
“ ပြင်သစ်ဟာ ပြင်သစ်လူမျိုးတွေ အပိုင်မဟုတ်ဘူး။ လူတိုင်း ဒီမှာနေဖို့  အခွင့်အရေးရှိတယ်” လို့  ဆန္ဒပြသူတွေထဲက တစ်ဦးက လော်စပီကာကနေ အော်ခဲ့ပါတယ်။ ယခု ဆန္ဒပြပွဲကို ရွှေ့ ပြောင်းအခြေချ ထောက်ပံ့ကူညီရေးအုပ်စု La Chapelle Debout က စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ လနဲ့ ချီကြာနေပြီဖြစ်တဲ့ ၀တ်စုံဝါ အစိုးရဆန့် ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ယခု ဆန္ဒပြမှုကို ၀တ်စုံနက် ဆန္ဒပြမှုလို့ ၎င်းတို့ အဖွဲ့ ဝင်တွေ မှည့်ခေါ်ခဲ့ကြတာဖြစ်ကြောင်း စီစဉ်သူတွေက ဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေက ၄င်းတို့ အတွက် တရားဝင် စာရွက်စာတမ်းတွေ ရရှိရေး၊ ခိုလှုံခွင့် မူဝါဒတွေနဲ့ ပတ်သက်လို့  ၀န်ကြီးချုပ် ဖီးလစ်နဲ့ တွေ့ ဆုံဆွေးနွေးခွင့်ရရေး၊ ၄င်းတို့ အပေါ် ဘဏ္ဍာရေးဆိုင်ရာ၊ ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ သို့ မဟုတ် နိုင်ငံရေးဆိုင်ရာတွေနဲ့  ဆက်စပ်ပြီး ပြည်နှင်မှုတွေ ရပ်တန့် ရေး တောင်းဆိုဖို့ အတွက် ပြင်သစ်လေကြောင်းလိုင်း ခေါင်းဆောင်တွေနဲ့  တွေ့ ဆုံဆွေးနွေးခွင့်ရရေး တောင်းဆိုခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ပြင်သစ်လေကြောင်းလိုင်း ကိုယ်စားလှယ်အဖွဲ့ တစ်ခုက ဆန္ဒပြလူအုပ်နဲ့  တွေ့ ဆုံခဲ့ကာ လေဆိပ်စီမံခန့် ခွဲရေးဆိုင်ရာ နစ်နာဆုံးရှုံးရမှုတွေကို အစီရင်ခံသွားမယ်လို့  ဆိုခဲ့ပါတယ်။ လေဆိပ် အော်ပရေတာ Aeroports de Paris ကတော့ ယခု ဆန္ဒပြမှုကြောင့် လေကြောင်းပျံသန်းမှုတွေအပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။
No comments:
Post a Comment