အမေရိကန်ကုန်မ္ပဏီများနှင့် ကုန်သွယ်မှုမလုပ်နိုင်သည့် ကုမ္ပဏီများ စာရင်းတွင် Huawei ကိုထည့်သွင်းခဲ့ပြီးနောက် ယင်းလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်လာလျှင် အီရန်ကို အင်အားအလုံးအရင်းဖြင့်ချေမှုန်းမည်ဟု ထရမ့်ဆို၊ မဟုတ်မဟတ်များပြောပြီး မခြိမ်းခြောက်ရန် အီရန်တုံ့ပြန်
အကယ်၍ အီနိုင်ငံကသာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်အကျိုးစီးပွားများကို တိုက်ခိုက်ဖျက်ဆီးခဲ့မည်ဆိုပါက အီရန်အနေနှင့် အင်အားအလုံးအရင်းဖြင့် တုံ့ပြန်ချေမှုန်းခံရမည်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိမ်းဝါးပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ အစိုးရသတင်းရင်းမြစ်များ အဆိုအရ အီရတ်နိုင်ငံရှိ ဂရင်းဇုန်ကို ရော့ကက်ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ရှီယိုက် စစ်သွေးကြွများသည် အီရန်နိုင်ငံနှင့် ချိတ်ဆက်ပတ်သက်မှုရှိသည်ဟု ဝါရှင်တန်အစိုးရက ကြီးစွာသောသံသယဖြစ်လျက်ရှိသည်။
အိန္ဒိယ-မြန်မာ ရေတပ်ပူးတွဲကင်းလှည့်အစီအစဉ်စတင်
မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ၈ ကြိမ်မြောက် ပူးတွဲရေတပ်ကင်းလှည့်ရေးအစီအစဉ်ကို မေလ ၂ဝ ရက်နေ့ကနေ ၂၈ နေ့ထိ ပြုလုပ်ဖို့ မနေ့က စတင်လိုက်တယ်လို့ နယူးဒေလီကလာတဲ့ သတင်းတပုဒ်မှာ ဒီနေ့ဖော်ပြထားပါတယ်။ မြန်မာ့တပ်မတော် (ရေ) ဘက်က တပင်ရွှေထီးနဲ့ အင်းလေး စစ်သင်္ဘောတို့ အတ်ဒမန်ကျွန်းက Blair ဆိပ်ကမ်းကို မနေ့ကရောက်လာပြီး ဖွင့်ပွဲကျင်းပကြတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယဘက်က ဆာယုစစ်သင်္ဘောပါဝင်မှာဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာစစ်သင်္ဘောတွေဟာ နှစ်နိုင်ငံ ပင်လယ်ရေနယ်နိမိတ်ကြားက ၇၂၅ ကီလိုမီတာကို လေးရက်ကြာလှည့်လည်မယ်လို့ သိရပါတယ်။
တာချီလိတ်မြို့တွင် ဟိုတယ်ရှေ့၌ ရပ်ထားသည့် ကားအား ခိုးသွားသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
ခွဲထွက်ရေး သူပုန်တွေ ကြီးစိုးနေတဲ့ တောင်ပိုင်း ပြည်နယ်သုံးခုသို့  ထိုင်း စစ်သားတွေ ပို့ လွှတ်ကာ လူထုနဲ့  နေထိုင်စေမည်
ထိုင်း အမှတ် ၄ စစ်တိုင်းဟာ တောင်ပိုင်းပြည်နယ် သုံးခုသို့  စစ်သားတွေ ပို့ လွှတ်ကာ ယင်းဒေသမှာ ခွဲထွက်ရေးသူပုန်တွေ ကြီးစိုးမှုကို လျှော့ချဖို့ နဲ့  ဒေသခံတွေ လုံခြုံရေး သေချာစေဖို့ အတွက် ကျေးရွာလူထုအတွင်း စစ်သားတွေကို နေထိုင်စေမယ်လို့  သိရပါတယ်။
၈၈မျိုးဆက်ဒေါ်နီလာသိန်းအပါအဝင်(၅)ဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ရဲက ယနေ့ အမှုဖွင့်လိုက်ပြီ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအားရုံးထုတ်စစ်ဆေးစဉ် လာရောက်ဝန်းရံခဲ့ကြသည့် ၈၈မျိုးဆက်ဒေါ်နီလာသိန်းအပါအဝင်(၅)ဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ရဲက ယနေ့ အမှုဖွင့်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်နီလာသိန်းအပါအဝင် (၅)ဦးသည် မနေ့က ဗိုလ်တထောင်မြို့နယ်တရားရုံးတွင်ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များ ရုံးထုတ်ရာ၌ လုံခြုံရေးအဖွဲ့များနှင့် နှစ်ဖက် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပါတယ်။
စက်လှေဖြင့် လိုက်မပို့ပေးသည့်အတွက် AA အဖွဲ့မှ သေနတ်ဖြင့်ပစ်ကာ ဓားဖြင့်ထိုးသဖြင့် အမျိုးသား ၁ ဦး သေဆုံး
ဘူးသီးတောင်မြို့နယ်တွင် စက်လှေမောင်းသူတစ်ဦးကို AA အဖွဲ့မှ သေနတ်ဖြင့်ပစ်ကာ ဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာနေ စိုးဝင်းနိုင်၊ (၃၈)နှစ်(ရခိုင်/ဗုဒ္ဓ) (စက်လှေလုပ်ငန်း)သည် မေလ ၂၀ ရက်၊ ည ၇ နာရီခန့်က နေအိမ်၌ရှိနေစဉ် AA အဖွဲ့ဝင် ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးရန် ပြောကြားရာ စိုးဝင်းနိုင်က မိုးချုပ်နေသောကြောင့် ပို့ဆောင်မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာမှ စကားများခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် သရက်သီးတင်ယာဉ်တစ်စီး အရှိန်လွန်ထိုးကျရာမှ တစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာအနီး ပန်ဂျလော့ကုန်းဆင်းချောက်အတွင်း မေလ ၂၀ ရက်၊ နံနက်ပိုင်းက သရက်သီးတင်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ ထိုးကျခဲ့ရာမှ တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ကုန်းဆင်းမိုင်တိုင်အမှတ် ၂၅၃/၄ -၂၅၃/၅ ကြားတွင် မေ ၂၀ ရက် နံနက်ပိုင်းက မန္တလေးဘက်မှ တရုတ်ပြည်ဘက်သို့ တင်ပို့မည့် သရက်သီးများ တင်ဆောင်လာသော ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၂၀၀ ခန့်နက်သော ချောက်အတွင်း ထိုးဆင်းသွားခဲ့ခြင်းဖြစ်သည်။ လေပြင်းများတိုက်ခတ်မှုကြောင်. ဓာတ်အားလိုင်းတိုင်၊ဓာတ်အားလိုင်းကြိုးများပေါ်သို.သစ်ပင်ကြီးများပြိုလဲခဲ့
၂၁.၅.၂၀၁၉ရက်နေ.ညနေပိုင်းအချိန်ကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို.နယ်နေရာအချို.တို.တွင် လေပြင်းများတိုက်ခတ်မှုကြောင်. ဓာတ်အားလိုင်းတိုင်၊ဓာတ်အားလိုင်းကြိုးများပေါ်သို.သစ်ပင်ကြီးများပြိုလဲခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းကြောင့် အဆိုပါမြို့များဖြစ်သည့် ရွှေပြည်သာ၊လှိုင်သာယာ၊လှည်းကူး၊ထောက်ကြန်.၊အင်းစိန်၊မင်္ဂလာဒုံ၊မရမ်းကုန်း၊လှိုင်၊ကမာရွတ်၊မြောက်ဥက္ကလာ၊တောင်ဥက္ကလာ၊သင်္ဃန်းကျွန်း၊သာကေတ၊မြောက်ဒဂုံစသည်.မြို.နယ်များ၏နေရာအချို.တိုတွင်ဓာတ်အားပြတ်တောက်ခဲ.ရပါသည်။အီရန်အန္တရာယ်အစီရင်ခံချက် ကန်လွှတ်တော်အမြင်ကွဲပြား
အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်စစ်အင်အား တိုးမြှင့်ချထားမှုဖို့ ဆောင်ရွက်မှုတွေကြောင့် အီရန်ကို ဟန့်တားရာ ရောက်စေပြီး အီရန် အနေနဲ့ တခြား တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် အမေရိကန်တွေ အပေါ် တိုက်ခိုက်မယ့် အလားအလာကိုတော့ ထိန်းချုပ်ထားနိုင်တယ်လို့ အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီး Pat Shanahan က ပြောပါတယ်။
အီရန်ကို စစ်သင်္ဘောများနှင့်လှမ်းထောက် တရုတ်ကို ဟွာဝေးနှင့်ပါလှမ်းခြောက်သည့် အမေရိကန်
"အမေရိကန်ကို နောက်တစ်ခါခြိမ်းခြောက်လျှင် အီရန်နိုင်ငံ တရားဝင်အဆုံးသတ်သွားတဲ့နေ့ရောက်လာလိမ့်မယ်"ဟု သမ္မတဒေါ်နယ် ထရမ့်က သတိပေးလိုက်သည့်သတင်းများ ကမ္ဘာပေါ် ပလူပျံသွားသည့်ရက်မှာပင် တရုတ်၏နည်းပညာပဂေး ဟွာဝေးကို ထရမ့်၏စည်း မျဉ်းအရ ဂူဂဲလ်ကုမ္ပဏီကြီးက အန်းဒရွိုက်စနစ် ပေးမသုံးနိုင်တော့ဟူသည့် သတင်းလည်း ထွက်ပေါ်ရိုက်ခတ်သွားသည်။
နျူကလီးယားစစ်ပွဲအန္တရာယ် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေဟုဆို
နျူကလီးယားလက်နက်များ အသုံးပြုမှုအန္တရာယ်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်နေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူက ပြောကြားလိုက်ပါတယ်။ UN Institute for Disarmament Research (UNIDIR) ရဲ့ ညွန်ကြားရေးမှူး Renata Dwan က မေ ၂၁ ရက်မှာ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာက ပိုမိုအလေးထားရမယ့် အရေတကြီး ကိစ္စရပ်တစ်ခု ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ၎င်းတို့ရဲ့ နျူကလီးယားအစီအစဉ်တွေကို ခေတ်မီစေရန် လုပ်ဆောင်နေကြပြီး လက်နက်ထိန်းချုပ်ရေးကဏ္ဍဟာလည်း ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။
(၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား
၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၀၉)မိနစ်၊ (၃၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၉၈) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၃.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၈၅) ဒီဂရီ၊ အနက် (၁၀၂) ကီလိုမီ တာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။
မြန်မာ့လက်ရွေးစင်ဟော်ကီအသင်း မလေးရှားနိုင်ငံသို့ သွားရောက်လေ့ကျင့်
ဖိလစ်ပိုင်ဆီးဂိမ်းအ ကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက် ရွေးစင်ဟော်ကီအသင်းသည် မ လေးရှားနိုင်ငံ၌ မေလတတိယ ပတ်ကစတင်ကာ ပူးတွဲလေ့ကျင့် နေသည်။ ကစားသမား ၁၆ ဦးပါဝင် သည့် မြန်မာဟော်ကီအသင်း သည် မေလ ၁၈ ရက်မှ ဇွန်လ ၆ ရက်အထိမလေးရှားနိုင်ငံ Ipoh မြို့တွင် လေ့ကျင့်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်ရေးခရီးစဉ်တွင် မလေးရှားဟော်ကီကလပ် အ သင်းအချို့နှင့်လည်း လက်ရည် စမ်းပွဲများယှဉ်ပြိုင်ရန် စီစဉ်ထား ကြောင်း မြန်မာဟော်ကီအဖွဲ့ ချုပ်တာဝန်ရှိသူတစ်ဦးက ပြော သည်။
မှုခင်းဖြစ်ပွားနှုန်းအရ လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်အခြေအနေမျိုးမရှိဟု ပြည်ထဲရေးဒုဝန်ကြီးပြော
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မှုခင်းများသည် လူမှုအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးကို ခြိမ်းခြောက်သည့်အ ခြေအနေမျိုးမရှိကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။ေ မလ ၂၁ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးတွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးထိန်ဝင်းက ရဲတပ်ဖွဲ့အား နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ အဆင့်မီ တပ်ဖွဲ့ဖြစ်ရေး စီမံ ဆောင်ရွက်ထားမှုအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းသည့် မေး ခွန်းကို ဗိုလ်ချုပ်အောင်သူက ပြန် လည်ဖြေကြားခြင်းဖြစ်သည်။
အထည်ချုပ်စက်ရုံများ လုပ်ခလစာပေးချေမှု စနစ်ကို တစ်ပုံစံတည်းပြောင်းလဲမည်ဟု ဦးဖြိုးမင်းသိန်းပြော ပြောင်းလဲမည့်စနစ်ကို အလုပ်သမားအဖွဲ့အစည်းများကြိုဆို
အထည်ချုပ်စက်ရုံများ ၏လုပ်ခလစာပေးချေမှုစနစ်ကို တစ်ပုံစံတည်းဖြစ်ရန် ပြောင်းလဲ ကျင့်သုံးစေမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ လုပ်ငန်းခွင်အဆင်မပြေမှု ကြောင့် မေလ ၂၀ ရက်က ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ရှေ့တွင် လာရောက်အကူအညီ တောင်းခံသည့် အလုပ်သမားများ နှင့်တွေ့ဆုံစဉ် အထည်ချုပ်လုပ် ငန်းများ တစ်ခုနှင့်တစ်ခုကွဲပြားနေ သည့် လုပ်ခလစာပေးချေမှုကို ၎င်းအနေဖြင့် အမြန်ဆုံးပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။
အလွတ်တန်းဖူဆယ်ပြိုင်ပွဲ အုပ်စု(ဂ)တွင် On Doctor နှင့် Winner အသင်းတို့ နောက်တစ်ဆင့်တက်
အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် On Doctor နှင့်Winner အသင်းတို့က ပြိုင်ဘက်များကို အသီးသီး အနိုင်ရပြီး ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက် ရောက်ခဲ့သည်။ မေလ ၂၀ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် On Doctor အသင်းက လက်ဝဲသုန္ဒရအသင်းကို ခြေစွမ်း အသာဖြင့် ဖိအားပေးကစားပြီး ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ သည်။
