Pages
Wednesday, May 22, 2019
အိန္ဒိယနိုင်ငံ လွှတ်တော်အမတ် ခြုံခိုသတ်ဖြတ်ခံရ
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ပြည်နယ်မှာ လွှတ်တော်အမတ်တဦးကို သူပုန်ုတွေလို့ ယူဆရသူတွေက ခြုံခိုတိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ အမျိုးသားပြည်သူ့ပါတီက ဥပဒေပြု လွှတ်တော်အမတ် တီရွန်အာဘိုး နဲ့ သူ့ရဲ့ဆွေမျိုးတွေ၊ ပါတီဝင်တွေ အဖိုးရဲ့ မဲဆန္ဒနယ်ကို သွားရောက်ကြစဉ်အတွင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက တောတောင်ထူထပ်ရာနေရာတွေမှာ ခိုအောင်းနေကြပြီး၊ အိန္ဒိယ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရွေးကောက်ပွဲအပြီး မဲတွေမရေတွက်မီ နှစ်ရက်အလိုမှာ အခုလို တိုက်ခိုက်မှုပေါ်ပေါက်ခဲ့တာပါ။ အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရွေးကောက်ပွဲဆိုင်ရာ ၀န်ထမ်းသုံးဦးကိုလည်း သူပုန်လို့ယူဆရသူတွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment