
“အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာ၊ ယာဉ်ပေါ်ပါသူ နှစ်ဦးတော့ ဘာမှမဖြစ်ဘူး၊ ဒီနေရာက အခုလိုမျိုး ခဏခဏဖြစ်တတ်တယ်၊ တာလေ ဘက်ကနေ မိုင်းဖြတ်ဘက် အသွားမှာ အခုလို အဖြစ်များတာ၊ လမ်းကလည်း အကွေ့မို့”ဟု ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာတွင် သွားရောက် ကူညီပေးသည့် တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစုမှ ဦးငြိမ်းသောင်က တာချီလိတ်သတင်း အေဂျင်စီသို့ပြောသည်။
တာလေမှ မိုင်းဖြတ်သို့သွားရာ လမ်းပေါ်ရှိ အဆိုပါ ကျွန်းတောအကွေ့တွင် မိုင်းဖြတ် ဘက်မှ တာလေသို့ လာသည့် ယာဉ်များမှ မစိုးရိမ်ရသော်လည်း တာလေ မှ မိုင်းဖြတ်သို့ သွားသည့် ယာဉ်များအနေဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု မကြာခဏ ဖြစ်တတ်သည့်အတွက် သတိထားမောင်းနှင်ရန် လိုအပ်ကြောင်း သိရှိရသည်။
No comments:
Post a Comment