ဧရာဝတီအသင်း ကင်မရွန်းနောက်ခံလူ အီဖာနှင့် လမ်းခွဲ
ဧရာဝတီအသင်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသည့် ကင်မရွန်းနောက်ခံလူ အီဖာကို စာချုပ်ဖျက်သိမ်းကြောင်း အသင်းမီဒီ ယာတာဝန်ခံ ကိုသက်ထူးနိုင်ဦး က ပြောသည်။ အီဖာသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် နားနေရသဖြင့် စာချုပ်လက်ကျန်ငါးလစာ လျော်ကြေးပေး၍ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။ ထို့အပြင် ဧရာဝတီအသင်း သည် ရာသီဝက် အပြောင်းအရွှေ့ကာလတွင် စွမ်းဆောင်ရည် ကျဆင်းနေသည့် လိုက်ဘေးရီးယား တိုက်စစ်မှူး ကိဘ်နှင့်လည်း စာချုပ်ဖျက်သိမ်းရန် စီစဉ်နေပြီး ၎င်း တို့နှစ်ဦးအစား ပြည်ပကစားသ မားသစ်နှစ်ဦး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း ကိုသက်ထူးနိုင် ဦးက ပြောသည်။
ကိုယ်နဲ့မရင်းနှီးသေးတဲ့သူတွေနဲ့ စကားကောင်းကောင်းပြောနိုင်မယ့် နည်းလမ်းကောင်းလေး
တစ်ချို့သူတွေက လူအများကြီးရှေ့မှာ စကားပြောရမှာကြောက်သလို ကိုယ်မသိတဲ့၊ မရင်းနှီးသေးတဲ့တစ်ယောက်ယောက်နဲ့ စကားပြောရမှာကြောက်တတ်ကြပါတယ်။ ဒါပေမဲ့ ကြောက်တဲ့စိတ်နဲ့ စကားမပြောဘဲနေလို့မဖြစ်တော့တဲ့အခြေအနေမျိုးရောက်လာပြီဆိုရင် ဘယ်လိုရင်ဆိုင်ကြမလဲ။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့သူတွေနဲ့ စကားစပြောဖို့ဆိုရင် သတ္တိရှိဖို့လိုသလို ကျွမ်းကျင်မှုရှိဖို့လည်း လိုပါတယ်။ သတ္တိရှိပြီး ကျွမ်းကျင်မှုမရှိရင် စကားမှားပြီး ပြဿနာတစ်စုံတစ်ခုဖြစ်နိုင်ပါတယ်။ သတ္တိရှိတာကို ကျွမ်းကျင်မှုနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ပြောတဲ့စကားတိုင်းက အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။ ဒါပေမဲ့ မအောင်မြင်နိုင်တဲ့ရာခိုင်နှုန်းလည်း ရှိနိုင်သေးတာကြောင့် ကိုယ်နဲ့မရင်းနှီးသေးတဲ့သူတွေနဲ့ စကားကောင်းကောင်းပြောနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ လေ့လာကြည့်ကြရအောင်။
(၁) ရင်းနှီးမှုတည်ဆောက်ပါ။
ကိုယ်စကားပြောချင်တဲ့သူနဲ့ ကိုယ်နဲ့ကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ဖို့ဆိုရင် ရင်းနှီးမှုရအောင် အရင်ယူရပါလိမ့်မယ်။ ရင်းနှီးမှုရဖို့ဆိုရင် စကားပြောကြည့်ဖို့လိုပါတယ်။ ဒါကြောင့်တတ်နိုင်သလောက် ကျွမ်းကျင်လိမ္မာမှုရှိစွာနဲ့ စကားများများပြောပြီး ရင်းနှီးမှုရအောင် အရင်လုပ်ပါ။
(၂) အချိန်ကောင်းကို စောင့်ပါ။
ကိုယ်စကားပြောဖို့မဝံ့မရဲဖြစ်နေတဲ့သူနဲ့ စကားပြောဖို့လိုတဲ့အခါမှာ ကိုယ့်စကားက ကောင်းကောင်းမွန်မွန်နဲ့ပြီးသွားဖို့ဆိုရင် သူ့ဘက်က စိတ်အခြေအနေကောင်းနေတဲ့အချိန်၊ အလုပ်အခြေအနေကောင်းနေတဲ့အချိန် စသဖြင့် အချိန်ကောင်းကိုစောင့်ပြီး ပြောတတ်ဖို့လိုပါတယ်။
(၃) ရည်ရွယ်ချက်ကို ရှင်းပြပါ။
ကိုယ်စကားပြောဖို့လိုပြီဆိုရင် ဘာကြောင့်ဒီစကားတွေကိုပြောရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကိုရှင်းပြပေးပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်က သူ့အတွက်စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ရည်ရွယ်ချက်က သူ့အတွက်အထောက်အကူတစ်ခုခုဖြစ်နေတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းရှိနေပြီဆိုရင် ကိုယ့်စကားကို ကောင်းကောင်းနားထောင်ပေးပါလိမ့်မယ်။
(၄) နားထောင်မယ့်သူအတွက်ပါ စဉ်းစားပေးပါ။
ကိုယ်ပြောမယ့်စကားရဲ့ရည်ရွယ်ချက်မှာ ကိုယ့်စကားကိုနားထောင်မယ့်သူရဲ့အကျိုးကိုပါ ထည့်စဉ်းစားပေးထားတယ်ဆိုတာကို ပေါ်လွင်အောင်ပြောဖို့လည်း လိုပါတယ်။ အဲ့ဒီလိုအချက်မျိုးပါပြီဆိုရင် နားထောင်တဲ့သူဘက်က အနည်းနဲ့အများစိတ်ဝင်စားပါလိမ့်မယ်။
(၅) တာဝန်ယူပါ။
ကိုယ်ဘက်ကဘယ်လိုစကားကိုပဲပြောပြော၊ ဘယ်လိုလိမ္မာပါးနပ်မှုပဲရှိရှိ ကိုယ်ပြောတဲ့စကားတွေရဲ့ တာဝန်တွေအကုန်လုံးကို ကိုယ့်ဘက်ကတာဝန်ယူတတ်ဖို့လိုပါတယ်။ ဒါကြောင့် စကားပြောဖို့လိုလာရင်လည်း ကိုယ့်ဘက်က အထောက်အထားပြည့်စုံဖို့၊ မှန်ကန်ဖို့အတွက် စာများများဖတ်ပြီး၊ များများလေ့လာထားဖို့တော့ လိုပါလိမ့်မယ်။
(၁) ရင်းနှီးမှုတည်ဆောက်ပါ။
ကိုယ်စကားပြောချင်တဲ့သူနဲ့ ကိုယ်နဲ့ကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ဖို့ဆိုရင် ရင်းနှီးမှုရအောင် အရင်ယူရပါလိမ့်မယ်။ ရင်းနှီးမှုရဖို့ဆိုရင် စကားပြောကြည့်ဖို့လိုပါတယ်။ ဒါကြောင့်တတ်နိုင်သလောက် ကျွမ်းကျင်လိမ္မာမှုရှိစွာနဲ့ စကားများများပြောပြီး ရင်းနှီးမှုရအောင် အရင်လုပ်ပါ။
(၂) အချိန်ကောင်းကို စောင့်ပါ။
ကိုယ်စကားပြောဖို့မဝံ့မရဲဖြစ်နေတဲ့သူနဲ့ စကားပြောဖို့လိုတဲ့အခါမှာ ကိုယ့်စကားက ကောင်းကောင်းမွန်မွန်နဲ့ပြီးသွားဖို့ဆိုရင် သူ့ဘက်က စိတ်အခြေအနေကောင်းနေတဲ့အချိန်၊ အလုပ်အခြေအနေကောင်းနေတဲ့အချိန် စသဖြင့် အချိန်ကောင်းကိုစောင့်ပြီး ပြောတတ်ဖို့လိုပါတယ်။
(၃) ရည်ရွယ်ချက်ကို ရှင်းပြပါ။
ကိုယ်စကားပြောဖို့လိုပြီဆိုရင် ဘာကြောင့်ဒီစကားတွေကိုပြောရတာလဲဆိုတဲ့ ရည်ရွယ်ချက်ကိုရှင်းပြပေးပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်က သူ့အတွက်စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ရည်ရွယ်ချက်က သူ့အတွက်အထောက်အကူတစ်ခုခုဖြစ်နေတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းရှိနေပြီဆိုရင် ကိုယ့်စကားကို ကောင်းကောင်းနားထောင်ပေးပါလိမ့်မယ်။
(၄) နားထောင်မယ့်သူအတွက်ပါ စဉ်းစားပေးပါ။
