
မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ၈ ကြိမ်မြောက် ပူးတွဲရေတပ်ကင်းလှည့်ရေးအစီအစဉ်ကို မေလ ၂ဝ ရက်နေ့ကနေ ၂၈ နေ့ထိ ပြုလုပ်ဖို့ မနေ့က စတင်လိုက်တယ်လို့ နယူးဒေလီကလာတဲ့ သတင်းတပုဒ်မှာ ဒီနေ့ဖော်ပြထားပါတယ်။ မြန်မာ့တပ်မတော် (ရေ) ဘက်က တပင်ရွှေထီးနဲ့ အင်းလေး စစ်သင်္ဘောတို့ အတ်ဒမန်ကျွန်းက Blair ဆိပ်ကမ်းကို မနေ့ကရောက်လာပြီး ဖွင့်ပွဲကျင်းပကြတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယဘက်က ဆာယုစစ်သင်္ဘောပါဝင်မှာဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာစစ်သင်္ဘောတွေဟာ နှစ်နိုင်ငံ ပင်လယ်ရေနယ်နိမိတ်ကြားက ၇၂၅ ကီလိုမီတာကို လေးရက်ကြာလှည့်လည်မယ်လို့ သိရပါတယ်။
No comments:
Post a Comment