၂၀၁၀-၁၁ က အေစီမီလန် နှင့် စီးရီးအေဖလားရရှိပြီးနောက် ၂၀၁၄ ကစ၍ ဂျူဗင်တပ်သို့ ရောက်လာသော အယ်လီဂရီ သည် ဂျူဗင်တပ်တွင် စီးရီးအေ ဖလား ငါးကြိမ်ဆက်၊ ကိုပါအီတာ လီယာ ဖလားလေးကြိမ်နှင့် စူပါကိုပါ အီတာလီယာဖလား နှစ်ကြိမ်ရရှိခဲ့သည်။
ချယ်လ်ဆီးနှင့် ပီအက်စ်ဂျီ ရောက်ရှိမည်ဟု သတင်းထွက်နေ သူ အယ်လီဂရီကို ဂျူဗင်တပ်နှင့် အီတလီဂန္ထဝင်နည်းပြဟောင်း မာဆယ်လိုလစ်ပီက ဆုချီးမြှင့်ခဲ့ သည်။
‘‘အယ်လီဂရီဟာ စီးရီးအေ ဖလားကို ငါးကြိမ်ဆက်ရရှိတဲ့ တစ်ဦးတည်းသော အီတလီ နည်းပြပါ စုစုပေါင်း ခြောက်ကြိမ် ပေါ့။ ပြီးတော့ ကိုပါအီတာလီယာ ဖလား လေးကြိမ်နဲ့ အီတလီစူပါ ဖလား သုံးကြိမ်ရရှိခဲ့သူပါ။ သူ ဟာ ဆုဖလားပေါင်းမြောက်မြား စွာ ဆွတ်ခူးနိုင်တဲ့ အအောင်မြင် ဆုံး နည်းပြတွေထဲက တစ်ဦးအ ဖြစ် သမိုင်းရေးထိုးခဲ့ပါပြီ။ ဒါ တောင် သူ့အသက်က (၅၁)နှစ်ပဲ ရှိပါသေးတယ်’’ဟု ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
‘‘အီတလီဘောလုံးလောက ရဲ့ သမိုင်းအစိတ်အပိုင်း တစ်ခု ဖြစ်ခွင့်ရလို့ ဂုဏ်ယူပါတယ်’’ဟု အယ်လီဂရီက ပြောသည်။
ထိုအတောအတွင်း ဂျူဗင် တပ်သို့ ရောက်လာမည်ဟု သတင်းထွက်နေသော နည်းပြ အန်ဆယ်လော့တီက နာပိုလီတွင် ပျော်ရွှင်နေကြောင်း ပြောသည်။
၁၉၉၉ မှ ၂၀၀၁ အထိ ဂျူ ဗင်တပ်ကို ကိုင်တွယ်ဖူးသော အန်ဆယ်လော့တီသည် ပြီးခဲ့ သည့်နှစ် မေလက နာပိုလီအသင်း နှင့် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
No comments:
Post a Comment