ကိုယ်ပြောမယ့်စကားရဲ့ရည်ရွယ်ချက်မှာ ကိုယ့်စကားကိုနားထောင်မယ့်သူရဲ့အကျိုးကိုပါ ထည့်စဉ်းစားပေးထားတယ်ဆိုတာကို ပေါ်လွင်အောင်ပြောဖို့လည်း လိုပါတယ်။ အဲ့ဒီလိုအချက်မျိုးပါပြီဆိုရင် နားထောင်တဲ့သူဘက်က အနည်းနဲ့အများစိတ်ဝင်စားပါလိမ့်မယ်။
(၅) တာဝန်ယူပါ။
ကိုယ်ဘက်ကဘယ်လိုစကားကိုပဲပြောပြော၊ ဘယ်လိုလိမ္မာပါးနပ်မှုပဲရှိရှိ ကိုယ်ပြောတဲ့စကားတွေရဲ့ တာဝန်တွေအကုန်လုံးကို ကိုယ့်ဘက်ကတာဝန်ယူတတ်ဖို့လိုပါတယ်။ ဒါကြောင့် စကားပြောဖို့လိုလာရင်လည်း ကိုယ့်ဘက်က အထောက်အထားပြည့်စုံဖို့၊ မှန်ကန်ဖို့အတွက် စာများများဖတ်ပြီး၊ များများလေ့လာထားဖို့တော့ လိုပါလိမ့်မယ်။
ဝိုင်းမော်၌ သစ်တောကြိုးဝိုင်းအတွင်း တစ်သျှူးငှက်ပျောစိုက်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသားငါးဦးကိုဖမ်းဆီး
တစ်သျှူးငှက်ပျောစိုက် ပျိုးရေးကို ကချင်ပြည်နယ်အစိုးရ က တင်းကျပ်စွာကိုင်တွယ်နေပြီး ၀ိုင်းမော်မြို့နယ်ရှိ ၀ါရှောင်သစ် တောကြိုးဝိုင်းအတွင်းဝင်၍ တစ် သျှူးငှက်ပျောစိုက်ရန် ပြင်ဆင်နေ သည့် တရုတ်နိုင်ငံသားငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ‘၀ါရှောင်ကြိုးပြင် ကာကွယ် တောထဲကိုဝင်ပြီး ခုတ်ထွင်ရှင်း လင်းတာ။ ဒါကြောင့်ဖမ်းဆီးတာ’’ ဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာန ဦးစီးမှူးဦးခင်မောင်ဦးက ပြောသည်။
မောင်တောမြို့တွင် မီးလောင်၍ လူနေအိမ်သုံးလုံးဆုံးရှုံး
မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် ဟိန္ဒူရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီး ကူးစက်လောင်ကျွမ်းမှုကြောင့် လူ နေအိမ်သုံးလုံးဆုံးရှုံးခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှု သည် မေလ ၂၀ ရက် ည ၁၁ နာရီမိနစ် ၂၀ ခန့်တွင် ဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ရာ သန်းခေါင်ကျော် ၁၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မောင်တောခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘နေအိမ်တွေက သွပ်မိုး၊ ဝါး ထရံကာ၊ ပျဉ်ခင်းအိမ်တွေဖြစ်ပါ တယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ် ခုနစ်သိန်းကျော်ဖြစ်ပါတယ်။ တ ခြားအထိအခိုက်မရှိပါဘူး’’ ဟု အထက်ပါတာဝန်ရှိသူက ပြော သည်။
အဂတိတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူများ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံ
မွန်ပြည်နယ် ၀န်ကြီး ချုပ်အပါအ၀င် အစိုးရအဖွဲ့ဝန် ကြီးများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့က မေလ ၂၁ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် အသိပညာပေးနှင့် ပြည်သူ့ဆက် ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ လွှတ်တော်တွင် ဖြေကြားမှုနှင့် ပတ်သက်၍ သွားရောက်စစ်ဆေး ခြင်းမဟုတ်ဘဲ မွန်ပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရန် သွားရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံရသော မြို့နယ်တရားသူကြီးကို ဖမ်းဝရမ်းထုတ်
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသော ကျောက် တံခါးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန်ကို ဖမ်းဝရမ်း ထုတ်ပြန်ကာ ရဲတပ်ဖွဲ့က လိုက် လံဖမ်းဆီးနေကြောင်း ခင်ဦးမြို့မ ရဲစခန်းမှူးက ပြောသည်။ မြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန်သည် ကျပ်သိန်း ၂၀ လာဘ်ယူခဲ့၍ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိပုဒ်မ ၅၆/၆၃ ဖြင့် အမှုဖွင့် ထားပြီး ၎င်းသည် ထွက်ပြေးတိမ်း ရှောင်နေသည်။ ရဲတပ်ဖွဲ့က ဒေါ်ရည်ရည်မွန် ကို လိုက်လံဖမ်းဆီးနေပြီး တရားခံပြေးအား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ်အ ကြောင်းကြားပေးရန် တရားခံ၏ မှတ်တမ်းဓာတ်ပုံကို မေလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
အမှုဖွင့်ခံရသည့် ဗိုလ်ချုပ်ရုပ်တုကန့်ကွက်သူ ခြောက်ဦးစုံပါက သွားရောက်အဖမ်းခံမည်ဟုဆို
ပုဂ္ဂိုလ်ဆိုင်ရာ လွတ် လပ်မှုဥပဒေဖြင့် အမှုဖွင့်ခံရသည့် လူငယ်ခြောက်ဦးသည် ထွက်ပြေး နေခြင်းမဟုတ်ဘဲ လူစုံအောင် စုပြီးပါက သွားရောက်အဖမ်းခံ မည်ဟု ဗိုလ်ချုပ်ရုပ်တုကိစ္စနှင့် ပတ်သက်၍ ဦးဆောင်ကန့်ကွက် သူ ကိုဒီးဒီက ပြောသည်။ လက်ရှိတွင် ၎င်းတို့သည် လုံခြုံသည့် နေရာတစ်နေရာတွင် ရှိနေပြီး အမှု၌ပါဝင်သည့် လူငယ် တစ်ဦး ခရီးလွန်နေခြင်းကြောင့် ဆက်သွယ်အကြောင်းကြားထား သည်ဟု ဆိုသည်။ ယင်းလူငယ် ရောက်ရှိလာပါက လွိုင်ကော် မြို့မရဲစခန်းသို့ ၎င်းတို့ကိုယ်တိုင် သွားရောက်အဖမ်းခံမည်ဟု ကိုဒီး ဒီက ဆိုသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်းကို ပြန်လည်သုံးသပ်ရန်တောင်းဆို
ဒုတိယအကြိမ် ပြင်ဆင် သည့် အလုပ်သမားရေးရာ အ ငြင်းပွားမှု ဖြေရှင်းရေးဥပဒေကြမ်း တွင် အလုပ်သမားများ၏ အကြံ ပြုချက်နှင့် သဘောထားများ ပါ ဝင်မှုမရှိကြောင်း မြန်မာနိုင်ငံစက် မှုလက်မှုနှင့် ဝန်ဆောင်မှုပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) မှ ဦးသက်နှင်းအောင်က ပြောသည်။ အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိ ယအကြိမ် ပြင်ဆင်မည့် ဥပဒေ ကြမ်းကို ပြည်ထောင်စုလွှတ် တော်၏ အတည်ပြုမှုအပေါ် အ လုပ်သမားထုဆန္ဒ သဘောထား ထုတ်ပြန်ရေး ပူးပေါင်းကော်မတီ က မေလ ၂၀ ရက်တွင် ရန်ကုန် မြို့၌ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာတွင် ၎င်းက ထိုသို့ပြော ကြားခြင်းဖြစ်သည်။
မင်္ဂလာဒုံတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေ
မင်္ဂလာဒုံမြို့နယ် တန့် ကြည်တောင် ဝိပဿနာရိပ်သာ အနီး ရေမြောင်းအတွင်း ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသား တစ်ဦး သေဆုံးမှု ယမန်နေ့က ဖြစ်ပွားကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းမှူးက ပြောသည်။ သေဆုံးသူ အမျိုးသားသည် အသက် (၂၀)ခန့်ရှိပြီး မေလ ၂၀ ရက် နေ့လယ် ၁ နာရီခွဲ၌ ကုန်းတလပေါင်ကျေးရွာ ရွှေစေတီပတ်လမ်းရှိ တန့်ကြည်တောင် ဝိပဿ နာရိပ်သာ မြောက်ဘက် ရေမြောင်းအတွင်း ဝဲဘက်ဝမ်းဗိုက်ဘေး ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်အား ဖေ့စ်ဘွတ်ခ်တွင် မဟုတ်မမှန်ရေးသားသည်ဆိုကာ အမျိုးသားတစ်ဦးကို အမှုဖွင့်
ဖြစ်စဉ်အမှန်ကို သေချာမစုံစမ်းဘဲ ဖေ့စ်ဘွတ်ခ် တွင် မှားရေးသားပြီးမတောင်းပန် သဖြင့် သထုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ယင်းမြို့နေ အမျိုးသားတစ်ဦးကို အမှုဖွင့်ခဲ့သည် ။ မေလ ၁၃ ရက်က ကျိုက်ထို မြို့နယ်သို့ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ ကွင်းဆင်းချိန် တွင် ဘီးလင်းတိုးဂိတ်၌ လမ်း အသုံးပြုခပေးပြီးနောက် ၎င်းတို့ ရှေ့မှ မောင်းနှင့်သောကော်မတီ ၀င်တစ်ဦး၏ယာဉ် အက်ဆီးဒင့် ဖြစ်နေသည်ကို တွေ့ခဲ့ကြောင်း ၊ အဆိုပါ ယာဉ်မတော်တဆမှု ကြောင့် လူများထိခိုက်မှုမရှိ သော်လည်း ကွမ်းယာဆိုင်လဲသွား ကြောင်း ဒေါ်ခိုင်ခိုင်လဲ့ကဆို သည်။
အရေးပေါ်ဆင်းသက်ခဲ့သည့်လေယာဉ်ပြုပြင်ပြီးပါက MNA လေကြောင်းလိုင်း ဆက်လက်ငှားရမ်းမည်ဟုဆို
မန္တလေးလေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘီးချမရသ ဖြင့်အင်ဂျင်စက်ရပ်၍ အရေး ပေါ်ဆင်းသက်ခဲ့ရသည့် အမ် ဘရာလေယာဉ်ကို ပြုပြင်ပြီးသည့် အခါ မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) ကဆက် လက်ငှားရမ်းအသုံးပြုမည်ဟုလေ ယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က ပြောသည်။ လေယာဉ်ပြုပြင်ရန် ကုန်ကျ စရိတ်ကို တန်ဖိုးသင့်တွက်ချက် ပြီးသည့်နောက်အာမခံကုမ္ပဏီထံ မှ တပေါင်းတည်းတောင်းခံမည် ဖြစ်ကြောင်း၊ လက်ရှိတွင်ကုန် ကျစရိတ်အတွက် မြန်မာအ မျိုးသားလေကြောင်းလိုင်းနှင့်အမ် ဘရာကုမ္ပဏီက တန်ဖိုးသင့်နိုင် ခြင်းမရှိသေးကြောင်း ၎င်းကပြော သည်။
ဧပြီအတွင်း ဖြစ်ပွားသော မြို့နယ် ၁၆ ခု တိုက်ပွဲများတွင် မြောက်ဦးနှင့် ဘူးသီးတောင် အများဆုံးဟု MIPS ထုတ်ပြန်
ယခုနှစ် ဧပြီအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ လက်နက် ကိုင်ထိတွေ့မှု ဖြစ်ပွားသည့်မြို့ နယ် ၁၆ ခုရှိရာ ရခိုင်ပြည်နယ် မြောက်ဦးနှင့် ဘူးသီးတောင်မြို့ နယ်တို့တွင် ထိတွေ့မှုအရေအ တွက် အများဆုံးဖြစ်ကြောင်း သု တေသနအဖွဲ့ဖြစ်သည့် ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျုဒ် (MIPS)ကသတင်း ထုတ်ပြန်သည်။ MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက် အလက်ဒေတာဘေ့စ်၌ မှတ် တမ်းတင်ထားသော အချက်အ လက်များအရ ဧပြီတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ လက်နက် ကိုင်ထိတွေ့မှု ၅၀ ကျော်နှင့် ဒေ သန္တရလက်လုပ်မိုင်း အသုံးပြု တိုက်ခိုက်မှု ၁၃ ကြိမ် ဖြစ်ပွား သည်ဟု ဖော်ပြခဲ့သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ၈၈ ငြိမ်းပွင့်မှ ဒေါ်နီလာသိန်းအပါအဝင် ငါးဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်စဉ် ရဲတပ်ဖွဲ့ ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားမှုကြောင့် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း)မှ ဒေါ်နီလာသိန်းအပါအဝင် ငါးဦးကို ပုဒ်မလေးခုဖြင့် ဗိုလ် တထောင်မြို့နယ် ရဲစခန်း၌ ယမန်နေ့က အမှုဖွင့်ထားသည်။ ‘‘ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေအ ပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်မှု၊ တာဝန်ဝတ္တရားနှောင့် ယှက်မှုတို့ကြောင့် ပါဝင်သူငါးဦး ကို အမှုဖွင့်လိုက်တာပါ’’ဟု အ ရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
မီးဖြတ်ချိန်မဟုတ်ဘဲ ပြတ်တောက်၍ လွှတ်တော်အမတ်က လျှပ်စစ်ဒုဝန်ကြီးထံ တိုက်ရိုက်တိုင်ကြား
လျှပ်စစ်မီးဖြတ် ချိန်မဟုတ်ဘဲ ပြတ်တောက်မှုများ ဖြစ်ပေါ်၍ ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ တိုက်ရိုက် တိုင်ကြားစာပေးပို့ခဲ့ သည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သည် ရန်ကုန်မြို့၏ အခြားမြို့နယ်များနည်းတူ လျှပ်စစ်မီး ဖြတ်ချိန်၊ လာချိန် ဇယားပေးထား သော်လည်း မီးဖြတ်ချိန်တွင် အ ပြည့်အဝဖြတ်ပြီး မီးလာချိန်၌ မကြာခဏ ပြတ်တောက်သဖြင့် ယင်းသည် ပြည်သူက အစိုးရအပေါ်ယုံကြည်မှု ပျက်စေနိုင်ကြောင်းဦးအေးနိုင်၏ တိုင်ကြားစာတွင် ဖော်ပြသည်။
ချန်ပီယံလိဂ်ဖလားဆွတ်ခူးရန်လိုဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာဝန်ခံ
တစ်ရာသီတည်း ပြည် တွင်းဖလားသုံးလုံး ဆွတ်ခူးနိုင် သော ပထမဆုံး အင်္ဂလန်ကလပ် အဖြစ် မှတ်တမ်းစိုက်ထူနိုင်သော် လည်း ချန်ပီယံလိဂ်ဖလား ရ၊ မရ က မန်စီးတီးကို လုံးဝအဆုံးအ ဖြတ်ပေးကြောင်း နည်းပြ ဂွာဒီယို လာက ဝန်ခံပြောကြားသည်။ ဝက်ဖို့ဒ်ကို ခြောက်ဂိုးပြတ် အနိုင်ယူပြီး ၎င်း၏လက်ထက် ပထမဆုံး အက်ဖ်အေဖလားရရှိ ပြီးနောက် ဂွာဒီယိုလာ (၄၈)နှစ် က ချန်ပီယံလိဂ်ထက် ပြည်တွင်းဖလားသုံးလုံး (ပရီးမီးယားလိဂ်၊အက်ဖ်အေ၊ လိဂ်ဖလား)က ပိုမိုခက်ခဲသည်ဟု ပွဲပြီးပြီးချင်း ပြော ကြားခဲ့သည်။
အီတလီဘောလုံး ထင်ရှားကျော်ကြားသူများခန်းမဆောင်တွင် ဂျူဗင်တပ်နည်းပြ ဂုဏ်ပြုခံရ
နီပေါ တောင်တက်လမ်းပြတစ်ဦး ဧဝရက်တောင်ထိပ်သို့ (၂၄)ကြိမ်တက်ရောက်ပြီး စံချိန်သစ်တင်
ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်စတင်
နမ့်ဆန်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု TNLA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်မြို့နယ်တွင် တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ တပ်မတော်ဘက်က TNLA တပ်ဖွဲ့ရှိရာသို့ ထိုးစစ်ဆင်လာ၍ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အနီးတွင် မေလ ၂၀ ရက်နံနက် အစောပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ မေလအတွင်း တပ်မတော်နှင့် TNLA တို့အကြား နှစ်ကြိမ်မြောက် တိုက်ပွဲဖြစ်ပွားသည်ဟု ပါရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ရှမ်းနှင့် ရခိုင်၊ ရန်ကုန်နှင့်စစ်ကိုင်းအသင်းတို့ တွေ့ဆုံ
ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ အ ကြိုဗိုလ်လုပွဲ အဆင့်တွင် ရှမ်းနှင့် ရခိုင်၊ ရန်ကုန်နှင့်စစ်ကိုင်းအ သင်းတို့ ထိပ်တိုက်တွေ့ဆုံနေ သည်။ေ မလ ၁၉ ရက်နှင့် ၂၀ ရက် က သုဝဏ္ဏနှင့် အောင်ဆန်းကွင်း တွင် ယှဉ်ပြိုင်သည့် ရှုံးထွက်ပြိုင် ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ် များ၌ ရှမ်းကဟံသာဝတီကို ၂-၁ ဂိုး၊ ရခိုင်က မကွေးကို ၄-၁ ဂိုး၊ စစ်ကိုင်းက ရတနာပုံကို ၁-၀ ဂိုး တို့ဖြင့် အသီးသီးအနိုင်ရရှိသည်။
တွေ့ဆုံမည့်နေရာ ညှိမရ၍ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ဆွေးနွေးပွဲရွှေ့ဆိုင်း
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)တို့ ဆွေးနွေး ပွဲကို ကျင်းပမည့်နေရာ ညှိနှိုင်းမရ၍ ရွှေ့ဆိုင်းကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက ပြော သည်။ အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့ဆွေးနွေးပွဲကို မေလ ၂၄ ရက်နှင့် ၂၅ ရက်တွင် ကျင်းပရန် သဘောတူထားသည်။ ဆွေးနွေးပွဲကို ပန်ဆန်း (သို့ မဟုတ်) မူဆယ်မြို့၌ ကျင်းပလို ကြောင်း မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့က အဆိုပြုပြီး အစိုးရ က လားရှိုးမြို့၌ ကျင်းပလိုကြောင်းအဆိုပြုရာ ညှိနှိုင်းမရခဲ့ပေ။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သင့်လျော်သည့်အချိန်တွင် ပြည်သူများ ကျေနပ်မည့်အဖြေကို မြန်မာအစိုးရထုတ်ပြန်မည်ဟု တရုတ်သံအမတ်ပြော
မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်၍ မြန်မာပြည်သူများ စိတ် ရှည်ရှည်ထား စောင့်ဆိုင်းရန် လိုအပ်ပြီး မြန်မာအစိုးရက သင့် လျော်သည့်အချိန်တွင် ပြည်သူ များ ကျေနပ်မည့်အဖြေကို ထုတ် ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန် လျန်က ပြောသည်။ေ မလ ၂၁ ရက်က တရုတ် သံအမတ်နေအိမ်၌ ပြုလုပ်သည့် သံအမတ်နှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲ၌ ၎င်းက ယင်းသို့ ပြော ကြားခြင်းဖြစ်သည်။ ‘‘နှစ်နိုင်ငံ ပြေလည်အောင် ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဖြေရှင်းနိုင်ရင် တရုတ်-မြန်မာ ဆက်ဆံရေးက ပိုအောင်မြင်မှာ ပါ။ မြစ်ဆုံကိစ္စကို အကြောင်းပြု ပြီး တရုတ်-မြန်မာ ရင်းနှီးမှုပျက် အောင်လုပ်ရင် အောင်မြင်မှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်’’ဟု တရုတ်သံအမတ်ကပြောသည်။
မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် ချင်းမိုင်ညီလာခံ
လာခံတွင် လိပ်ခဲတည်းလည်း ဖြစ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထပ်မံစိုးရိမ်ဖွယ်ရာ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံကို မေလ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပရာ အပစ်ရပ်အဖွဲ့များအနက် အင်အားအကြီးမားဆုံးနှင့် အစဉ်အလာ အရှိဆုံးဟု သတ်မှတ်ခံ ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ညီလာခံသို့ တင်ပြလာသည့် အဆိုပြုချက်များ ကြောင့် ဖြစ်သည်။
ကုလမဟာမင်းကြီး ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ
မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရောက်ရှိနေပြီး ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင် ဒေသတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင်တွေ့ဆုံသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မေခက ဆက်သွယ်မေးမြန်းထားပါတယ်။အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကမ်းလှမ်း
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဘက်က လာမယ့် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ အနေနဲ့ အဆင်သင့်ရှိနေကြောင်း တအန်း(ပလောင်)အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။ လောလောဆယ်မှာတော့ တွေ့ဆုံဆွေးနွေးမယ့် နေရာကို ညှိနှိုင်းနေဆဲရှိနေပြီး ညှိနှိုင်းလို့ အဆင်မပြေရင်တော့ ဆွေးနွေးမယ့်ရက် ပြောင်းရွှေ့ရမယ့် အခြေအနေ ရှိနေပါတယ်။ ဒီအတောအတွင်း မြန်မာစစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကြား တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
၈၈ ကျောင်းသူ မနီလာသိန်း ဗိုလ်တထောင် ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခံရ
မြန်မာနိုင်ငံ တရားဥပဒေစီရင်ရေး အထက်မှာ စစ်တပ်ရှိနေပြီး တရားရေးမဏ္ဍိုင်ဘက်ကလည်း လွန်ဆန်လို့ မရတဲ့အတွက် ဖမ်းဆီးခံကျောင်းသားတွေ ဖိနှိပ်ခံရမှု အခြေအနေ ပိုပြီး ဆိုးနေကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းက ပြောပါတယ်။
လေ့ကျင့်ရေးမိုင်းနဲ့ မိုင်းအစစ် လွဲမှားသုံးမိပြီး ပေါက်ကွဲမှုဖြစ်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအတွင်း မိုင်းရှင်းလင်းရေးသင်တန်းမှာ လေ့ကျင့်ရေးမိုင်းနဲ့ အစစ် လွဲမှားသုံးမိလို့ ပေါက်ကွဲမှုဖြစ်ပြီး တပ်မတော်သား သင်တန်းဆရာ တစ်ယောက် အပါအ၀င် သင်တန်းသား ရှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ သင်တန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်တာ မှန်ကန်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနည်းငယ်သာ ရရှိကြတာဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနဲ့ ဒဏ်ရာရသူတွေကို မန္တလေးအထွေထွေရောဂါကုဆေးရုံကို ပို့ဆောင် ထားကြောင်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် က RFA အတည်ပြုပြောပါတယ်။ဥတ္တရသီရိမြို့နယ်တွင် ယာဉ်ကျော်တက်ရာမှ နောက်တံခါးပြုတ်ထွက်ကာလူတစ်ဦး သေဆုံး
နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ လဲဝန်းကျေးရွာနေပြည်တော်-တောင်တွင်းကြီးလမ်းမိုင်တိုင် ၃၀/၆ နှင့် ၃၀/၇ ကြားတွင် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်ကFAW ကားယာဉ်မှ ထွန်စက်အားကျော်တက်ရာနောက်တံခါးဂျက်ပြုတ်၍ ထွန်စက် မောင်းနှင်လာသူအားထိမိကာနေရာ၌ အမျိုးသားတစ်ဦး နေရာတွင်သေဆုံးကြောင်းသိရသည်။ နေပြည်တော်မှတောင်တွင်းကြီးဘက်သို့ မင်းကုန်းကျေးရွာတွင် နေ မောင်ကိုကိုဦး၊ (၂၅)နှစ် ဥတ္တရသီရိမြို့နယ်၊ မောင်းနှင်လာသော FAW အမျိုးအစားအပြာရောင်ယာဉ်သည် လ
တီးတိန်မြို့နယ်တွင် မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျယာဉ်ပေါ်လိုက်ပါသူ လေးဦးသေဆုံး
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာအနီး တီးတိန် -ရိဒ်သွားကားလမ်း မိုင်တိုင် (၇/၁)နှင့် (၇/၂)အကြားတွင် မေ ၂ဝရက် နံနက် ၅နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ လေးဦးသေဆုံးကြောင်းသိရသည်။ သတင်းအရ တီးတိန်မြို့နယ် ယာယီရဲမှူးခင်မောင်ဌေး၊ ဒုရဲမှူးမောင်လွင်နှင့်အဖွဲ့၊ လမ်ဇန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂင့်ထွန်းပေါင်နှင့်အဖွဲ့တို့ အခင်းဖြစ်သည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့်သားဖြစ်သူအား ပထွေးဖြစ်သူ မှ ဓားထိုးမှုဖြစ်ပွား
ကော့သောင်းမြို့၊ လိပ်ကျွန်းကျေးရွာတွင် မိခင်ဖြစ်သူကိုဆဲဆိုပါးရိုက်သည့် သားဖြစ်သူအားပထွေးဖြစ်သူကဓားဖြင့်ထိုးသည့်ဖြစ်စဉ်တစ်ခု မေ ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာကော့သောင်းမြို့နယ်၊ လိပ်ကျွန်းကျေးရွာနေအိမ်တွင် ဒေါ်တင်နွယ်(၅၀)နှစ်အား သားဖြစ်သူ အိုငယ်(၂၅)နှစ်မှ အိမ်သို့အရက်မူးပြီးပြန်လာကာ မိခင်ဒေါ်တင်နွယ်အား ညစ်ညန်းစွာဆဲဆိုပြီး ပါးရိုက်သဖြင့် ဒေါ်တင်နွယ်၏ ခင်ပွန်း(နောက်အိမ်ထောင်) ဦးကျော်ဌေးမှ ထရံကြားတွင်ထိုးထားသော အရိုးအသွားတစ်ပေခန့်ရှိ ဓားဖြင့်ဝမ်းဗိုက်သို့ တချက်ထိုးလိုက် သဖြင့် အိုငယ် အား ကော့သောင်းခရိုင်ဆေးရုံကြီးတွင်အတွင်းလူနာအဖြစ်တက်ရောက်ကုသလျှက်ရှိကြောင်းသိရသည်။ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဓားဖြင့်ထိုးသူဦးကျော်ဌေး(၄၆)နှစ် အားကော့သောင်းသောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့်ပေး
ဟွာဝေးနဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့် ပေး
ဟွာဝေးနဲ့ အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့် ပေးလိုက်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာနက ဟွာဝေး အနေနဲ့ သူ့ရဲ့ မိုဘိုင်းကွန်ရက်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ သူ့ရဲ့မိုဘိုင်း ဟန်းဆတ်တွေကို ဆော့ဝဲလ် အဆင့်မြှင့် တင်နိုင်ဖို့ အခုလို အချိန် ထပ်ပေးလိုက်တာပါ။
ဟွာဝေးနဲ့ အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကုန်သွယ်ခွင့် ၃လ ဆက်လုပ်ခွင့် ပေးလိုက်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာနက ဟွာဝေး အနေနဲ့ သူ့ရဲ့ မိုဘိုင်းကွန်ရက်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ သူ့ရဲ့မိုဘိုင်း ဟန်းဆတ်တွေကို ဆော့ဝဲလ် အဆင့်မြှင့် တင်နိုင်ဖို့ အခုလို အချိန် ထပ်ပေးလိုက်တာပါ။
ဘိလပ်မြေစက်ရုံ ကန့်ကွက်လို့ တရားစွဲခံရတဲ့ အောင်သပြေရွာသားတချို့ကို ဖမ်းဖို့ ရဲက ရွာထဲဝင်ရှာ
Alpha ဘိလပ်မြေ စက်ရုံစီမံကိန်းကြောင့် အောင်သပြေကျေးရွာက တရားစွဲဆိုခံထား တဲ့ရွာသားအချို့ကို (မေ ၂၁) ရက်နေ့ မနက် အစောပိုင်းမှာ ဖမ်းဆီးဖို့ အရပ်ဝတ်အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ရှာဖွေခဲ့တယ်လို့ အောင်သပြေ ကျေးရွာမှာ နေထိုင်သူတချို့က ဘီဘီစီကိုပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေ ကျေးရွာ အနီးမှာ ဆောက်လုပ် လည်ပတ်လျက် ရှိတဲ့ မြင့်ကုမ္ပဏီပိုင် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့နဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဖမ်းထားတဲ့ တောင်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ ကျေးရွာသူ ကျေးရွာသားတွေက မေလ ၁၄ ရက်နေ့စပြီး ကျေးရွာအဝင်လမ်းကို ပိတ်ပြီး ဆန္ဒပြခဲ့ကြတာပါ။အမေရိကန် အမည်မည်းစာရင်း သွင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို တရုတ် Huawei ကုမ္ပဏီပယ်ချ
တရုတ် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Huawei ကုမ္ပဏီဟာ အမေရိကန် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှု တခုဖြစ်တယ်ဆိုပြီးတော့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သွင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီ တည်ထောင် သူက ပယ်ချလိုက်ပါတယ်။
အမျိုးသမီးရေး မဟာဗျုဟာ အားနည်းချက် WLB ထောက်ပြ
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် မဟာဗျူဟာ စီမံကိန်းတွေ ချမှတ်ထားပေမဲ့လို့ တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းသလို ရှင်းလင်းတိကျတဲ့ တာဝန်ယူဆောင်ရွက်မှုတွေ လမ်းညွန်ချမှတ်ထားတာ မရှိဘူးလို့ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဝေဖန်လိုက်ပါတယ်။ အစိုးရက ချမှတ်လုပ်ဆောင်နေတဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ၁၀ နှစ်တာ မဟာဗျူဟာ စီမံကိန်းကို WLB က လေ့လာသုံးသပ်ပြီး ဒီကနေ့ စာတမ်းတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသုံးသပ်ချက်စာတမ်း မိတ်ဆက်ပွဲကို ကိုယ်တိုင် သွားရောက်သတင်းယူထားတဲ့ ကိုကောင်းစံဟိန်းက အပြည့်စုံ တင်ပြပေးပါမယ်။
တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနဲ့ ပေါက်တောပြင်ကျေးရွာတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ ဒီနေ့မနက် ၄ နာရီခန့်မှာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် တာနေရတယ်လို့ ပြောပါတယ်။ နှစ်ဖက်တပ်တွေ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်လို့ အုတ်ဖိုကန်ကျေးရွာက ဒေသခံ ၃ ဦးခန့် သေဆုံးတယ်လို့ သတင်းတွေထွက်နေပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာ ဟုတ်မှန်ပေမယ့် လူသေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတော့ မကြားရဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
ငါန်းဇွန်က ဆေးခြောက်စိုက်ခင်းအမှု နောက်ထပ်အမေရိကန်နိုင်ငံသား ငါးဦးကို ထပ်တိုးအမှုဖွင့်
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာရှိတဲ့ မြေဧက ၂၀ မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင် စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသား နောက်ထပ် ငါးဦးကို အမှုဖွင့်လိုက်ပြီး ပုဒ်မတချို့ကိုလည်း ပြောင်းလဲလိုက်ပါတယ်။ ဧပြီ ၂၃ ရက်နေ့က ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီနဲ့ 111M ကုမ္ပဏီက အလုပ်သမား ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုး တို့ကို ဒီနေ့ မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံသား နောက်ထပ် ၅ဦးကိုလည်း ထပ်တိုးအမှုဖွင့်လိုက်ပြီး တရားခံပြေးအဖြစ် ကြေညာလိုက်တာဖြစ်ပါတယ်။
တောင်ကြီးမြို့ မိန်းလမ်းက လမ်းမီးတိုင် ဓာတ်ကြိုးခိုးဖြုတ်သူကို ဖမ်းဆီးရမိ
တောင်ကြီးမြို့ ၊ မိန်းလမ်း(ခ) ဗိုလ်ချုပ်လမ်း အထက (၇) ကျောင်းရှေ့အနီးက ဓာတ်မီးတိုင် ဓာတ်ကြိုး ဖြုတ်ခိုးယူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ်(၂) နယ်မြေရဲစခန်းမှ သတင်းရရှိပါတယ်။ အဆိုပါ အထက (၇) ကျောင်းရှေ့ သပြေပင် ပန်းခြံ အတွင်း လမ်းမီးတိုင် ၄ တိုင်က ကေဗယ်ကြိုး မီတာ ၄၀၀ခန့်ကို မေလ ၅ ရက်နေ့က ဖြတ်တောက်ခိုးယူခဲ့တာဖြစ်ပြီးတော့ ဒီလိုဖြစ်ပေါ်ခဲ့တာကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကို က တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်ကြားထားတာပါ။ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာသား တစ်ဦး အသတ်ခံရ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ ကြာညိုပြင် ကျေးရွာသား တစ်ဦး မေလ ၂၀ ရက်နေ့ ည ၆ နာရီအချိန်ခန့်က လုပ်ကြံ သတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ "ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီအမှုဖွင့်မယ်လို့ ပြောပါတယ်။ ဘာပုဒ်မနဲ့ဖွင့်မယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ မိသားစုသဘောထားကတော့ ဘာမှန်းမသိရသေးပါဘူး" ဟု ကြာညိုပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ကြို့ပင်ကောက်မြို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား နေအိမ် ၆၀ဝ ကျော်ပျက်စီး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန်က (၄)ကြိမ်မြောက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု ၂၀ မှ ပြိုလဲအိမ် (၆၂)လုံး၊ နေအိမ် (၅၇၃)လုံး၊ ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆၃၅)စုမှ လေဘေးသင့်ပြည်သူ(၂၁၉၉)ဦး လေးဘေးဒုက္ခခံစားနေရပေမယ့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ ကြို့ပင်ကောက်မြို့တွင် မတ်လတွင်(၁)ကြိမ်၊ ဧပြီလတွင်(၁)ကြိမ်နှင့် မေလအတွင်း ယခုအကြိမ်အပါအဝင် (၇)ကြိမ် စုစုပေါင်း လေပြင်းတိုက်ခတ်မှု(၉)ကြိမ်ဖြစ်ပွားခဲ့ရာ စုစုပေါင်းအိမ်ခြေ (၁၀ဝ၀)ကျော် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
Subscribe to:
Posts (Atom)


